Pages

Monday, 8 April 2013

အီဂျစ်လူမျိုး ဂျာနယ်လစ် Al-buheiri နဲ့ ရုပ်ပျက်ဆင်းပျက် စကားများခဲ့ တာလေးကို လေ့လာချင်လေ့လာ လို့ရအောင်တင်ပေးထားတာပါ.

အီဂျစ်နိုင်ငံ Al-kahera Wal-Nas TV မှအီဂျစ်မှ ရှီးရက် မူဆလင် ဗလီဆရာ မိုဟာမက်ရှာဘန် ( Egyptian cleric mohamoud Shaaban ) ရဲ့ အင်တာဗျူး တစ်ခုကို march 5-6,2013 တွင် တိုက်ရိုက်တင်ဆက်ပြသ သွားစဉ်  အီဂျစ်လူမျိုး ဂျာနယ်လစ် Al-buheiri နဲ့ ရုပ်ပျက်ဆင်းပျက် စကားများခဲ့ တာလေးကို လေ့လာ ချင်လေ့လာ လို့ရအောင်တင်ပေးထားတာပါ.
 


မေး : မိန်းမတစ်ယောက် က ရှရီးယားဥပဒေအတိုင်းလိုက်နာမယ်ဝတ်စားဆင်ရင်မှုကအစ ပေါ့ လိုက်နာမယ်ဆိုရင်ကော ခင်ဗျား တို့နိုင်ငံမှာ သမ္မတအဖြစ် လက်ခံနိုင်မလား….

ဖြေ : လက်မခံနိုင်ပါဘူး

မေး : ဘာလို့လဲဗျ

ဖြေ : ပရောဖတ်ကြီး ( မိုဟာမက် ) ကပြောထားတယ် မိန်းမ တစ်ယောက် ခေါင်းဆောင်တဲ့ နိုင်ငံက ဘယ်တော့မှ အောင်မြင်မှာ မဟုတ် ဘူး … မိုဟာမက်က အခုလို သတိပေးထာတယ်ဗျအဲဒါ ရှရီးယာ ဥပဒေ က အချက်တွေ ကို ကျွန်တော်တို့ကလိုက်နာတာ အဲ ပြီးတော့လဲ အီဂျစ်နိုင်ငံ အတွက် ခရစ်ယာန်ဘာသာဝင် သမ္မတကိုလဲ ကျုပ်တို့ က လက်ခံမှာ မဟုတ်ဘူး

မေး : ဒါဆိုရင် ခင်ဗျားက အီဂျစ်က ခရစ်ယာန်တွေကို Jizya အခွန်ကောက်မယ် ဆိုတဲ့ သဘောလား ဗျ ?
( *Juzya အခွန်ဆိုသည်မှာ မွတ်စလင်အုပ်ချုပ်ပြီး ရှရီးယားဥပဒေကို ကျင့်သုံးသောနိုင်ငံများတွင် Non-Muslin များပေးဆောင်ရသော အခွန်အခဖြစ်သည် )

ဖြေ : ဟ.. ကျုပ်က ရှရီးရားဥပဒေရဲ့ လမ်းစဉ်တိုင်းပဲ ဖြစ်စေချင်တာဗျ ..

မေး : ကျွန်တော်က Jizya အခွန်အခအကြောင်းလေးကို ဘဲ သေချာအောင်မေးမိတာ…..

ဖြေ : ခရစ်ယာန်တွေ အနေနဲ့ ဒီ Jizya အခွန်အခ အကြောင်းသိနေရင် သူတို့ လက်ခံလို့ ခရစ်ယာန်ဘာသာ ကိုးကွယ်တာဘဲ ဗျာ

မေး : Jizya ဆိုတာဘာလဲဗျာ. .

ဖြေ : ရှရီးယား ဥပဒေကို လုံးဝပြဋ္ဌာန်းလိုက်ရင် ခရစ်ယာန်တွေလဲ ပျော်ရွှင်ကျေနပ် မှာ
( နောက်ဆက်တွဲ အမေး အဖြေ ကို ဖျက်ထားလိုက်သည် )

ထို့နောက် အီဂျစ် လူမျိုး ဂျာနယ်လစ် Al-buheiri ပေါ်လာပြီး ဇာတ်လမ်းစသည်


M.S : ဘရားသား မင်းမုတ်ဆိတ်တွေ ရိတ်လိုက်တာ အစ္စလာမ်ယောက်ျား တစ်ယောက်အနေနဲ့ မင်းဟာ စိတ်ပျက်ဖွယ်ရာအကောင် ဘဲဆိုတာ မင်းသိသင့်တယ်

A.B : အော် အေးအေး အခုပြသနာတက် ဆူညံနေတာ ဒီမုတ်ဆိတ်မွေး ကိစ္စလေးကြောင့်ပေါ့ ဟုတ်လား

M.S မင်း အလ္လာကို ကြောက်သင့်တယ် .. ငါတို့လို ယုံကြည်တဲ့ သူတိုင်း ဒါကိုလက်ခံထားတယ်

A.B ဟေ . သေချာလို့လား

M.S မင်း ရှရီးယားအကြောင်းဘာမှ မသိပါဘူးကွာ .မင်းက အစ္စလာမ် ကို အမေရိက တို့ ဥရောပကတို့လို ပုံစံတွေ ဖြစ်စေချင်တာလား

A.B ဟုတ်သားဘဲ . အမေရိကကော ဥရောပမှာကော အစ္စလာမ်တွေ ရှိတယ်လေကွာ

M.S မင်းက အမေရိက နဲ့ ဥရောပက လူတွေ ဖြစ်စေချင်တဲ့ ဘယ်လို မှ ပြန်မကိုက်နိုင်တဲ့ အစ္စလာမ် တွေ ဖြစ်စေချင်တာလား

A.B တကယ်ဆို အစ္စလာမ်က မုတ်ဆိတ်မလို ….

M.S အစ္စလာမ်က သူ့ ဟာသူ မင်းကအစ္စလာမ်ကို အနောက် တိုင်းပုံစံ အမေရိက က အတွေးအခေါ် ပုံစံတွေ ယူပြီး သရုပ်ဖော်ချင်တာလား သူငယ်ချင်း

A.B ငါမင်းသူငယ်ချင်းမဟုတ်ဘူး 


M.S -ဘရားသားမင်း အလ္လာကို ကြောက်တဲ့စိတ်လေးရှိစမ်းပါ..လူတွေ ကို လမ်းမှားအောင်မလုပ်ပါနဲ့

A.B -မင်းကတစ်ခုမှ အမှန်မပြောဘဲနဲ့ မင်းကငါ့ကို ဘာတဲ့
ငါကလမ်း မှားအောင်လုပ်နေတာ ဟုတ်လားမင်းအမှန်တရားဆိုတာဘာလဲ မင်းမသိဘူး မင်းပြောတာက ခရစ်ယာန်တွေရဲ့ကဏ္ဍပါ ပါဝင်ပတ်သတ်နေ တယ် အဲဒါဘယ်မှာပါတာလဲ ကိုရန်ကျမ်းမှာပါတာလား

M.S အီဂျစ်က မူစလင် နိုင်ငံကွ .. မူစလင်နိုင်ငံဒါဘဲပြောမယ်

A.B မင်းကို ဒုက္ခဖြစ်စေနေတာ မူစလင်ဆိုတဲ့ စကားလုံးကွ ..မူစလင်ဆိုတဲ့ စကားလုံး ကို မင်းတလွဲတွေးပြီး ကြောက်နေတာ

M.S အေး မင်းအချိုးကိုပြင်ရင်ကောင်းမယ်နော် မဟုတ်ရင်ငါ့ ကို လျှာ်ကြမ်းတယ် လာမပြောနဲ့ ငါ ငါ့ကိုယ်ငါတော်တော် ထိန်းထားရတာ နော်

A.B အော်မင်းက တစ်ယောက်ချင်း ယှဉ်ချင်လို့လား ငါ့မှာ ကော လျှာမပါဘူး ထင်လို့လား

M.S မင်းငါ့ကို အာခံစရာမလိုဘူနော် .. မင်းငါပြောတာကိုဘဲ နာခံရမယ်

A.B အေးအေး … မင်းဒီ စကားပွဲပြီးရင် မင်းကိုငါ lesson တစ်ခုလောက် ပေးအုန်းမယ် သိလား

M.S မင်းရဲ့ ပုံစံ ကို အလ္လာအလိုတော်အရ ငါ့ ဖိနပ်ကို နဲနဲ ပေးမြည်းလိုက်မယ် ..( ဖိနပ် ကောက်ချွတ် ပါလေတော့သည် … )

A.B အော် ဟုတ်လား ကွ ..

M.S မင်းကို ပြားပြာဝတ်အောင်ကို လုပ်ပြမယ် ငါ့ ဖိနပ်ကိုပေးမြည်းမယ် …..

A.B မင်းစရိုက်အမူအကျင့် ကို မင်းပြနေတာပဲ ကွ တော်ကွာ ..မင်းရဲ့ စရိုက်လက္ခဏာကို အခုလို လူတွေအကုန်သိသွားရတာ ငါ ၀မ်းသာလိုက် တာကွာ … ကိုယ်ကကို ကိုယ် လဲပြန်ကြည့်ပါအုန်းကွာ
မင်းကို လူတစ်ယောက် က ဘယ်လိုပြုမူနေထိုင်ရတယ်ဆိုတာကို
ငါသင်ပေးအုန်းမယ် သိလား ဖိနပ်တွေကောက်ကိုင်လို့ ကိုင် .. ကောင်းတယ်ကွာ .. တကယ့်ကို စိတ်ကျေနပ်စရာဘဲ နော်

ဘေးမှတစ်ယောက်ဝင်ထိန်းထားရသည် … ( ငါကြားက တောင်းပန်ပါ တယ်ကွာ နော် )

M.S မင်းမမြင်ဘူးလား ဒီကောင်လုပ်နေတာတွေကို …..မေးစရာရှိတာမေးကွာ .. ငါဖြေပေးမယ် ..

A.B ငါသူ့ဆီက လိုချင်တာတွေ အကုန်ရသွားပါပြီကွာ … ကျေးဇူးလဲတင်ပါတယ်

M.S ငါက အမှန်တွေကြီးဘဲ ပြောနေတာ အဲဒီအတွက် ငါလုံးဝမတောင်းပန်နိုင်ဘူး

A.B တော်ဘီ တော်ဘီ ရပြီ Sheik Mohmoud

M.S မင်းတော်တော့နော် .. ငါ နှတ်ပိတ်ငြိမ်နေမှာမဟုတ်ဘူး

A.B ဒီ စကားပွဲပြီးတော့မှ မင်းကို ငါ ငါ့ဖိနပ်ပြမယ်သိလားငါကသူများတွေ မမြင်စေ ချင်ဘူး.. ပြီးတော့ စကားဝိုင်းပြီး တာနဲ့ မင်းကို ဘယ်လိုချ ရတယ်ဆိုတာကိုလဲ ငါသင်ပေးမယ်လို့ ကတိပေးတယ်.. 


မှတ်ချက် - အတော်လေးကို ဆိုးရွားပါတယ် .. Cleric တစ်ယောက် ဗလီဆရာတစ်ယောက် အနေနဲ့ ..လူတွေကို တိုက်ရိုက်ပြမယ် အင်တာဗျူးမှာ ချက်ကောင်းတွေ ထိသွားတဲ့ အတွက်ဟန်မဆောင် နိုင်လောက်အောင်ကို ဆိုးဆိုးရွားရွားတွေဖြစ်သွားတာ မြင်တဲ့ အတိုင်းပါဘဲဗျာ ..

သိက္ခာဆိုတာ ကိုလဲနားမလည် …ဘယ်တော့မှလဲ အမှားလုပ်မိရင် တောင်းပန်တတ်တဲ့ အကျင့် မရှိ လုပ်ချင်ရာလုပ်တတ်တဲ့ အကျင့် ဆွေးနွေးတယ် ဆိုတာကိုလဲ နားမလည် . ကိုပြောချင်ရာသာ ဇွတ်တရွတ်ပြောတတ်တဲ့ အကျင့်တွေဟာ …. သူတို့ဆီမှာ ဘယ်လိုမှ ဖျောက်ဖျက်လို့ မရဘူးဆိုတာ ဒီ မူဗီလေးက သက်သေပြနေ ပါတယ် ။။

ရုပ်သံကို အောက်ပါလင့်မှာ တိုတ်ရိုက်သွားရောက်ကြည့်ရှုနိုင်ပါတယ်


No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်