Thursday, 18 April 2013
ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကို ထိုင်းဝန်ကြီးချုပ်ဟောင်းမစ္စတာ သက်ဆင်ရှင်နာဝပ် အတာသင်္ကြန်ရေလောင်း
ထိုင်းဝန်ကြီးချုပ်ဟောင်းမစ္စတာ သက်ဆင်ရှင်နာဝပ်ကသင်္ကြန် အကြတ်နေ့ မြန်မာပြည် ကို ရောက်လာ ခဲ့ပြီးတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံတယ်လို့ သူ့ရဲ့
ဖေ့စ်ဘုတ်ခ် မှာ ဖော်ပြထားပါတယ်။
မစ္စတာသက်ဆင်ဟာ တရုတ်ပြည် ဟူနန်ပြည်နယ်ကတဆင့် လေယာဉ်နဲ့ မန္တလေးမြို့ကိုရောက်ရှိ လာတာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ပြင်ဦးလွင်(မြေ မို့)မှာ တွေ့ဆုံကြတာ ဖြစ်ပါတယ်။
မေမြို့က နှစ်တရာကျော် သက်တမ်းရှိ ကိုလိုနီခေတ်ဘုရင်ခံအိမ်တော်မှာ ညအိပ်နားနေခဲ့ပြီး သင်္ကြန်အတက်နေ့မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုအတာရေ ပက်ဖြန်းခဲ့သေးတယ်လို့လည်း မစ္စတာသက်ဆင် ကရေးသားထားပါတယ်။
အမျိုးအစာ
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်