သန်းဝင်းလှိုင်
ဧပြီ ၁၈၊ ၂၀၁၃
မြန်မာနိုင်ငံတွင် နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ ဆုတော်ငွေ အထုတ်ခံရသည့် ပုဂ္ဂိုလ်သုံးဦးမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာစံ နှင့် ဗိုလ်စံဖဲ တို့ဖြစ်သည်။ ထိုသုံးဦးထဲတွင် ပထမဆုံး ဆုတော်ငွေ အထုတ်ခံရသူမှာ ဗိုလ်စံဖဲဖြစ်သည်။
ဗိုလ်စံဖဲကို မြန်မာသက္ကရာဇ် ၁၂၆၇ ခုနှစ် တန်ခူးလပြည့်ကျော် ၁၀ ရက်နေ့ (၁၉၀၆ ခုနှစ် ဧပြီလ ၁၇ ရက်) အင်္ဂါနေ့တွင် သာစည်မြို့ နယ် ဂုံညင်းနွယ်ဘွဲ့ခြားရွာ၌ အဘဦးဖိုးသိန်း၊ အမိဒေါ်စံမယ်တို့မှ ဖွားမြင်ခဲ့သည်။ ဦးဖိုးသိန်း ဒေါ်စံမယ်တို့တွင် သားသမီး ခုနစ်ယောက် (မသင်း၊ မအေးချမ်း၊ ကိုသူတော်၊ မစောခင်၊ ကိုစံဖဲနှင့် မစောရှင်) ရှိရာ ကိုစံဖဲမှာ နို့ညှာဖြစ်သည်။
ထို့နောက် မိဘများသည် ဂုံညင်းနွယ်ဘွဲ့ခြားရွာမှာ အရှေ့ဘက် မဲတောရွာသို့ ပြောင်းရွှေ့ခဲ့သည်။ စံဖဲ၏ ယောက်ဖ ကိုလုံးသည် သာစည်မြို့သားရေကုမ္ပဏီပိုင်
ယင်းနောက် စံဖဲသည် မဲတောရွာမှ ဦးစံလှ ဒေါ်မယ်လှတို့၏ သမီး မသိန်းရင်နှင့် အိမ်ထောင်ကျခဲ့သည်။ မသိန်းရင်သည် ရုပ်ရည်ချောမောလှပသဖြင့် ရွာ၏ ကွမ်းတောင်ကိုင်ဖြစ်သည်။ မသိန်းရင်ကို မဲတောရွာသူကြီး ဦးရာပိုင်၏ သား ငပုဆိုသူက တဖက်သတ်ချစ်ကြိုက်နေရာ မသိန်းရင်ကို စံဖဲလက်ထပ်ယူခဲ့သဖြင့် စံဖဲအပေါ် မကျေမနပ်ဖြစ်နေသူဖြစ်သည်။
ထိုစဉ်အတွင်း သာစည်မြို့တွင်ဓါးပြမှုတစ်ခု
စံဖဲထောင်ကျနေခိုက် အကြံသမား ငပုက မသိန်းရင်အား အရယူလို၍ မသိန်းရင်၏ မိဘများကို အမျိုးမျိုးဒုက္ခပေး၍ နှိပ်စက်ခဲ့သည်။ နောက်ဆုံးတွင် မသိန်းရင်အား စံဖဲထံ ကွာရှင်းစာတောင်းခိုင်းပြီး
မဲတောသူကြီးသား ငပုသည် စံဖဲထောင်ကျနေစဉ်အတွင်း ဇနီးအား မတရားသိမ်းပိုက်သည်ကို မကျေနပ်နိုင်သေးဘဲ အင်္ဂလိပ်အလိုတော်ရိ အရာရှိအချို့နှင့် ပူးပေါင်းကာ စံဖဲထောင်မှ ပြန်လွတ်ချိန်တွင် ပြန်လည်ဒုက္ခပေးမည့်ရန်မှ ကြောက်ရွံ့သည့်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် အက်တူးလူဆိုးစာရင်းဝင်ဖြစ်ရ
ဤသို့ သုံးကြိမ်တိုင်တိုင် မတရားပြုခံရသဖြင့် စိတ်နာကျည်းနေသော စံဖဲသည် ထောင်မှလွတ်၍ သာဂရရွာရောက်နေသော စံဖဲအား ရာဇ၀တ်အုပ် ဦးညီမောင်သည် ၁၉၂၆ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဖမ်းဆီး၍ စစ်ဆေးရန် သာဂရသူကြီး ဦးလာဘအိမ်သို့ ခေါ်ဆောင်လာသည်။ သူကြီးကတော် ဒေါ်နန်းနွယ်က ရာဇ၀တ်အုပ်စားရန် မြေပဲလှော်နှင့်လက်ဖက်ရည်ကြ
ထိုနေ့မှစ၍ စံဖဲသည် ၀ရမ်းပြေးတောပုန်းဖြစ်သွားေ
သြော်… ကြငှာန်းမအေးပေဘူ့၊ ၀ရမ်းပြေးကိုလ၊ ဖမ်းပေးသူမပေါ်လာသဖြင့်၊ အော်ခါသာ ပုလိပ်မင်းတို့ရယ်က၊ ကြော်ငြာစာ တဆိတ်နှင်းတဲ့ပြင်၊ စိတ်တွင်းဘလောင်ဆူသည့်၊ အမောင်လူစုံထောက်ကြီးတို့မှ
ထို့နောက် “ ဆာဂျေအေမောင်ကြီးနှင့် စံဖဲဘွဲ့ လေးချို့း” ခေါင်းစဉ်ဖြင့် -
“အခါတာရှည်တဘောင်သံမလွဲပေဘူ
ဆာဂျေအေမောင်ကြီး ရှက်လေဟန်ဖြင့် စံဖဲကို ထပ်၍ ချီးကျူးထားကြပြန်လေသည်။
ထိုမျှမကသေး ဗန္ဓုလသတင်းစာနှင့် ဂျာနယ်တိုက်ပိုင်ရှင် ဗန္ဓုလဦးစိန်က ‘သတိုးစိန်’ ကလောင်ခွဲဖြင့် စံဖဲအကြောင်းကို ၀တ္ထုရေး၍ ချီးမြှောက်ခဲ့ပြန်သည်။ စံဖဲဝတ္ထုကြော်ငြာပုံကိုကြည်
ထိုမျှမကသေး ဆရာကျင်ခဲ(ရွှေတိုင်ညွှန့်ဖခင
ထိုသို့ စံဖဲကို ကရုဏာဖြစ်သူတို့အထဲတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းလည်း ပါလေသည်။ စံဖဲ၏ သတ္တိကို ချီးကျူး၍ ဇာတိမာန်လည်း ဖြစ်ရလေသည်။ ထိုအခါ ဆရာကြီးသည် စံဖဲနှင့် ပတ်သက်သော “ပုံတော်နိုင်မော်ကွန်းဋီကာ
ဆရာကြီးသည် “လူမှာအမျိုး၊ ကြက်မှာအရိုး” ဟူသော စကားအတိုင်းမျိုးရိုးကိုအလွ
စံဖဲသည် မြင်ကွန်းမြင်းခုံတိုင်အရေး
“သြော်… သရဲဘော်သွေးဟာက မနဲသောအကလေးပေပေါ့၊ မဲတောမွေးရှာသနဲ့ ရှေးမြန်မာအခါရှိစဉ်က၊ ဇာတိအမျိုးပါ ရိုးရာစစ်ပြန်တော့၊ မြန်မာပြည်ကိုးစရာအဆိုးမှာတ
အဖိုးမြန်မာဖြစ်သူ မြင်းတပ်မှူးပေမို့ တဦးမှာ အောင်လံစွဲနေကျ၊ မောင်စံဖဲဆိုတာ ဒါယကာကြီးမြေးပေမို့
သွေးအခြေအနေစစ်စရာ ကရိုဏ်းတွေနှင့်၊ ဝေးတမြေခေတ်သာတဲ့ စစ်ကိုင်းဆီက မစ္စတာမှိုင်းကြီး ဟို့နှယ်သည့်နှယ် ကြားရပြန်တော့၊ တပည့်သူငယ်အားမှာအပြစ်ဘယာမည
ထို့အပြင် စုံတော်မူမှာတမ်း၌လည်း စံဖဲဘွဲ့လေးဆစ်တွင်-
“ရဲသောဇာနည်၊ မဲတောသာစည်တဲ့ရှင့်
ပဝေအခါဆီ အဖြစ်မှန်းပြန်တော့၊ ပြေဌာနီအသစ်ဖန်းကိုမှ
ခေတ်နွမ်းအောင် တမင်တွန်းခဲ့တဲ့၊ မြင်ကွန်းစံသူပုန်ထစဉ်က
ဂုဏ်ပြမည် ဗျူဟာဆင်တော့၊ အသူရာဘုရင်ဝတိံကဆင်းအောင်ပ
သူဇာသခင်အရှိန်ရတဲ့၊ ဣန္ဒသနင်းတွင်မှ
ကျွန်ရင်းဝိရုဠ်အမတ်လိုပ၊ တရှိဂုဏ်ဒြပ်အတည်အရည်အချင်း
သြော်…. မဟာသမ္မတတွေနဲ့၊ အာဏာပါဏာပြနိုင်တဲ့
မြန်မာ့ခေတ်ကတခိုမှာ၊ မာဃစစ်ဗိုလ်နဲ့လဲမယွင်းပေဘု
ကြုံးဆောင်ကာ၊ ရုန်းတောင်လို့ ကျင်းခဲ့တဲ့
(အမယ်မင်း) န၀င်းစိတ်ကယ်နှင့်၊ မင်းဒြပ်မျို့မသေးစေဘို့၊
ယင်းအရပ်က အချို့ရွေးလိုက်တော့၊ (သြော်) အတင်းသတ်ဖို့ဖြတ်ဖို့ သွေးရယ်ဆင့်၊ (ကိုစံဖဲမှာတောင်၊ မြင်းတပ်ဗိုလ်မြေး။”
ဟူ၍ ရေးဖွဲ့ခဲ့သည်။
ထိုအချိန်မှစ၍ စံဖဲသတင်းသည် မြန်မာတစ်နိုင်ငံလုံးတွင် ဟိုးလေးတကျော်ဖြစ်သွားသည်။ အင်္ဂလိပ်ကို မုန်းတီးသော ပြည်သူလူထု ကလည်း အဖိအနှိပ်ခံ စံဖဲ၏သတ္တိကို ချီးမွမ်းလာကြသည်။
စံဖဲသည် သာဂရရွာမှ ထွက်ပြေးပြီး တောပုန်းဘ၀ဖြင့် တစ်ရွာတည်းသား ငနီ၊ ချစ်ကောင်း၊ ကံကြီးမောင်တို့နှင့်အတူ တောပုန်းဘ၀ဖြင့် အင်္ဂလိပ်အလိုတော်ရိလက်ပါးစေမ
စံဖဲသည် မယားခိုးငပုအား သတ်ရန်အတွက် အတင့်ရဲစွာ သာစည်မြို့ပေါ်ထိ တက်ရောက်လာသည်။ စံဖဲသည် သာစည်နယ်ပိုင်ဝန် ထောက် ဦးအောင်ကျော် အိမ်ရှေ့အနီးမှ သေနတ်ပစ်ဖောက် ထွက်သွားလေ့ရှိသည်။ သတ္တိရှိပြီး လက်ဖြောင့်တပ်သားစံဖဲကို ပုလိပ်တို့က ထွက်၍ မတိုက်ဝံ့ဘဲဖြစ်နေသည်။ စံဖဲသည် မယားခိုးငပုအား မသတ်ရသောအခါ မဲတောရွာနေ ငပု၏ အစ်မတော်သူ မပုအား ၁၉၂၇ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့ ညက သေနတ်ဖြင့် ပစ်သတ်သွားရာ ပုလိပ်တို့လည်း မျက်လုံးပြူးကြရသည်။ စံဖဲအား အမိဖမ်းနိုင်သူအား ဆုတော်ငွေ ၅၀၀၀ ကျပ် ထုတ်ထားသော်လည်း မည်သူမျှ မဖမ်းဝံ့ဘဲ ဖြစ်နေသည်။
ဤကဲ့သို့ ဆုတော်ငွေ ထုတ်ပြန်သည်ကို တန်ပြန်သည့်အနေဖြင့် စံဖဲကလည်း မယားခိုးငပုနှင့် သာစည်နယ်ပိုင်ဝန်ထောက်တို့၏
တောပုန်းကြီးစံဖဲသည် တောပုန်းဘ၀တွင် မဲတောရွာမှ ချစ်သူ မငွေနုအိမ်သို့ ညအခါ လာလေ့ရှိကြောင်း သတင်းရရှိထားသော မိတ္ထီလာအပိုင်မှ ရာဇ၀တ်အုပ်ဝန်ထောက်ကလေး အောင်ကျော်မိုး၊ ရာဇ၀တ်အုပ် ဦးရွှေခဲ၊ ရာဇ၀တ်အုပ် ဦးရွှေအောင်နှင့် ပုလိပ်တပ်ဖွဲ့ဝင်များ သည် ၁၉၂၇ ခုနှစ် မတ်လ ၁၃ ရက်နေ့ ညတွင် မဲတောရွာသို့ စံဖဲအား ဖမ်းဆီးရန်ရောက်ရှိလာကြသည်။
မဲတောရွာရှိ ၄င်း၏ချစ်သူနေအိမ်သို့အလာ ပုလိပ်အဖွဲ့နှင့် ဗိုလ်စံဖဲတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ
ဗိုလ်စံဖဲသည် ဤကဲ့သို့ စစ်ပုလိပ်များ၊ စုံထောက်များ ၀န်းရံချထားသည့်ကြားမှ ရုပ်အမျိုးမျိုးပြောင်း၍ သာစည်မြို့ပေါ်တက်၍ ဆံပင်ညှပ်ခြင်း၊ လက်ဖက်ရည်သောက်ခြင်း၊ ညောင်ရမ်းဈေးသွားခြင်း၊ ရွှေဂူကြီးဘုရားပွဲလာခြင်း စသည်ဖြင့် ၀င်ရောက်သွားလာကာ ပုလိပ်များအား လက်တစ်လုံးခြားလှည့်စားသွား
ဗိုလ်စံဖဲသည် ၁၉၂၇ ခုနှစ် မတ်လ ၁၅ ရက်နေ့ညတွင် ရွှေရင်မျှော်ဘုရားပွဲသို့လာ
ဗိုလ်စံဖဲအား ထုတ်ပြန်ထားသော ဆုတော်ငွေကို မက်၍ လိုင်စင်သေနတ်ကိုင်ထားသူ ၀မ်းတွင်းမြို့မှ နယ်ချဲ့အစိုးရအလိုတော်ရိ ရှေ့နေ ဦးရွှေဗျိုင်းနှင့် စာရေးကြီး ဦးသက်ထွန်းတို့သည် စံဖဲအား ဖမ်းရန် သာဂရရွာမှ ဦးသက်ထွန်း၏ ညီတ၀မ်းကွဲ ကိုကံစ၏အိမ်သို့ လာရောက် စုဝေးကြသည်။ ထိုနေ့ကား ၁၉၂၇ ခုနှစ် မေလ ၅ ရက်နေ့ဖြစ်သည်။ ထိုသတင်းကို ဗိုလ်စံဖဲကြားထားသည့်အတွက် ကိုကံစ၏ အိမ်ကို ၀င်ရောက်တိုက်ခိုက်ရာ ရှေ့နေကြီး ဦးရွှေဗျိုင်းမှာ ဆုငွေမရလိုက်ဘဲ စံဖဲလက်ချက်ဖြင့် အသက်ပါသွားခဲ့သည်။ စာရေးကြီး ကိုသက်ထွန်း၊ ကိုကံစတို့မှာ ဒဏ်ရာရပြီး ကိုသက်ထွန်း၏ ဇနီး မပုမှာ အချောင်သေဆုံးသွားခဲ့လေသည်။
တောပုန်းကြီးဗိုလ်စံဖဲ၏ ရဲစွမ်းသတ္တိကြောင့် နယ်ချဲ့အစိုးရမှာလည်း သိက္ခာကျဆင်းပြီးရင်း ကျလာကာ လုံခြုံရေးပါ ထိခိုက်လာသဖြင့် သာစည်တွင် ပုလိပ်တပ်ဖွဲ့များစုပေါင်း၍
ဗိုလ်စံဖဲလွတ်မြောက်နေကာ အစိုးရအား အမျိုးမျိုးနှောင့်ယှက်နေသြ
ယင်းနောက် ၁၉၂၇ ခုနှစ် သြဂုတ်လ ၂၅ ရက် ကြာသပတေးနေ့ကျပ် သာစည်မြို့နယ် မောင်းမဆည်ရွာအနီး တောထဲတွင် သေနတ်ခေါင်းအုံး၍ ငှက်ဖျားရောဂါဖြင့် လဲနေသော ဗိုလ်စံဖဲကို အစိုးရတပ်များက တောနင်းရှာဖွေရာ ရှာမတွေ့ဘဲဖြစ်နေရာ ဗိုလ်စံဖဲက ပုလိပ်ကို လက်ယပ်ခေါ်ပြီး `ငါစံဖဲဖြစ်တယ်´ ဟု သူကိုယ်တိုင် အဖမ်းခံရမှ ဖမ်းမိတော့သည်။ အစိုးရအစွမ်းကြောင့် ဖမ်းမိခြင်းမဟုတ်ဘဲ ငှက်ဖျားရောဂါကြောင့်သာ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
တောပုန်းကြီးဗိုလ်စံဖဲ၏ အမှုကို မိတ္ထီလာမြို့တရားရုံးတွင် တရားသူကြီး မစ္စတာမက်ကနော ဦးဆောင်၍ တစ်နှစ်ကြာ စစ်ဆေးခဲ့သည်။ တောပုန်းကြီးဗိုလ်စံဖဲအမှုတွ
ဗိုလ်စံဖဲအား ပြစ်မှုထင်ရှားသည်ဟုဆိုကာ ၁၉၂၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ နံနက် ၆း၃၀ နာရီတွင် မြင်းခြံထောင်ကျပ် ကြိုးပေးကွပ်မျက်လိုက်လေသည်
ဗိုလ်စံဖဲသည် ကွယ်လွန်စဉ်က အသက် ၂၂ နှစ် သာ ရှိသေးသည်။ မည်သို့ဆိုစေ… နယ်ချဲ့ဗြိတိသျှအစိုးရ အုပ်စိုးနေသော ကိုလိုနီခေတ်၌ ပထမဆုံးဆုတော်ငွေ အထုတ်ခံရသည့် နယ်ချဲ့ဆန့်ကျင်ရေးသမား ဗိုလ်စံဖဲ၏ မတရားမှုအတွက် ခေါင်းငုံ့မခံဘဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်တိုက်ခို
စာကိုး
(၁) ဇွဲသန်းသျှင် (သုံးဆယ်) `ဆရာကြီးသခင်ကိုယ်တော်မှိုင်
(၂) ကိုတင်လှိုင် (မိတ္ထီလာ) `နယ်ချဲ့အစိုးရ၏ ပထမဆုံးဆုငွေအထုတ်ခံရသည့် တော်လှန်ရေးသမား စံဖဲ´ (မော်နီတာဂျာနယ် ၆-၁၁-၂၀၁၁)
(၃) ဦးဟုန်ဝမ် `သခင်ကိုယ်တော်မှိုင်းနှင့်စ
(၄) သန်းဝင်းလှိုင်၊ အနှစ်ချုပ်မြန်မာ့သမိုင်းအဘ
(၅) L.U.G. Tripp, Boh San Pe and Other Glimps of life in Burma, Bombay, Mody’s Diamond Printing Works,1944.
(၆) မာဂဓီသာစည်၊ နယ်ချဲ့တော်လှန်ရေးသမားကြီး
မိုးမခမီဒီယာ
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်