Pages

Monday 11 March 2013

NLD ကွဲကြပြဲကြပြီလား


ပါတီတွင်း စည်းလုံးညီညွတ်မှုပြိုကွဲအောင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ညီလာခံကိုယ်စားလှယ် ၄ ဦးကို ထုတ်ပယ် လိုက်တဲ့ သတင်းကလည်း အခုတလော Hot အဖြစ်ဆုံး သတင်းတစ်ခု ဖြစ်နေပါတယ်။ NLD မှ မဟုတ်ပါဘူး။

အဖွဲ့အစည်း၊ အသင်းအပင်းဆိုတာ ရှိနေသရွေ့ ဒီလိုကိစ္စမျိုးတွေဆိုတာ ရှောင်လွှဲလို့ မရပါဘူး။ ပြည်ခိုင်ဖြိုးလည်း ကြုံမှာပဲ၊ NDF လည်း ကြုံမှာပဲ၊ တစည လည်းကြုံမှာပဲ။ ဘာမှထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အခုဖြစ်နေတာက ပါတီတွင်းကိစ္စက အဲဒီလောက် မဟုတ်ဘူး။ ဘေးကလူတွေက ပိုပြီး အဖြစ်သည်းနေကြတာပါ။ မီဒီယာအချို့က အဆ ၁၀၀၀ လောက်ချဲ့ထားတဲ့ မှန်ဘီလူးနဲ့ ကြည့်တယ်၊ ရေးတယ်၊ ဘေးတီးတဲ့လူတွေက ပြိုကွဲတော့မယောင်ယောင် လေသံဟတယ်။


အတော်တော့ ရယ်စရာကောင်းတဲ့ လုပ်ရပ်ကြီးပါ။ ထူးခြားတာတစ်ခုက အခုသတင်းနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုး ပါတီက သော်လည်းကောင်း၊ အခြားသော ပါတီတွေကသော်လည်းကောင်း ဝေဖန်ပြောဆိုတာ မတွေ့ရတာပါပဲ။ အခုဟာက သူတို့ပါတီတွင်း အချင်းချင်း၊ ပါတီဝင် အချင်းချင်း၊ ပါတီကို ထောက်ခံသူအချင်းချင်း   ဆော်ပလော် တီးနေ ကြတာပါ။

မီဒီယာအများစုက နှာစေးနေကြတာကိုလည်း တွေ့ရပါတယ်။ အခုလို အဖြစ်အပျက်မျိုးသာ ပြည်ခိုင်ဖြိုးတို့၊ တစညတို့၊ NDF တို့မှာ ဖြစ်လိုက်လို့ကတော့ ဘယ်ပြောကောင်းမလဲ ပွဲလှလိုက်မယ့်ဖြစ်ခြင်း....။ ဒေါ်စုကြောင့် ပါတီကို ထောက်ခံတဲ့လူတွေ ရှိနေတာဆိုတဲ့ အမှန်တရားကို လက်မခံသေးသရွေ့ ဒီလိုပြဿနာတွေ ဖြစ်နေ ဦးမှာပဲ။

တစ်ဦးတစ်ယောက်တည်းအပေါ်မှာ မှီခိုရတဲ့ အဖွဲ့အစည်းဆိုတာ အချိန်မရွေး ပြိုလဲသွားနိုင်တယ် ဆိုတာ   ဘောလုံးပွဲ အနည်းအကျဉ်း ကြည့်ဖူးရင်တောင် သိနိုင်လောက်တဲ့ အတွေးအခေါ်ပါဗျာ။ ကဲပါဗျာ... တော်တော်ကြာ   ကျွန်တော်ကိုဉာဏ်က NLD အခုလို ဖြစ်တာကို ၀မ်းသာနေသလို ဖြစ်နေပါဦးမယ်။ အခုကိစ္စပြီးသွားလည်း နောက်ထပ်တစ်ခုပြီးတစ်ခု ထပ်ဖြစ်နေဦးမယ်ဆိုတာ ကျွန်တော်က ကြိုတင်ဟောလိုက်ချင် ပါရဲ့။

အသင်းအဖွဲ့ဆိုတာ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဖွဲ့စည်းပါမှ၊ ရပ်တည်ပါမှ၊ ဆုံးဖြတ်ပါမှ၊ လုပ်ကိုင်ဆောင်ရွက် ပါမှ ရေရှည်တည်တံ့တယ်၊ အောင်မြင်တယ်ဆိုတာကို ကျွန်တော်ကိုဉာဏ်က လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က တည်းက သိတယ်ဗျ။ မသိသေးတဲ့လူတွေကိုတော့ သနားရုံမှတစ်ပါး အခြားမပြောလိုပါ။ လူရွှင်တော် ပန်းသီးပြော တဲ့ ဟာသလေးကို ချက်ချင်း သတိရမိတယ်။ ဒေါ်စုဟာ အမြှောက်တပ်နဲ့ နေတာတဲ့။ အခြားမမှတ်လိုက်ပါနဲ့ ။ ဒေါ်စုဘာလုပ်လုပ်၊ ဘာပြောပြော သိပ်ကောင်း၊ သောက်ရမ်းကောင်း၊ သိပ်မှန်၊ သောက်ရမ်းမှန်၊ သိပ်သင့်လျော်၊ သောက်ရမ်းသင့်လျော်၊ သိပ်အဖိုးတန်၊ သောက်ရမ်းအဖိုးတန် ဆိုပြီး မြှောက်ပေးနေတဲ့ လူတွေက တပ်တစ်ခုစာလောက် ရှိနေလို့ အမြှောက်တပ်နဲ့ နေတာလို့ ပြောတာပါတဲ့။

ကျွန်တော်ကိုဉာဏ်က ထပ်ဖြည့်ပြီး ပြောလိုက်ချင်သေးတယ်... ဒေါ်စုဘေးမှာ အမြှောက်တပ်တင် မဟုတ်ဘူး ၊ ဒေါ်စုဘေးမှာ ပါးပြောင်တဲ့တပ်လည်း ရှိသေးတယ်၊ ဒေါ်စုဘေးမှာ ကြံစုပ်တဲ့တပ်လည်း ရှိသေးတယ်၊ ဒေါ်စုဘေး မှာ ဆန်တောင်းတဲ့တပ်လည်း ရှိသေးတယ်၊ ဒေါ်စုဘေးမှာ ဆယ်အိမ်ခေါင်းကို ဟိုဟာထင်တဲ့တပ်လည်း ရှိသေးတယ်၊ ဒေါ်စုဘေးမှာ မယ်ဘော်တပ်လည်း ရှိသေးတယ်၊ စသည် စသည်ဖြင့်ပေါ့ဗျာ။

၂၀၁၄ ခုနှစ်မှာ အာဖဂန်နစ္စတန်နိုင်ငံကနေ နေတိုးဦးဆောင်တဲ့ တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာတော့ မှာ ဖြစ်ပါတယ်။ အာဖဂန်အတွက် တကယ့်အလှည့်အပြောင်းတစ်ရပ် ဖြစ်ပါတယ်။
Post-2014 Afghanistan ဟာ အရမ်းကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ 
ကျွန်တော့်အတွက်ကတော့ Post-Daw Aung San Su Kyi NLD က ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းကြောင်းပါခင်ဗျား။



ကိုဥာဏ်

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်