Pages

Saturday, 9 March 2013

ထိုင်းနိုင်ငံ ဘန်ကောက် ရခိုင်သမိုင်းဆိုင်ရာ ရှင်းလင်းပွဲ စတင်



ယနေ့ မတ်လ ၉ ရက်နေ့ နေ့လည် ၁၂ နာရီတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရခိုင်သမိုင်းဆိုင်ရာ ရှင်းလင်းပွဲကို စတင် ကျင်းပနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ဘန်ကောက်ရှိ နိုင်ငံခြား သံရုံး ၁၇ ခု၊ တက္ကသိုလ် ၁၀ ခုနဲ့ နယ်စပ် ဒေသရှိ တိုင်းရင်းသား ခေါင်းဆောင်များ ၊ ပြည်တွင်းမှ Eleven မီဒီယာ အုပ်စု အပါအ၀င် မြန်မာသတင်းနဲ့ နိုင်ငံတကာ မီဒီယာများကိုလည်း ဖိတ်ကြား ထားသည်ဟု ဆိုသည်။

သမိုင်းဆိုင်ရာ ရှင်းလင်းပွဲသို့ ဂျပန်နိုင်ငံ တိုကျိုမြို့ ကန်တ တက္ကသိုလ်မှ နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်း ပါမောက္ခ ဒေါက်အေးချမ်း၊ ပြင်သစ်နိုင်ငံ အာရှနှင့် အရှေ့တောင် အာရှ သမိုင်းပညာရှင် – မြန်မာ သမိုင်း ကို နှစ်ပေါင်း ၂၀ လေ့လာထားသော Dr.JacquesP.Leider နှင့် နယ်သာလန်နိုင်ငံက သမိုင်းပညာရှင် Dr. Stephan Van Galen တို့ တက်ရောက် ဟောပြောနေကြောင်း သိရသည်။

သမိုင်းဆိုင်ရာ ရှင်းလင်းပွဲသို့ လူပေါင်း ၂၀၀ ကျော် တက်ရောက်နေကြောင်း သိရသည်။

ရခိုင်သမိုင်းဆိုင်ရာ ရှင်းလင်းပွဲမှ ထွက်ပေါ်လာသော သမိုင်းဆိုင်ရာ အချက်အလက်များ၊ ပညာရှင်များ၏ ခိုင်လုံသော ပြောဆိုချက် အကိုးအကားများကို အင်္ဂလိပ်၊ ထိုင်း၊ မြန်မာ ဘာသာများနှင့် စာအုပ် စာတန်းများ ထုတ်ဝေသွားမည် ဖြစ်ပြီး နိုင်ငံတကာ တက္ကသိုလ်များ၊ စာကြည့်တိုက်များ၊ နိုင်ငံတကာ သံရုံးများ၊ မီဒီယာများ ကို ဖြန့်ဝေသွားမည်ဟု ဆိုသည်။

“ပြည်ပ အခြေစိုက် မြန်မာ မီဒီယာတွေ အပြင် နိုင်ငံခြား မီဒီယာတွေ တွေဟာ ကျွန်တော် အင်္ဂလိပ်ခေတ်၊ မြန်မာ အစိုးရ ခေတ် အဆက်ဆက်မှာ တစ်ခါမှ သမိုင်းအဆက်ဆက်မှာ မရှိခဲ့ဖူးတဲ့ ရိုဟင်ဂျာဆိုတဲ့ နာမည်တစ်ခုကို ထုတ်လွှင့် နေတယ်။ ဒီနာမည်ကို မတွင် တွင်အောင် လုပ်နေတယ်။ ဒါဟာ ကျွန်တော်တို့ သမိုင်းကို အကျဉ်းအကျပ် ဖြစ်အောင် လုပ်နေတယ်။ ဒီလို သမိုင်းဆိုင်ရာမှာ အကျဉ်းအကျပ် ဖြစ်နေတာကို ခုလို သမိုင်းပညာရှင်တွေက အရှိပကတိ ရှင်းရှင်း လင်းလင်း ထောက်ပြခြင်းဟာ အမှားနဲ့ အမှန်ကို ပြည်ပ အခြေစိုက် မီဒီယာတွေ သိရှိအောင် မိတ်ဆက်ပေးခြင်း ဖြစ်ပါတယ်။ ဒုတိယ အနေနဲ့ ဒီသမိုင်းပညာရှင်တွေက ရှင်းလင်း ပေးခဲ့တဲ့ ရခိုင်းသမိုင်းနဲ့ ပတ်သက်ပြီး ဒီရိုဟင်ဂျာ လူမျိုးတု တစ်ခု အကြောင်းကို နိုင်ငံတကာ တက္ကသိုလ်တွေမှာ နောင်လာ နောက်သားတွေ ကိုးကားနိုင်အောင် သမိုင်းဆိုင်ရာ အချက်အလက်တွေ ကျန်ခဲ့အောင် ရည်ရွယ်ပါတယ်” ဟု အစည်းအဝေးတက်ရောက်နေသူ ကိုသောင်းအေးက ဆိုသည်။

နိုင်ငံတကာမှသမိုင်းပညာရှင်ဒေါက်တာကြီးများမှရိုဟင်ဂျာ(သို့)ဘင်္ဂလီလူမျိုးသည် မြန်မာနိုင်ငံ၌မည်သည့်အခါမှ တိုင်းရင်းသားမဟုတ်ကြောင်း ပြောကြားခဲ့ကြပြီးသမိုင်းပညရှင် ဒေါက်တာအေးချမ်းမှ နိုင်ငံတကာတွင်ထားရှိ ခဲ့နေသော ရှေခေတ် မြန်မာ(ရခိုင်)သမိုင်းများ၏အထောက်အထားစာအုပ်များဖြင့် မြန်မာနိုင်ငံ၌ဘင်္ဂလီကုလားများ သည်ဘင်္ဂလားမှဝင်ရောက်လာသောရိုဟင်ဂျာအမည်ခံဘင်္ဂလီများသာ ဖြစ်သည်ဟု ပြောကြားနေသည့်အချိန်တွင် သမိုင်းအထောက်အထားမခိုင်လုံပဲဘင်္ဂလီအရေး ဆောင်ရွက်နေသူဘင်္ဂလီသမိုင်းပညာရှင်ဟုအမည်ခံထားသော   ဌေးလွင်ဦးမှာ ၄င်းအခမ်းအနားသို့ ရုတ်တရက်ေ ရာက်ရှိလာကာ အခမ်းအနားတွင် အွန်လှိုင်းပေါ်မှ ၀တ်ဆိုဒ်များ ကို ကိုးကား ကာ မည်သည့်အထောက်အထားမျှ ခိုင်လုံစွာ မကိုးကားနိုင်ပဲ သမိုင်း ပညာရှင်ဒေါက်တာအေးချမ်း အား ချေပခဲ့ပြီး ဒေါက်တာအေးချမ်း၏ သမိုင်း ရှင်းလင်းချက်ကို နိုင်ငံတကာပညာရှင်များကို လက်ခံခဲ့ကြပြီး ဘင်္ဂလီ အရေးဆောင်ရွက်နေသူဘင်္ဂလီပညာရှင်ဌေးလွင်ဦးမှာ အခမ်းအနား သို့ ရောက်လာသူများအား လက်ခံနိုင်လောက်သည့်စကားတခွမ်းမှ မပြော ဆိုနိုင်ပဲ ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရပါသည်၊ ၄င်းအခမ်းအနား ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟိန္ဒတက္ကသိုလ်၌ ယနေ့ကျင်း ပပြုလုပ်ခဲ့ ကြောင်း သိရှိရပါသည်။


No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်