Pages

Monday, 11 March 2013

သစ္စာဖောက်တဲ့လား



သူတို့ကို လက်ခံပါသလား ခင်ဗျားလို့ ဦးဥာဏ်ဝင်းက စင်ပေါ်ကနေ မေးမြန်းတော့ အများစုက လက်မခံကြောင်း ပြောကြပါတယ်။
အများစုက လက်မခံကြောင်း ပြောကြတာကို ပြန်စဉ်းစားကြည့်မိတယ်။ခုတက်လာတဲ့ ညီလာခံ ကိုယ်စားလှယ်တွေ မှာ ဒီ ၄ ဦးရဲ့ အကြောင်းကို သိတဲ့ သူက အင်မတန် နည်းလိမ့်မယ်လို့ကျ မ   တွေးကြည့်မိ ပါတယ်။

အဲလို လက်မခံကြောင်း ပြောနေချိန်မှာ အမျိုးသမီးငယ်တဦးကတော့ မိုက်ကို ဆွဲယူပြီး`ကျမတို့ ရန်သူနဲ့တောင် လက်ဆွဲနှုတ်ဆက်နေတဲ့ အချိန်မှာ အရင်တုန်းက ရဲဘော်ရဲဘက်ဟောင်းဖြစ်ခဲ့တဲ့ သူတွေနဲ့ဘာကြောင့် ပြန်မတွဲနိုင်ရမှာလဲ၊ ကျမကတော့ လက်ခံပါတယ်`လို့ ဖြေဆို တာလည်း တွေ့ ရ ပါတယ်။

နောက်တယောက်ကတော့`ဒီလူတွေက အဖွဲ့ချုပ်ကို သစ္စာဖောက်သွားတဲ့ သူတွေဖြစ်တဲ့အတွက် လက်မခံပါ`လို့ ထဖြေပြန်တယ်။
အဲလို သစ္စာဖောက် လို့ ပြောလိုက်တဲ့ စကားကို လက်ခုပ်တဗြောင်းဗြောင်း တီးသံတွေလည်း ထွက်ပေါ်လာပါတယ်။မေသင်္ကြန်ဟိန် ရေး တဲ့ထဲက ကောက်နှုတ်ချက်ကလေးပါ။

အဖွဲ့ချုပ်ကို သစ္စာဖောက်သွားတဲ့သူတွေပါ ဆိုတဲ့စကားလေးကို နည်းနည်း ရှင်းချင်လာပါတယ် အဲ့ဒီအချိန်က ပါတီကို တရားဝင် ဆက်လက်ရပ်တည်ပြီး နိုင်ငံရေးဆက်လုပ်ချင်သူတွေက အခုအဖွဲ့ချုပ်ထဲမှာ မရှိကြတော့ ပါဘူး။ အားလုံးက သစ္စာဖောက်တွေတဲ့။ တရားဝင်ဆက်ရှိဖို့မလိုဘဲ၊ နိုင်ငံရေး ဆက်မလုပ်တော့ဘူး၊ လူမှုရေးဘဲလုပ်မယ်၊အမှိုက်ကောက်မယ် ဆိုတဲ့ ပါတီဖျက်သိမ်းရေးကော်မတီတောင်ဖွဲ့ပြီး စာရင်းရှင်းတမ်းတွေ
လုပ်ခဲ့သူတွေက အဖွဲ့ချုပ်နဲ့ ဆက်ပါနေကြတယ်။ သူတို့ကိုယ်သူတို့ မဟာသူရဲကောင်းတွေတဲ့။တစ်ခွန်းလောက်ပဲ မေးချင်တယ်။

ပါတီဝင်တစ်ဦးဟာ ခေါင်းဆောင်ပေါ် သစ္စာရှိရမလား ပါတီပေါ်သစ္စာရှိ ရမှာလားဒါမှမဟုတ် ပြည်သူပေါ် သစ္စာရှိရမလား လက်ရှိ အဖွဲ့ချုပ်ဝင်တွေ စဉ်းစားကြဖို့ပါ။

ကျွန်တော်တို့ကတော့ ၂၀၁၀ တုန်းက ဒီအတွက် အဖြေပေးခဲ့ပါပြီ။ပြည်သူကို ပစ်ထားရက်နိုင်သူတွေက ပစ်ထားရက်ပေမယ့် ပစ်မထားရက်နိုင်သူတွေက ရှိသမျှအားနဲ့ ပြည်သူ့ဘက်ကနေ မားမား မတ်မတ် ရပ်တည်ပေးနေခဲ့တာ အခုအချိန်ထိပါပဲ။

နိုင်ငံရေးလုပ်ဖူးသူတွေရော၊ မလုပ်ဘူးတွေပါ ဒီအချိန်မှာ ငါတို့ပြည်သူ့ဘက်ကနေ မားမားရပ်ပြီး ၀င်ပြိုင်ကြ ဖို့လိုတယ်ဆိုပြီး ရသမျှအချိန်တိုကာလလေးအတွင်းမှာ ပါတီတစ်ခုဖြစ်အောင်ထောင်၊အမတ်လောင်း ရှာပြီး ကြံ့ခိုင်ရေးကို ထိပ်တိုက်ရင်ဆိုင်ခဲ့ကြတယ်။

ပြည်သူတွေက ပြိုင်တဲ့နေရာတိုင်းမှာ အားပေးခဲ့ကြတာက သမိုင်းတစ်ခုပါ။လွှတ်တော်တွင်း၊ လွှတ်တော်ပမှာ NDF ဟာ ပြည်သူ့အတွက် မားမားမတ်မတ် ရပ်တည်ဆောင်ရွက်နေကြတယ် ဆိုတာ လေ့လာကြည့်ရင် မြင်နိုင် ပါတယ်။မျက်မှန်စိမ်းတတ်ထားရင်တော့ ဘယ်တော့မှ မြင်မှာမဟုတ်ပါဘူး။ မျက်မှန်စိမ်းလေး တခဏလောက် ချွတ်ကြည့်စမ်းပါ။

၂၀၁၀ ကနေ့ ဒီကနေ့ ၂၀၁၃ အထိ NDF ဟာ ပြည်သူ့အတွက်
ဘာတွေ လုပ်ဆောင်ခဲ့သလဲ။ ဘယ်လောက်အထိ အကျိုးရလာဒ်တွေ ဖြစ်လာခဲ့သလဲ ဆိုတာ စူးစမ်းကြည့်ကြပါ။
ကျွန်တော်တို့ဟာ ဘယ်တော့မှ ပြည်သူအပေါ် သစ္စာမဖောက်ခဲ့ပါဘူး။
ပြည်သူအပေါ် ကျောခိုင်းသွားခဲ့ဖူးသူတွေက (သစ္စာဖောက်ခဲ့ဖူးသူတွေလို့ မသုံးနှုန်းရက်ပါဘူး)

နောက်တစ်ခါ ပြည်သူအပေါ် ကျောခိုင်းမသွားစေချင်ပါ။
ပြည်သူ့အကျိုးကို အောက်ခြေရပ်ကျေးကအစ အပေါ် ခေါင်းဆောင်ကြီးအထိ
အကျိုးရလာဒ်တွေ ဖြစ်လာတဲ့အထိ ဖော်ဆောင်ပေးနိုင်ကြပါစေ။

မိုးကုတ်ကိုတိုး

National Democratic Force(NDF)

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်