Pages

Saturday, 27 April 2013

အတွေးတစ်စ




ငါလေ စဉ်းစားမိတယ်
ဘာအတွက် လူဖြစ်လာတာလဲ…။

ငါလေစဉ်းစားမိတယ်
ဘာအတွက် ပညာသင်နေရတာလဲ…။

ငါလေ စဉ်းစားမိတယ်
ဘာအတွက် အလုပ်လုပ်နေတလဲ…။

ငါလေ စဉ်းစားမိတယ်
စာဖို့အတွက် လူဖြစ်တာလား၊
လူဖြစ်ဖို့အတွက် စားနေတာလား…။

ငါလေ စဉ်းစားမိတယ်
ငါအတွက်လား
မိဘအတွက်လား
ဆွေမျိုးအတွက်လား
လောကအတွက်လား….။

ငါလေ စဉ်းစားမိတယ်
ငါ့အတွက် ငါလား
အများအတွက် ငါလား
စဉ်းစားရင်း မောဟိုက်
တရေးလောက်တော့ အိပ်လိုက်အုံးမယ်။

တက္ကသိုလ် ပန်သာ (မဂဓ)

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်