Monday, 15 April 2013
သူလဲ လူသားပဲလေ .. မြန်မာ့နှစ်ကူး ဆင်နွဲချင်မှာပေါ့
. အခုလို အခါကြီးရက်ကြီးတွေမှာ တာဝန်ကျနေတဲ့ ပြည့်သူ့ ၀န်ထမ်းတွေ ကို လေးစားပါတယ် ။ သူလို ကိုယ်လို ပျော်ချင်ရှာမှာပါပဲ .. အထူးသဖြင့် ၇န်ကုန်မှာတော့ အရမ်းကို လူရူပ်နေတဲ့နေရာမျိုး ကားရူပ်နေတဲ့နေရာမျိုးတွေမှာ ဒိုင်ခံ ဖြေရှင်းနေရပြီး အမူးသမားရစ်တာတွေ ၊အပေါ်နေ အောက်ကတ္တရာ ပူတာတွေ ရေစိုလိုက် နေပူလိုက်လဲ ၊ ဂရုမစိုက်နိုင်ပဲ အသွားအလာအဆင်ပြေအောင် အသံဝင်နေမလောက် ရှင်းယူရတာ အာ ပေါက်မတတ်ပဲ .. ။
သူများတွေ အဆင်ပြေပြေ ပျော်ဖို့အတွက် အလုပ်ရူပ်ခံပြီး ခေါင်းရူပ်ခံပြီး အပင်ပန်းခံပြီး လုပ်နေရတဲ့ တာဝန်ကျ ပြည့်သူ့ ၀န်ထမ်းတွေ အများကြီးပါပဲ ... ဒီပုံက မီးပွိုင်မှာ ကားရှင်းပြီးအပြန် သူ့ ကင်းတဲထဲမ၀င်ခင် နှစ်သစ်ကို အားရှိပါးရှိ ကြိုဆိုလို်က်ပုံပေါ်ပါတယ် ။
ရုတ်တရက်တွေ့လိုက်လို့ လှမ်းရိုက်လိုက်မိတယ် ။။ သူလဲ လူသားပဲလေ .. မြန်မာ့နှစ်ကူး ဆင်နွဲချင်မှာပေါ့ .. :D ..
I really respect to all of u guy ! .
Ye Aung Thu
အမျိုးအစာ
2013 သင်္ကြန်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်