Pages

Tuesday, 30 April 2013

အကြမ်းဖက်မှုများတွင် သူကိုယ်တိုင်ပါဝင်ခဲ့ကြောင်း တရားခံတစ်ဦးက ၀န်ခံ



ဧပြီလ ၂၆ ရက်နေ့ ဘင်္ဂလီလူဦးရေ စစ်ဆေးရေးစာရင်းကောက်သူများအား အကြမ်းဖက်တိုက်ခိုက် မှုများတွင် ပါသူ တစ်ဦးက ရဲစခန်းတွင် ၀န်ခံလိုက်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ ၀န်ခံသူမှာ အီဆု(ခ) လှမြင့် (ဘ)ကျော်မြင့်၊ အသက် ၂၉ နှစ်၊ သက္ကေပြင်ကျေးရွာ ဖြစ်ပြီး

သူ၏၀န်ခံချက်မှာ -
(၁)သူသည် ရိုဟင်ဂျာလူငယ်ခေါင်းဆောင်ဖြစ်ကြောင်း

(၂) သူသည် ထိုနေ့ညကပင် အခြားသော ကျေးရွာများသို့လည်း ဖုန်းဖြင့် အကြောင်းကြားကာ လက်မှတ်မထိုးရန် နှင့် ဆန့်ကျင်ဖျက်ဆီးရန်ပြောဆိုစည်းရုံးခဲ့ကြောင်း

(၃) သူ၏ဖခင် ကျော်မြင့်မှာလည်း ရိုဟင်ဂျာခေါင်းဆောင်အဖြစ် ဦးဆောင်သူဖြစ်ကြောင်းနှင့် ရိုဟင်ဂျာဝန်ကြီးရာထူး အဖြစ် အများကသဘောတူထားသူဖြစ်ကြောင်း

(၄) ပြည်ပမီဒီယာများ၏ လှုပ်ဆော်အားပေးခြင်းကြောင့် ရိုဟင်ဂျာအမည်ကို မက်မောလာ ခဲ့ခြင်းဖြစ်ကြောင်း

(၅) စစ်သားများအား ခဲဖြင့်ပစ်ပေါက်ရာလူ အုပ်ကြီးထဲတွင် သူလည်းပါဝင်ကြောင်း

(၆) ဦးဆောင်သူများစာရင်းတွင် သူလည်း တစ်ဦးအပါဝင်ဖြစ်ကြောင်းနှင့် အခြားသော ဦးဆောင်သူအများ အပြား ပါရှိသေးကြောင်း တို့ကိုထွက်ဆိုလိုက်ပြီဖြစ်ကြောင်းသိရှိရပါသည်။

အဆိုပါ အီဆုတို့အား စစ်တွေမြို့၊ အမှတ်(၁) ရဲစခန်းမှ (ပ) ၉၉/၁၃ ပုဒ်မ-၁၄၈/၃၃၃/၃၈၂/၅၀၆ တို့ဖြင့်အမှုဖွင့် တရား စွဲဆိုထားကြောင်းသိရသည်။

သူ၏မှတ်ပုံတင်အမှတ်မှာ AKB -245644
လူမျိုး/ဘာသာ ဘင်္ဂလီ/အီစ္စလာမ်
ပညာအရည်အချင်း - သိပ္ပံဘွဲ့(ရူပဗေဒ) တို့ဖြစ်ကြောင်းသိရှိရပါသည်။

RSV

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်