Pages

Saturday, 13 April 2013

ဗုဒ္ဓဘသာဝင်ရွှေမြန်မာများအားဆုံးမခြင်း (နိဂုံးပိုင်း)


အပျော်အပါး



အမျိုးသားရေး ဘာသာရေးကို ကာကွယ်တဲ့နေရာမှာ ငွေဟာ အရေးကြီး သလို အချိန်ဆိုတာလည်း အရေးကြီးပါတယ်။ ပျောက်သွားတဲ့ ပတ္ထမြား ကိုပြန်ရှာလို့ ရနိုင်ပေမယ့် ကုန်လွန်သွားတဲ့ တစ်စက္ကန့်ကိုတော့ ဘယ်လိုနည်း မှ ပြန်ရှာလို့မရနိုင်ပါဘူး။ အချိန်ဟာ ကိုယ်အသုံးချတတ်ရင် အသုံးချတတ် သလောက် တန်ဖိုးရှိပါတယ်။ ဒီလိုတန်ဖိုးရှိတဲ့အချိန်တွေကို အပျော်အပါးတွေ နဲ့ အချိန်မကုန်မိကြဖို့ လိုအပ်ပါတယ်။

အပျော်အပါးကို လိုက်စားနေတဲ့ အချိန်ဟာ မိမိစီးပွားဥစ္စာကို ဖျက်ဆီးနေတဲ့ အချိန်ပဲဖြစ်ပါတယ်။ အပျော်ရဲ့နောက်မှာ အပါးဆိုတာပါ-ပါတယ်။ အပါးဆိုတာ အချိန်ကို ကုန်ပါးခြင်း၊ ကုန်ပါးသွားခြင်းကို ဆိုလိုပါတယ်။ အပျော်အပျက်ဆိုတာလည်း ဒီအတိုင်းပါပဲ။

အပျော်ရဲ့နောက်မှာ အပျက်ဆိုတာ တစ်ခါတည်း ကပ်ပါနေပါတယ်။ လူတစ်ယောက်မှာ အပျော်ဘက်ကို ခုံမင်လာပြီဆိုရင် ပစ္စည်းဥစ္စာမှန်သမျှ ဖျက်စီးဖို့ အကြောင်းဖန်လာပြီလို့သာ မှတ်ရပါမယ်။ အလွန်ပျော်ရာမှ အပျော်လွန်ပြီး ပစ္စည်းဥစ္စာပျက်စီးကြရပါတယ်။

မြန်မာလူမျိုးတွေဟာ အလွန်ပျင်းတတ်ကြတဲ့အတွက် အပျော်ကိုရအောင် ရှာကြပါတယ်။ အပျော်လွန်ကြတဲ့အခါ ပျက်စီးခြင်းကို ရောက်ရပါတယ်။ အပျော်ဆိုတာ အချိန်ကုန်အလုပ်ပျက်ခြင်းရဲ့ အကြောင်းခံဖြစ်ပါတယ်။ အချိန်ပျက်လို့ အလုပ်မဆက်မိတဲ့အခါ ဝင်ငွေမတက် စီးပွားရေးပျက် ကြပါတယ်။

ယခုအချိန်မှာ ဧည့်သည်တခြားလူမျိုးတွေက အိမ်ရှင်တွေဖြစ်ပြီး အိမ်ရှင်မြန်မာတွေက ကျွန်ဖြစ်နေရတဲ့ အခြေနေမျိုးကြုံနေရတာဟာ အချိန်ကုန် အလုပ်ပျက် အပျော်ဖက်ခြင်းကြောင့်သာ ဖြစ်ပါတယ်။ ဒီလိုသာ စီးပွားရေးချွတ်ခြုံကျပြီး တစ်စတစ်စ နိမ့်ကျလာမယ်ဆိုရင် လူမှုရေးတွေမှာ လည်း မျက်နှာငယ်ရမယ်။

လူမှုရေးတွေမှာ မျက်နှာငယ်ရမယ်ဆိုရင် ဘာသာရေးဘက်မှာ လည်း မှေးမှိန်လာမယ်။ အဲဒီအခါ သမီးကိုပေါင်နှံ၊ သားကိုကျွန်ခံစေပြီး တစ်ပြုံကြီး ဒေဝါလီခံရမယ့်ကိန်း ဆိုက်ပါတော့မယ်။ ဒီလိုပြောလိုက်လို့ ဘာသာခြားတွေကို အထင်ကြီးစေတာမျိုးမဟုတ်ဘဲ သီတဂူဆရာတော် ဘုရားကြီးပြောသလို ဧည့်သည်က အိမ်ရှင်ကို ရိုက်ပြီး အိမ်လုမယ့်အနေ အထား မျိုးကြိုးပမ်းနေတဲ့ ဘာသာခြားတို့ရဲ့ ခြေလှမ်းများကို ဥပမာဆောင်ပြီး ပြောပြခြင်းသာဖြစ်ပါတယ်။

ထင်ရှားအောင်ပြောရရင် တစ်ချိန်က မြန်မာနိုင်ငံမှာ စီးပွားရေးချွတ်ခြုံကျခဲ့ ဖူးလို့ ချစ်တီးကုလားတွေထံမှာ ချစ်သမီးတွေပေါင်နှံ သိမ်းပိုက်ခံရတာတွေကို အမှတ်ရစေချင်ပါတယ်။ စီးပွားရေးပျက်စီးမှုကြောင့် အမျိုးဘာသာ သာသနာ ကို ကာကွယ်စောင့်ရှောက်ရမည့်အရေးကို မေ့လျော့ပြီး ဒီအတိုင်းသာ အပျော်အပါးတွေ များနေကြဦးမယ်ဆိုရင် မြန်မာလူမျိုးနဲ့ ဗုဒ္ဓဘာသာတွေ ဟာ အနှေးနဲ့အမြန်တခြားဘာသာ လူမျိုးတွေ လက်ထဲကို ပျော်ဝင်သွားမှာကို စိုးရွံ့မိပါတယ်။

 ဗုဒ္ဓဘာသာမြန်မာလူဦးရေ တဖြည်းဖြည်း ပါး၍ပါး၍သွားပြီး မျိုးတုံးပျောက် ကွယ် သွားခဲ့မယ်ဆိုရင် နောင်လာမယ့် မျိုးဆက်သစ်ရင်သွေးငယ်တို့၏ အနာဂတ်ဟာ ရင်လေးစရာအမှန်ပင်ဖြစ်ပါတယ်။ ဘာသာ သာသနာ လူမျိုးကို ချစ်တယ်၊ ကာကွယ်ချင်တယ်ဆိုရင် အပျော်အပါးနဲ့ အချိန် ကုန်နေခြင်း ကို အထူးရှောင်ကြဉ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

အသောက်အစားအမျိုးဘာသာ သာသနာ ကို ကာကွယ်စောင့်ရှောက် ဖို့အတွက် အပျော်အပါးမမက်ဖို့တင်မဟုတ်ဘူး။ အသောက်အစား မဖက်ဖို့ လည်း အရေးကြီးပါတယ်။ အသောက်အစားကြောင့် စီးပွားရေးပျက်ရုံ တင်မကပါဘူး။ ဘဝပါ ပျက်တတ်ပါတယ်။

လက်ရှိဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ရပ်လုံးကို အထိရောက်ဆုံး ပျက်စီးစေတဲ့ အရာတွေထဲမှာ အသောက်အစားဖြစ်တဲ့ အရက်အမျိုးမျိုးဟာလည်း ထိပ်ဆုံး ကပါဝင်နေပါတယ်။ အရက်ကြောင့် ဗုဒ္ဓဘာသာဝင်အချင်းချင်း အပြန်အလှန်လေးစားချစ်ခင်မှု၊ စည်းလုံးညီညွတ်မှုကို များစွာထိခိုက် ပျက်စီး စေနိုင်ပါတယ်။

 ကျန်းမာရေးဘက်ကကြည့်မယ်ဆိုရင်လည်း အရက်ကြောင့် အသည်းတွေ ကျွမ်း၊ ဝမ်းတွင်းကလီစာတွေကျွမ်း၊ အသဲကင်ဆာဖြစ်ပြီး သေဆုံး သွားကြ တာတွေ၊ နောက်ပြီး အရက်မူးပြီး အေးတဲ့နေရာတွေမှာ အိပ်မိလို့ အအေးပတ် ၊ လေဖြတ်ပြီးသေဆုံးသွားကြတဲ့သူတွေ အများကြီးပါပဲ။
အရက်ဟာ ဘာသာရေးရှုထောင့်ကကြည့်မယ်ဆိုရင်လည်း ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် အဆိပ်ရည်နဲ့ နှိုင်းယှဉ်ပြီး ဟောတော်မူခဲ့ပါတယ်။

 နောက်ပြီး ပစ္စုပ္ပန်တမလွန်နှစ်တန်သော ဆိုးကျိုးတွေကို အမျိုးမျိုးပြပြီး အရေးတကြီးတားမြစ်ထားတဲ့ သုရာမေရယကံကို ကျူးလွန်ခြင်းဖြစ်တဲ့ အတွက် ဘာသာရေးဘက်မှာလည်း အနိမ့်ဆုံးအဆင့် ကိုရောက်သွား တာဖြစ်ပါတယ်။

စီးပွားရေးဘက်ကကြည့်ရင်လည်းနေ့စဉ်အရက်ဖိုးကုန်ရတာက တစ်မျိုး၊ စီးပွားရေးစိတ်မဝင်စားတော့ဘဲ မူးရူးနေလို့ ဝင်ငွေမရှိတာက တစ်မျိုး၊ ကျန်းမာရေးချွတ်ယွင်းလို့ ဆေးဖိုးကုန်ရတာက တစ်မျိုးနဲ့ ရေရှည်မှာ စီးပွားရေးကို များစွာထိခိုက်ပျက်စီးနိုင်ပါတယ်။

တစ်နိုင်ငံလုံး တစ်နှစ်တစ်နှစ်ကို အရက်ရဲ့ ပယောဂကြောင့် သေချင်း ဆိုးနည်းအမျိုးမျိုးနဲ့ သေရတဲ့ ဗုဒ္ဓဘာသာဝင်တွေကို တိတိကျကျ စာရင်းကောက်ပြီး ဖော်ပြမယ်ဆိုရင် ကြောက်ခမန်းလိလိနှုန်းကို တွေ့ရပါလိမ့်မယ်။

လူမျိုးခြား ဘာသာခြားကို ကာကွယ်တဲ့နေရာမှာ ဗုဒ္ဓဘာသာဝင်တွေဟာ မူးရူးနေလို့ လုံးဝမဖြစ်ပါဘူး။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း၊ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ချင်တယ်ဆိုရင် ဒီအရက်အမျိုးမျိုးကို ကိုယ်တိုင်လည်းမသောက်သင့်သလို ရောင်းလည်းမရောင်းချသင့်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်က ဗုဒ္ဓဘာသာဝင်တွေကိုလည်း အရက်ကိုလုံးဝ မသောက်သုံးကြဖို့ အရက်ရဲ့ဆိုးကျိုးတွေကို နားလည်သဘောပေါက်အောင် ရှင်းပြပြီး တားမြစ်ပိတ်ပင်ပေးကြဖို့ လိုအပ်ပါတယ်။

အားလုံးသိတဲ့အတိုင်း မြန်မာရာဇဝင်၌ တောင်ငူဘုရင်တပင်ရွှေထီးသည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံ၏။ ဘုန်းတန်ခိုးတေဇော် အာနုဘော်ရှိ၍ အုပ်ချုပ်ရေးစွမ်းရည်တို့နှင့်လည်း ပြည့်စုံ၏။ဤသို့ အရည်အချင်းများစွာ ရှိပါသော်လည်း ထန်းရည်ကို အလွန်ကြိုက်နှစ်သက်သူဖြစ်သည်။ နောင်အခါ မိစ္ဆာဒိဋ္ဌိအယူရှိသူ ဗရင်ဂျီကုလား တစ်ယောက် နှင့်ပေါင်းမိ၍ ထန်းရည်ထက် သာလွန်ယစ်မူးစေသော စပျစ်ဝိုင်ခေါ် စပျစ်နှင့်ပျားရည်ရောစပ်ပြုလုပ်ထား သည့်အရက်ကို သောက်မိပြီးလျှင် အလွန်စွဲလမ်းသွားလေသည်။

မသောက်ရမနေနိုင် ဖြစ်လာသည်။နေ့စဉ် စပျစ်စိမ်ရည်ကို သာ သောက်သုံးမှီဝဲလျက် နေလေတော့သည်။
တပင်ရွှေထီး သည် သေရည်ကိုသာ စွဲစွဲမြဲမြဲသောက်သုံး၍ တိုင်းပြည် အုပ်ချုပ်မှုအဝဝကို လျစ်လျှူရှုထား သည်။ထိုတာဝန်ကို ဘုရင့်နောင်က ယူထားရ၏။ညီတော်သီဟသူ၊စောလကွန်းအိမ်နှင့် သမိန်စောထွက် တို့က တပင်ရွှေထီး၏ သက်တော်စောင့်ရာထူးကို ယူကာ တာဝန်ယူ
 စောင့်ရှောက်နေကြသည်။

ဘုရင့်နောင် ညီတော်သီဟသူနှင့် စောလကွန်းအိမ်တို့ တိုက်ပွဲသွားစဉ် စစ်တောင်းစား သမိန်စောထွတ်သည် လက်ဝဲ၊ လင်္ကျာ ဓားမှူးတို့နှင့် ပူးပေါင်း ကြံစည်၍ တပင်ရွှေထီးမင်းတရား စက်တော်ခေါ်စဉ် လက်ဝဲဓားမှူးက လုပ်ကြံသတ်ဖြတ်သဖြင့် သက်တော်(၃၅)နှစ်အရွယ်တွင် နတ်ရွာစံ ကံတော်ကုန်လေသည်။

ဤသို့လုပ်ကြံခံရခြင်းမှာ သေရည်သေရက်သောက်ခြင်းကြောင့်ဟု ဆိုမည်ဖြစ်သော်လည်း “အရင်းစစ် အမြစ်မြေက” ဆိုသကဲ့သို့ တပင်ရွှေထီးသည် မူလဓာတ်ခံကပင် ရက်စက်တတ်သော ဒုစရိုက် ဥာဉ်ရှိသူ ဖြစ်သည်။သို့အတွက် မိစ္ဆာဒိဋ္ဌိစရိုက်ရှိသော ဗရင်ဂျီကုလားနှင့် လွယ်ကူစွာ ပေါင်းဖော်မိ၍ လူမိုက်လက်သုံး သေရည်ကို အဖော်အဖြစ် စွဲစွဲလမ်းလမ်း သောက်သုံးပေါင်းဖော်မိခြင်းဖြစ်၏။တပင်ရွှေထီးသာ အရက်ကို အဖော်မပြုပါက ယင်းသို့ ဘုန်းလက်ရုံးသတ္တိနှင့် ပြည့်စုံသူကို လုပ်ကြံရန်မဆိုထားဘိ စိတ်ကူးဖြင့်ပင် ကြံစည်ဝံ့မည်မဟုတ်ပေ။ယခုမူ လုမိုက်နှင့်လူမိုက်အဖော်ဖြစ်သော အရက်ကိုပေါင်းသင်းမိသဖြင့် ငယ်ငယ် ရွယ်ရွယ်နှင့်ပျက်စီးရလေသည်။

အိမ်ထောင်ရေးဘက်ကကြည့်မယ်ဆိုရင်လည်း လင်လုပ်သူက အရက်သောက် မူးရူးနေပြီး ဇနီးနဲ့သားသမီးတွေ ရဲ့ စားဝတ်နေရေးကို စိတ်ဝင်စားခြင်းမရှိဘဲ မူးလာရင် ဇနီးနဲ့သားသမီးတွေကို ရိုက်နှက်ညှဉ်းဆဲ တဲ့အတွက် မိသားစုအားလုံး သောကပူလုံး ကြိမ်မီးအုံသလို ဖြစ်ကြပါတယ်။ တစ်ချို့တွေဆိုရင် အရက်ကြောင့် အိမ်ထောင်ရေး အဆင်မပြေမှုတွေဖြစ်ပြီး လင်မယားကွဲကြတဲ့အထိ ဖြစ်ကြရပါတယ်။ ဒါကြောင့်မို့ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတိုင်း အမျိုးဘာသာ သာသနာကိုအမှန်တကယ်ချစ်တယ်။

ကာကွယ်ချင်တယ်ဆိုရင် အဖက်ဖက်က ဆိုးကျိုးတွေကိုဖြစ်စေတတ်တဲ့ အရက်သေစာများကို မသောက်သုံးကြပါနဲ့လို့ အနူးအညွတ်တောင်းပန် ချင်ပါတယ်။


အလောင်းအစား
=============
အမျိုးဘာသာ သာသနာကို ကာကွယ်ဖို့အတွက် အသောက်အစား မဖက်ရုံတင်မကသေးပါဘူး။ အလောင်းအစားမျိုးစုံကိုလည်း မဖက်ကြဖို့ အရေးကြီးပြန်ပါတယ်။ အလောင်းအစားမျိုးစုံဆိုတာ ယခုခေတ် လုပ်စားနေကြတဲ့ ချဲထိုးခြင်း၊ ချဲဒိုင်ခံခြင်း၊ နှစ်လုံးထီထိုး၊ နှစ်လုံးဒိုင်ခံခြင်း၊ ဖဲရိုက်ခြင်း၊ ဖဲဒိုင်ခံခြင်း၊ ဘောလုံးပွဲဒိုင်ခံခြင်းစတဲ့ အလောင်းကစားမျိုးစုံကို ဆိုလိုခြင်းဖြစ်ပါတယ်။အမျိုးဘာသာ သာသနာကို ကာကွယ်ဖို့အတွက် နဲ့ လောင်းကစားမျိုးစုံနဲ့ ဘာဆိုင်သလဲလို့ စောဒက တက်စရာပါပဲ ။

 လောင်းကစားမျိုးစုံဟာ မိသားစုစီးပွားရေးတိုးတက်ဖို့ထက် ပျက်စီးဖို့ကပိုပြီး များပါတယ်။ လောင်းကစားကြောင့် ဆင်းရဲမွဲတေသွားတာ ဘဝပျက်သွား တာပဲရှိပါတယ်။ ချမ်းသာသွားတဲ့ သူတွေကတော့ အတော့်ကိုရှားပါတယ်။
နောက်ပြီး လောင်းကစားမျိုးစုံဟာ ကိုယ့်ဗုဒ္ဓဘာသာတွေအချင်းချင်း တစ်ယောက်အိတ်ထဲကငွေကို တစ်ယောက်က အချောင်နှိုက်ယူဖို့ အပြန်အလှန်ကြိုးစားနေကြခြင်း၊ တစ်ယောက်ပိုင်တဲ့ငွေကို တစ်ယောက်က အလဟသတ်ဖြစ်အောင် အပြန်အလှန်လုပ်နေကြခြင်းဖြစ်ပါတယ် ။

 လောင်းကစားနဲ့ ပတ်သတ်ပြီး ကြံဆ၊ တွက်ကြ၊ ထိုးကြတဲ့အချိန်ဟာ တိုင်းပြည်အတွက်၊လူမျိုးအတွက်၊ ဘာသာအတွက် ကိုယ့်စီးပွားရေးအတွက် ဘာတစ်ခုမှ အကျိုးဖြစ်ထွန်းမလာပါဘူး။ တန်ဖိုးရှိတဲ့ အချိန်တွေနဲ့ အမျိုးဘာသာ သာသနာအတွက် ဖြစ်ပေါ်လာမယ့် အကြံကောင်း၊ ဥာဏ်ကောင်းတွေတောင် ဆုတ်ယုတ်ပျက်စီးစေပါတယ်။

ကိုယ့်ဗုဒ္ဓဘသာသာအချင်းချင်း၊ တစ်ယောက်အိတ်ကပ်ထဲက ငွေကို တစ်ယောက်က အချောင်ရအောင် ဘယ်လိုနှိုက်ရကောင်းမလဲဆိုတဲ့ အကြံအစည်ဟာလည်း မကောင်းတဲ့ အကြံအစည်တွေဖြစ်တဲ့အတွက် လူတစ်ယောက်ရဲ့ ပင်ကိုယ်စွမ်းရည်သတ္တိတွေကို ဆုတ်ယုတ်လျော့ပါး ပျက်စီးစေပါတယ်။

ဒီထက်ပိုပြီးရှင်းအောင်ပြောရရင် ဒီလိုလောင်းကစားမှုမျိုးတွေ ကျူးလွန်နေ ကြတာဟာ ကိုယ့်ဗုဒ္ဓဘာသာအချင်းချင်း တစ်ယောက်ကို တစ်ယောက် မွဲပြာကျအောင် အပြန်အလှန်လုပ်နေကြခြင်း ဖြစ်ပါတယ်။ နှစ်လုံးတိုက် သုံးလုံးတိုက် ဝယ်ရောင်းလုပ်နေကြတဲ့သူတွေဟာလည်း နှစ်ဦးနှစ်ဖက် အပြန်အလှန် မွဲပြာကျအောင်လုပ်ဖို့ သဘောတူစာချုပ်များ ချုပ်နေကြခြင်းနှင့် တူပါတယ်။

ဒီလောင်းကစားမှုမျိုးစုံရဲ့ လက်ချက်ကြောင့် လောင်းကစားလုပ်သူတွေရဲ့ လက်တွေ့ဘဝကိုကြည့်မယ်ဆိုရင်လည်း အလုပ်အကိုင်ပျက်၊ ဆွဲကြိုးပြုတ်၊ လက်စွပ်ပြုတ်၊ အိမ်ပေါင်ခြံပေါင်၊နောက်ဆုံးလမ်းဘေးရောက် ဘဝပျက် တဲ့အထိဆိုတော့ အမျိုး ဘာသာ သာသနာကိုကာကွယ်ဖို့နေနေသာသာ ကိုယ့်ကိုယ်ကိုတောင် အနိုင်နိုင်ရုန်းကန်ရမည့် အနေအထားဆိုတော့ ဗုဒ္ဓဘာသာအတွက် အင်အားလျော့နည်းစေပါတယ်။

နောက်ပြီး လောင်းကစာလုပ်ရာက ရန်ပွဲတွေဖြစ်ပြီး လူသတ်မှုဖြစ်တာတွေ၊ ဖမ်းဆီးအရေးယူခံရပြီး ထောင်ကျခံရတာတွေ၊ စီးပွားရေးအဆင်မပြေဖြစ်ပြီး အိမ်ထောင်ရေး ပြိုကွဲသွားကြတာတွေ၊ ဘုရားပွဲ ကထိန်ပွဲစတဲ့ ဘာသာရေး ပွဲကို အကြောင်းပြုပြီး လောင်းကစားမျိုးစုံလုပ်ခြင်းအားဖြင့် ဘာသာရေးပွဲရဲ့ အနှစ်သာရကို ဖျက်ဆီးခံရတာတွေဟာ ဒီလောင်း ကစားကြောင့်ပင်ဖြစ်၏။

 နောက်ပြီး ဗုဒ္ဓဘာသာဝင်အချင်းချင်း လေးစားချစ်ခင်မှု၊ စည်းလုံးညီညွတ်မှု၊ စီးပွားရေးအဆင်မပြေမှု၊ ဘာသာရေးပျက်စီးယိုယွင်းမှုစတဲ့ မကောင်းတဲ့ လက္ခဏာတွေကို တွေ့ရမှာဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှု ကွဲပြားပြီဆိုလျှင် “နွားကွဲရင် ကျားဆွဲတယ်” ဆိုသလို ဆွဲမည့်ကျားက မြန်မာနိုင်ငံ ထဲကိုရောက်နေပြီဖြစ်၏။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအနေနဲ့ ကိုယ့်ဗုဒ္ဓဘာသာ မြန်မာလူမျိုး အချင်းချင်း တစ်ယောက်ကိုတစ်ယောက် မွဲတေပြာကျအောင် လုပ်နေကြတဲ့ ဒီလောင်းကစားမျိုးစုံသာ ဆက်လက်ရှင်သန်နေဦးမယ်ဆိုရင် အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်တဲ့နေရာမှာ အထူးလိုအပ်ချက် တစ်ရပ်ဖြစ်တဲ့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ဘက်စုံဖွင့်ဖြိုးတိုးတက်ရေး အတွက် အနှောင့်အယှက်ဖြစ်စေတတ်တဲ့ အပျော်အပါး၊ အသောက်အစား၊ အလောင်းကစားများကို မကျူးလွန်မိဖို့ အထူးသတိထားက အမျိုး ဘာသာ သာသနာအဓွန့်ရှည် တည်တံ့အောင် မျက်စိကိုဖွင့် နားကိုစွင့်ကာ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး၊ အားသွန်ခွန်စိုက်နဲ့ နယ်ချဲ့လက်ပါး အမျိုးယုတ်များ၏ရန်ကို တွန်းလှန်ကာကွယ်ကြပါလို့ တိုက်တွန်းလိုက်ရပါသည်။


စာဖတ်သူ အားလုံးသက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီး လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ
(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်