Pages

Wednesday, 17 April 2013

အိုဘားမားထံ လိပ်မူပေးပို့သည့်စာတွင် အဆိပ်ဆီတစ်မျိုး တွေ့ရှိရ”



အမေရိကန်သမ္မတ ဘာရတ် အိုဘားမားထံသို့ လိပ်မူပေးပို့သော စာတစ်စောင်တွင် မင်္သကာဖွယ်ရာ တွေ့ရှိခဲ့ရကြောင်း အမေရိကန် Secret Service က ပြောကြားသည်။ အဆိုပါစာတွင် ricin ဟုခေါ်ဝေါ်သည့် အဆိပ်ဆီတစ်မျိုး ပေကျံနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ ထိုအဆိပ်ဆီမှာ ကြက်ဆူပင် (castor oil plant) ၏ ကြက်ဆူစေ့မှ ထွက်ရှိသော အဆိပ်ဆီဟုဆိုသည်။

ထိုအတောအတွင်း အမေရိကန်လွှတ်တော် အဆောက်အအုံ Hart Senate Office တွင်လည်း မင်္သကာဖွယ်ရာ စာအိတ်တွေ့ရှိရမှုအပေါ် ရဲတပ်ဖွဲ့ အရေးယူဆောင်ရွက်နေကြောင်း AFP တွင် ဖော်ပြသည်။


Planet Myanmar Network

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်