Saturday, 13 April 2013
ဤသင်္ကြန်ကာလမှာ အကြမ်းဖက် အဖျက် လုပ်ရပ်များကိုလည်း သတိထား ကာကွယ်သွား ကြပါရန် သမ္မတကြီးတိုတ်တွန်
မိမိတို့ ကြိုးပမ်းတည်ဆောက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အပြောင်းအလဲများ အောင်မြင်ဖို့ အတွက် မြန်မာ့ရိုးရာသင်္ကြန်ရက် အနှစ်သာရဖြစ်တဲ့ မေတ္တာတရားကို အခြေခံတဲ့ အေးချမ်းတည်ငြိမ်မှုကို အခိုင်အမာ တည်ဆောက်သွားကြဖို့ တိုက်တွန်း ပြောကြား လိုပါတယ်။
နိဂုံးချုပ်အနေနဲ့ အတာရေသဘင် ပက်ဖျန်းတဲ့ နှစ်သစ်ကူး အတာသင်္ကြန် ကာလမှာ မိဘပြည်သူများ စိတ်နှစ်လုံး အေးချမ်းသာယာစွာ ရှိကြစေဖို့ ကျွန်တော့်အနေနဲ့ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။
တစ်ဆက်တည်းမှာပဲ ပြီးခဲ့တဲ့ နှစ်ဟောင်းက ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခများအပေါ် လူမျိုးရေး၊ ဘာသာရေး ပုံဖော်လိုတဲ့ ပြည်တွင်း၊ ပြည်ပမှ အကြမ်းဖက် အဖျက် လုပ်ရပ်များကိုလည်း ဤသင်္ကြန်ကာလမှာ သတိထား ကာကွယ်သွား ကြပါရန် တိုက်တွန်းအပ် ပါတယ်။
မိဘပြည်သူများ ကျန်းမာချမ်းသာကြပါစေ။
နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်
[(၁၄-၄-၂၀၁၃) ရက်နေ့ နှစ်သစ်ကူး ရေဒီယိုမိန့်ခွန်းမှ]
အမျိုးအစာ
မိန့်ခွန်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်