ထိုကောက်ဆွကြီးဖြင့် အားကုန်လွှဲ၍ ရိုက်ချလိုက်ရာ အုံးခနဲ အသံကြီးနှင့်အတူ ဦးသောဘိတ ခန္ဓာကိုယ်က ဦးတင်မောင်ဝင်းပေါ်ကို ပိကျသွားပါသည်။ ဦးတင်မောင်ဝင်းရော ဦးသောဘိတကပါ “သာစည်ကပါ၊ ဟံဇာကပါ၊ စာအုပ်လာဝယ်တာပါ။ ဘာမျှ မသိရပါဘူး။”ဟု တောင်းတောင်းပန်ပန် မေတ္တာ ရပ်ခံခဲ့ကြပါသည်။
ထိုအချိန်တွင် ဆိုင်ကယ်ဘီလှိမ့်ရုံသာ ဖြေဖြေလေးမောင်းထားပါသည်။ ရှေ့တည့်တည့် လမ်းမကြီးပေါ်တွင် လည်း ကုလားအုပ်ကြီးက ပိတ်ဆို့ထားပါသည်။
ထိုတောင်းပန်နေချိန်မှာပင် ဦးသောဘိတ၏ ဘယ်ဘက်နားထင် လေးခွမှန်သွားပါသည်။ ကျောကုန်းကို တဗုန်းဗုန်း ရိုက်သံကြားနေရပါသည်။ ဓားဖြင့်ခေါင်းကို လွှဲခုတ်လိုက်သည်ကို မြင်လိုက်ရပါသည်။ ဦးသောဘိတ ဘယ်ဘက်ကို ခွေခွေလေး ပြုတ်ကျသွားပါသည်။
ဆိုင်ကယ်ဒေါက်ထောက်ပြီး ဦးသောဘိတကို ပွေ့တင်ပါသည်။ အသက်(၁၃/၁၄)နှစ်အရွယ် ကလေး တစ်ယောက်ပြေးလာပြီး ဦးသောဘိတကို ပွေ့ထူပေးပါသည်။ နာရွက်အထက် နောက်စေ့မှ သွေးတွေ ဒလဟော စီးကျနေပြီး တစ်ကိုယ်လုံး ပျော့ခွေနေရာ လုံးဝတင်လို့ မရတော့ပါ။
ဆိုင်ကယ်ပေါ်တွင် ပွေ့တင်နေစဉ် ဆိုင်ကယ်ကို ဓားနှင့်ခုတ်၊ ခြေနှင့်ဆောင့်ကန်ရာ ရှေ့ဘီးတာယာ ပျက်စီးသွားပြီး၊ လက်ကိုင်နှင့် ရှေ့ပိုင်းလည်း ဓားထိသွားပါသည်။ ဆိုင်ကယ်လည်း လဲကျသွားပါသည်။ ဦးတင်မောင်ဝင်း လှည့်ကြည့်စဉ် ကောက်ဆွကြီးနှင့် ပထမဦးဆုံး ရိုက်သည့်ကုလားကြီးက ငါးဂါလံဆံ့ အဝါရောင် ပုံးတစ်ပုံး ထမ်းလာရင်း “မီးရှို့မီးရှို့”-ဟု အော်ပြေးလာသည်ကို တွေ့လိုက်ရပါသည်
မူရင်းလင့်
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်