Pages

Thursday, 25 April 2013

အမေ ဒေါ်စု သိစေချင်ပါသည်..


Sunday, April 21, 2013


အမေတစ်ယောက် တိုင်းပြည်တာဝန်တွေထမ်းဆောင်နေရတာ အရမ်းပင်ပန်းနေပါပြီအမေ။ အမေ့ အသက်အရွယ်နဲ့ အခုလို ပင်ပင်ပန်းပန်း သွားလာလှုပ်ရှားနေရတာ သားတို့ မိဘချင်းကိုယ်ချင်းစာနာပြီး သနားမိပါရဲ့ အမေ့အသက်အရွယ်နဲ့ဆိုရင် အခုလိုသင်္ကြန်ရက်မျိုးမှာ ရိပ်သာဝင်ပြီးတော့ အေးအေး ချမ်းချမ်းအနားယူသင့်ပါတယ် အမေ။ ဒါပေမယ့် တိုင်းပြည်အတွက် အမေ ကမ္ဘာပတ်နေရတုန်းပဲ။ ဂျပန် ခရီးစဉ်မှာ အမေ မြန်မာနိုင်ငံရဲ့သမ္မတ ဖြစ်ချင်တယ်၊ အာဏာလိုချင်တယ်လို့ ပြောခဲ့တာ အမေ မှတ်မိ အုံးမှာပါ။ တခြားနိုင်ငံရေးသမားတွေလို ဝေ့လယ်ကြောင်ပတ်လုပ်မနေဘဲ ပွင့်ပွင့် လင်းလင်း အာဏာ လိုချင် ကြောင်းပြောခဲ့တဲ့အမေ့ကို လေးစားပါတယ်အမေ။ အမေပြောတဲ့စကားမှန်ပါတယ်။

ဘယ်နိုင်ငံရေးပါတီ ခေါင်းဆောင်မဆို နိုင်ငံ့ခေါင်းဆောင်ဖြစ်ချင်ကြမှာ အာဏာလိုချင်ကြမှာပါဘဲ။ ဒါလူ့သဘာဝပါ. ကျွန်တော် တို့လည်း အမေ့နေရာမှာဆို ဒီလိုပဲဖြစ်မှာပါပဲ။

ဒါပေမယ့် အမေရယ် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ အမေ သမ္မတဖြစ်ဖို့ ဝေးနေအုံးမှာ ပါဘဲ။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေတောင် သူ့သားမက်က နိုင်ငံခြားသား ခံယူထားတာနဲ့ ဒုသမ္မတဖြစ်ဖို့ ဝေးခဲ့ရတာ အမေအသိပဲမဟုတ်လား။ အမှန်တော့ ၂၀၀၈ အခြေခံဥပဒေ မှာပါတဲ့ နိုင်ငံတော်အကြီးအကဲအဖြစ်တာဝန်ယူမဲ့သူဟာ
 “ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ”

ဆိုတဲ့ အချက်ဟာ အမေပြောနေသလို အမေတစ်ယောက်ထဲကို ရည်ရွယ်ပြီးရေးထားတာ မဟုတ်ပါဘူး။

၁၉၄၇ ခုနှစ် အမေ့ရဲ့အဖေ ကျွန်တော်တို့ရဲ့အဖိုး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးဆွဲ ထည့်သွင်းခဲ့တဲ့ အချက်တွေပါ။ အဖိုးဗိုလ်ချုပ်လည်း အဲ့ဒီတုန်းက အမျှော်အမြင်ကြီးစွာနဲ့ တိုင်းပြည်အတွက် ရေးဆွဲခဲ့တယ်လို့ပဲထင်ပါတယ်။ အဖိုးဗိုလ်ချုပ် အောင်ဆန်းအနေနဲ့လဲ အမေ့ကိုအခုလိုမျိုး နိုင်ငံခြားသား တစ်ယောက်နဲ့ အိမ်ထောင်ကျလိမ့်မယ်လို့ တွေးမိခဲ့ပုံမပေါ်ပါဘူး။

တစ်ခါတစ်လေတော့လဲ အမေရယ် ကျွန်တော်တို့အမေ့ကို ဂရုနာဒေါသဖြစ်မိ တယ်။ ဘာကြောင့် နိုင်ငံခြားသားနဲ့ယူခဲ့လဲပေါ့။ ဒါပေမယ့် အမေရယ် ဒါတွေက ပြန်ပြင်လို့လဲမရတော့ပါဘူး။ အမေပြောခဲ့တဲ့ စကားတစ်ခုကို မှတ်မိပါသေးတယ်။ နိုင်ငံခြားမှာနေဖြစ်လို့ နိုင်ငံခြားသားနဲ့ရတာပါ ဆိုတဲ့စကားလေ။

အမေသာ နိုင်ငံခြားသားနဲ့သွေးမနှောခဲ့ဘူးဆိုရင် ၂၀၁၅မှာ အမေ့ကို နိုင်ငံတော်သမ္မတကြီး ဒေါ်အောင်ဆန်း စုကြည် အနေနဲ့တွေ့ရမှာပါ။
တစ်ခုတော့ သားတို့ပြောချင်ပါတယ်အမေ။

အမေ့အနေနဲ့နိုင်ငံခြားသားနဲ့သွေးနှောခဲ့လို့ အခြေခံ ဥပဒေအရ သမ္မတ မဖြစ်ထိုက်ဘူးလို့ဆိုထားပေမယ့် သားတို့ကတော့အမေ့ကို သမ္မတ တစ်ယောက် အဖြစ် လက်ခံနိုင်ပါတယ်အမေ။ ဒါမေမဲ့ အဲ့ဒီလိုလက်ခံတာ အမေဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ထဲ အတွက်ပါ။ တစ်ကယ်လို့များ အမေ သမ္မတဖြစ်နိုင်အောင် အခြေခံဥပဒေကိုပြင်နိုင်ခဲ့ရင် နောက်လာမဲ့ အကျိုးဆက်ကတော့မတွေးရဲစရာပါပဲအမေ။

အမေ့ကိုနိုင်ငံခြားသားနဲ့ သွေးနှောထားပြီး သားသမီးတွေ နိုင်ငံခြား သားဖြစ်နေ တာတောင် သမ္မတဖြစ်သေးရင် တခြားသူတွေလဲ ဘာကြောင့် မဖြစ်နိုင်မှာလဲဆိုပြီး နိုင်ငံခြားသားခံယူတဲ့ မိုးသီးဇွန်လိုကောင်တွေ မွတ်ဆလင်နိုင်ငံက အထောက်အပံ့တွေအများကြီးရနေတဲ့ မွတ်ဆလင်ကုလားတွေ စတဲ့စတဲ့ ပြည်ပနဲ့အဆက်အသွယ်မကင်းတဲ့သူတွေ သမ္မတဖြစ်ဖို့ ကြိုးစားလာကြ တော့မယ်အမေ။

 မုတ်ဆိတ်ဖွားဖွားနဲ့ ကုလားတွေက သူတို့လဲ အခြေခံဥပဒေအရ သမ္မတ ဖြစ်ခွင့်ရှိတယ် ဆိုပြီး တောင်းဆိုလာကြတော့မယ်အမေ။ သားတို့အနေနဲ့ အမေအောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတ တစ်ယောက်အဖြစ် လက်ခံနိုင်ပေမယ့် အခြေခံဥပဒေပြင်လိုက်ရင် နောင်နှစ်ပေါင်းများစွာမှာ ဖြစ်လာမဲ့ အကျိုးဆက်တွေကိုတော့ လက်မခံနိုင်ဘူး အမေ။

ဒါကြောင့် အမေဒေါ်စုကို သားတို့ရဲ့ခံစားချက်ကိုသိစေချင်တာကတော့ အမေဒေါ်စုသမ္မတဖြစ်ချင် တာကိုနားလည်ပါတယ်။ အမေဒေါ်စု သမ္မတဖြစ်ရင် အနောက်အုပ်စုက အကူညီတွေအများကြီးရထားပြီး နိုင်ငံတိုးတက်လာမှာကိုပဲ တွေ့မြင်ချင်ပါတယ်။

အမေဒေါ်စုကိုလဲ သမ္မတတစ်ယောက် အဖြစ်လက်ခံနိုင်ပါ တယ်။ ဒါပေမဲ့ အမေရယ် ကျွန်တော်တို့နိုင်ငံရဲ့နောင်ရေးကိုကြည့်ပြီးတော့ အမေရဲ့အဖေ ကျွန်တော်တို့ရဲ့ အဖိုး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးဆွဲထားတဲ့ အခြေခံဥပဒေမှာပါတဲ့အချက်တွေကို ပြင်ဖို့ မကြိုးစား ပါနဲ့လို့ တောင်းပန်ချင်ပါတယ်။


ပုဂံသား

5 comments:

  1. ပုဂံသားရေးသားထင်မြင်ချက်ကိုထောက်ခံပါတယ် အနောက်တံခါးစောင့်

    ReplyDelete
  2. ထီ လာေ မာင်25 April 2013 at 07:51

    ကိုယ့်အမျိုးကိုယ် မ စော င့် ပဲ ကုလား ဖြူ နဲ့ယူ ပြီး မှသမတ ဖြစ် ခြင် တယ် ဆို တာ ပြော တောင် မပြောသ င့် ဘူး လို့ ထင် ပါ တယ် ခင် ဗျား တယော က် ကြောင့် နိုင် ငံ နဲ့လူ မျိုး မ ပျော က် စေ ချင် ပါ ဘု န်း ကြီး ကို ခင် ဗျား အ မျိုး ကုလားေ တွ သ တ် တုံး က အ သံ မ ထွ က် ပဲ နဲ့ ကု လားေ တွ ကို ဂ ရု ဏာ သက် ပြီး မြ န် မာ ပြ ည် က ဘယ် မှ မသွား တ တ်ဘူး သူ တို့ ရဲ့ အ မိ မြေ ပါ လို့ ခင် ဗျား ပါး စ ပ် က ပြော ရ က် လို က် တာ နာ နီ စု ရယ် ခင် ဗျား ဘာ သာ မွ တ် ဆလင် ထဲ ဝင် ပြီး ကုလား မ လုပ် ချင် လုပ် ကျုပ် တို့ နိုင် ငံ သားေ တွ က အ မျိုး ဘာ သာ ကို အစွ မ်း ကု န်ကာ ကွ ယ် ပြီး နို င် ငံ ရန် သူေ တွ ကို ပြ တ် ပြတ် သား သား ချေ မှုန်း သွား ရ မှာ ပဲ

    ReplyDelete
  3. မှန်လိုက်တဲဝေဖန်မူပါ ။

    ReplyDelete
    Replies
    1. ကမ္ဘာကျော်1 June 2013 at 23:39

      ဒီနေ့မနက်သုဝဏမှာလုပ်တဲ့သမ၀ါယမနဲ့ပတ်သတ်တဲ့သမ္မတ
      မိန့်ခွန်းပြောပွဲကိုလူတဦး2000ကျပ်စားစရာ1000ဖိုးပေးပြီးလက်သိပ်ထိုး
      ခေါ်သွားပါတယ်။သမ၀ါယမကအကုန်အကျခံတာတဲ့ကျွန်တော်တောင်ကပ်စား
      လိုက်ရသေးတယ်။
      .........?

      Delete
    2. ကမ္ဘာကျော်1 June 2013 at 23:42

      ဒီနေ့မနက်သုဝဏမှာလုပ်တဲ့သမ၀ါယမနဲ့ပတ်သတ်တဲ့သမ္မတ
      မိန့်ခွန်းပြောပွဲကိုလူတဦး2000ကျပ်စားစရာ1000ဖိုးပေးပြီးလက်သိပ်ထိုး
      ခေါ်သွားပါတယ်။သမ၀ါယမကအကုန်အကျခံတာတဲ့ကျွန်တော်တောင်ကပ်စား
      လိုက်ရသေးတယ်။
      .........?

      Delete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်