ဘင်္ဂလာဒေခ်ျ့ နိုင်ငံရဲ့  အတိုက်အခံဖြစ်တဲ့ (BNP) ပါတီ ဂျာမာယတ် အီစလမ်ပါတီနှင့် ဟက်ဖါဇို့အီစလမ်အဖွဲ့ ဆိုပီး အသစ်ပေါ်လာခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ လူပေါင်းသိန်းကျော် ခရီးရှည်ချီတက်ဆန္ဒပြပြီး (၁၃)ချက်ပါ အဆိုတခုကို တောင်းဆိုခဲ့ရာ ယင်းအဆိုများကို ဘင်္ဂလာနိုင်ငံအစိုးရနဲ့ နိုင်ငံသားတွေ လုံးဝမထောက် ခံကြောင်း ကန့်ကွက်ပြီး အကြမ်းဖက်သူတွေကို တုတ်ကိုတုတ်နဲ့ တန်ပြန်ထိုးနှက်ဖို့ ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ ရာ ရက်သတ္တတပတ်နီးပါး ကြာမြင့်ခဲ့ကြောင်း ဘင်္ဂလာရုပ်/သံ သတင်းများအရ သိရသည်။
နှစ်လကျော်ကြာမြင့်ပီး အစွမ်းရောက်တွေ သစ္စာဖေါက်တွေ သေဒါဏ်ပေးရေး ပါတီဖျက်သိမ်းရေး အေးချမ်း စွာတောင်းဆို ဆန္ဒပြနေတဲ့ ခေတ်ပညာတတ် လူငယ်တွေနဲ့ အမျိုးသမီးအဖွဲ့ကြီးတွေက အဆိုပါတောင်းဆို တဲ့အချက် (၁၃) ချက်ကို လုံးဝကန့်ကွက်ကြောင်း လိုအပ်ပါက ဘင်္ဂလီအမျိုးသမီးထု သိန်းပေါင်း များစွာ လမ်းမပေါ်တက်ပြီး ဆန္ဒပြကြမှာဖြစ်ကြောင်း ကြေညာတယ် လို့ဆိုပါတယ်
။နှစ်လကျော်ကြာမြင့်လာတဲ့ ဆန္ဒပြပွဲတွေမှာ အစိုးရတရားဝင်သေဆုံးသူ ရာဂဏန်းနီးပါး ဖေါ်ပြ ထားသော်လည်း တခြားတဖက်မှ ထောင်ဂဏန်းထိ သေဆုံးကြောင်း အဆောက်အဦးတွေမီးစွပ်စွဲချက်တွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။
ပိတ်ထားတဲ့ ကုန်း၊ရေ၊လေ လမ်းတွေပြန်ဖွင့်တာနဲ့ ကနေ့ ညနေ လက်ရှိ အာဏာရပါတီဝင်တွေ လွတ်လပ်ရေး ကာလက သစ္စာဖေါက် အလိုတော်ရိတွေကို သေဒါဏ်ပေးဖို့ တောင်းဆိုဆန္ဒပြပွဲတခုကို လမ်းအနီး မှာရှိတဲ့ ဗလီမှာတပ်ဆင်ထားတဲ့ လော်စပီကာမှတဆင့် မော်လဝီဆရာတွေက အာဝါမီလိခ် ပါတီဝင်တွေ ဗလီတွေကို ဖြိုဖျက်နေကြပါပြီလို့ လှမ်းအော်လိုက် တာကြောင်း ဆန္ဒပြလူအုပ်ကို ဘာသာရေး အစွမ်းရောက်တွေ ဝင်ရောက် သတ်ဖြတ်မီးရှို့ ဖျက်ဆီးကြရာ ကား ဆိုင်ကယ်တွေနဲ့ လူရာကျော် ဒါဏ်ရာ အနာတရဖြစ်ပီး သုံးယောက်ပွဲချင်းပီး သေဆုံးတယ်လို့ ရုပ်သံတွေမှာ ဖေါ်ပြနေပါတယ်။ အစိုးရပါတီဝင်တွေ ဖက်က ပျောက်ဆုံးသူ (၁၆) ဦးဖြစ်ကြောင်း ပြောဆိုနေပါတယ်။
အစိုးရနဲ့ ဘင်္ဂလာပြည်သူတွေဟာ အလိုတော်ရိတွေကို တရားစီရင်ရေး သေဒါဏ်ပေးရေးတောင်ဆို ရာကနေ နှစ်လနီးပါး ဆက်တိုက် အကြမ်းဖက် မှူတွေ ဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော်ဝင်ငွေ ပြည်သူတွေ စီးပွါးရေးတွေ အားလုံး ကမောက်ကမ ဖြစ်ခဲ့ကြောင်း သိန်းရာပေါင်းများစွာ ငွေတွေနစ်နာခဲ့ကြောင်းနဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် သင်္ကြန်ကာလကို ဗိုလ်မင်းထောင်(ဘန်ဒရိုဘန်) သက်ထောင်(ရင်္ဂါမတီ) ပလံထောင်(ခါ့ခရာဆိုရီ)စတဲ့ နေရာတွေကို ဆန္ဒပြနေမြေမှ ကင်းလွတ်ခွင့် ပေးထားကြောင်း လည်း ပြောပြသွားပါတယ်။
လက်ရှိဘာသာရေးအစွမ်းရောက် ပါတီဝင်တွေက အစိုးရနဲ့ ခေတ်ပညာတတ် လူငယ်မျိုးဆက်သစ်တွေ အပါအဝင့် မီဒီယာ ပြည်သူရဲတွေ ဟိန္ဒူဘာသာ ဝင်တွေရဲ့ ဘာသာရေး အဆောက်အဦးတွေကို တိုက်ခိုက်နေရာမှ ဗလီဆရာများ ဗလီလော်စပီကာနဲ့ လှုံဆော်မှူဟာ ဘင်္ဂလီအချင်းချင်း သွေးချောင်း စီးစေမှူကို ဆက်လက်ရပ်တန့်ဖို့ အလွန်တရာခက်ခဲနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်နေ သူတွေကပြောဆိုပါတယ်။
လွန်ခဲ့တဲ့ ရက်က အာမာရ်ဒေခ်ျ့ (ငါ့နိုင်ငံတော်)သတင်းစာ အေဒီတာကို ဘာသာရေးသွေး ထိုးလှုံဆော် ရေးသားမှူနဲ့ ဖမ်းဆီးလိုက်ရာ တရားခံဖြစ်သူက မိမိအား နိုင်ငံခြားမှ ဖိအားပေးမှူကြောင်း ရေးသား တာဖြစ်တယ်လို့ ဝန်ခံခဲ့ ပါတယ်။ပန်းဝါဗုဒ္ဓဘာသာကျောင်း ဘုရားစေတီတွေကို မီးရှို့ ဖျက်ဆီးပြီး ကတည်းက အစိုးရမှ ဗုဒ္ဓအဆောက်အဦးတွေကို အထူးကာကွယ်နေကြောင်း သတင်းတွေက ထုတ်လွှင့်နေပါတယ် ။ယ္ခုအခါ ဘင်္ဂလားဒေခ်ျ့ အစိုးရနဲ့ အတိုက်အခံပါတီဝင်တွေအကြား ပြည်တွင်းစစ်ဖက်ကို ဦးတည်နေပြီ လား(သို့) ဘာသာရေးအစွမ်းရောက်တွေကျဆုံးတော့မှာလားဆိုတာ စောင့်ကြည့်ရ မှာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။
ခိုင်ဥက္ကာပျံ(လေးဝတီ)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်