Pages

Saturday, 2 March 2013

နတ်ရူးတို့ ကြောင်နိုင် ပေ့ ...




[စကားချီး - ကျုပ်က နော်ခမ်း အကြောင်း ခံစားရလို့ ခံစားရတဲ့ အတိုင်းရေးခဲ့တာ။ ဟိုလဒကြီး ပွဲလန့်တုန်း ဘယ်အချိန်က ဝင်ပြီး ချာပြီးသွားလည်းမသိဘူး။ စိတ်ပျက်စရာ။]

တို့မီး ရှို့မီး ထင်းထိုး မီးမွှေး ပြောင်းမှုတ် ပညာရပ်များတွင် တစ်ဖက်ကမ်းခတ်သည် ဟု လူသိများ   ကျော်ကြားလှသော ရေခြားမြေခြား ဒေသတစ်ပါးမှ ပုဂ္ဂိုလ်ကြီး တစ်ဦးသည် သူ၏ နှစ်ပေါင်း (၂၀) ကြာ (မအောင်မြင် ခဲ့သော) အာဏာရှင် စနစ် တိုက်ဖျက်ရေး ကြိုးပမ်းမှု သမိုင်းကို နောင်လာနောက်သားများ အစဉ် သတိရစေရန် အလို့ငှါ ကြေးပိဿာချိန် ၃၀၀ ကျော်ခန့် အလေးချိန်ရှိမည့် သူ၏ပုံတူ ရုပ်ထုကြီး တစ်ခုအား မြန်မာပြည်တွင် သွန်းလုပ်ခါ အထုပ္ပတ္တိကို ထိုအရုပ်၏ကျောဘက်တွင် ကဗျည်းထိုး ၍ ပြည်သူအများ မြင်သာမည့် နေရာ တစ်ခု၌ ရာသက်ပန် ပြသ ထားရှိရန် ကြိုးပန်းလျှက် ရှိသည်ဟု နီးစပ်ရာ အသိုင်းအဝိုင်းမှ ကြားသိရသည်။


သို့သော် သူ့အား စောင့်ကြည့်လေ့လာနေသော အဖွဲ့တစ်ဖွဲ့မှ ပြောရေးဆိုခွင့်မရှိသူ တစ်ဦးကမူ ယခုလုပ်ရပ်မှာ ထိုပုဂ္ဂိုလ်ကြီး သုံးနေကြ လှည့်ကွက်များထဲမှ တစ်ခုဖြစ်ကြောင်း။ အောက်မြန်မာပြည်တွင် ဝက်သားမစားသော နတ်မပေါ်သေး၍ ထိုဈေးကွက်ကို ချုပ်ကိုင်ရန် အကြံအစည်ဖြင့် သူသေပါ က အော်တိုငုတ်တုတ် နတ်စာရင်းဝင်ရန် စနစ်တကျ အကွက်ချ နေခြင်း ဖြစ်ကြောင်း။ ထိုအတွက် မြန်မာပြည် တွင် လက်ရှိ နတ်ဦးရေစာရင်းကို ရီဗစ်ရှင်း ပြန်လုပ်ချင် သဖြင့် လွန်ခဲ့သော ရက်ပိုင်းအတွင်းက ရှမ်းနတ်တစ်ပါး ထပ်တိုးရန် လော်ဘီလုပ်ခဲ့ ခြင်းဖြစ် ကြောင်း။ ထိုပုဂ္ဂိုလ်ကြီး မှာ ရေဖျင်းရောဂါ စွဲကပ်နေသဖြင့် သူကိုယ်သူ အခြေအနေမကောင်းမှန်းသိကြောင်း။ နီးစပ်ရာ လူများမှ သူ့အား ၂၁ရာစု ရေဖျင်းမင်းသားကြီးဟု ချစ်စနိုး ခေါ်ကြကြောင်း တိုးတိုးတိတ်တိတ် ပြောသွားခဲ့ပါသည်။

သုပဏ္ဏက ဂဠုနရာဇာဘွဲ့ခံ ဂဠုန်ဆရာစံအား အားကျလွန်းအားကြီးသဖြင့် ကိုယ်တိုင် ခွေးခြင်္သေ့ ဘွဲ့ ခံထားသော ထို ရဲရဲတောက် ပုဂ္ဂိုလ်ကြီးသည် သူ၏ ရုပ်ထုအား ပြည်သူ့ ဥယျာဉ်တွင် ထားခွင့်ပြုရန် မြန်မာအစိုးရအား တောင်းဆိုခဲ့ သော်လည်း ခွင့်ပြုချက် မရခဲ့ ကြောင်း။ ထို့နည်းတူ လှော်ကားဥယျာဉ် အတွင်း ထားရှိခွင့် လျှောက်ထားချက် ကိုလည်း အာဏာပိုင်များက သဘောမတူခဲ့ ကြောင်း သိရှိရသည်။

လက်ရှိ သတင်းများအရ ဟံသာဝတီ ကားပွဲစားတန်း နေရာ၌ ဆောက်လုပ်မည့် အဆောက်အဦးသစ်၏ အတွင်း တစ်နေရာရာတွင် ထားရှိ ရန် ရေးဆေးဆီထိုးသမဂ္ဂနှင့် သဘောတူညီချက် ရရှိထားပြီး ဖြစ်ကြောင်း။ အကယ်၍ ထိုနေရာတွင် အဆင်မပြေခဲ့ပါက နောက်ဆုံးအဆင့် အနေဖြင့် ရန်ကုန်မြို့ရှိ အများသုံးအိမ်သာ တစ်ခုခု၏ ရှေ့တွင် ထားရှိရန် မဖြစ်မနေ ကြိုးပမ်းသွားမည်ဟု ထိုပုဂ္ဂိုလ်ကြီးမှ သံဓိဋ္ဌာန် ချထားကြောင်း သိရပါသည်။

We fart we whinge! - Hail June

[ပုံ - ခွေးခြင်္သေ့ဘွဲ့ခံ ပုဂ္ဂိုလ်ကြီးသွန်းလုပ်မည့် ရုပ်ထုအား စိတ်ကူးဖြင့် ပုံဖော်ထားခြင်း ဖြစ်ပါသည်။ *လက်ထဲမှ ပုလင်းမှာ ဓာတ်ဆီပုလင်း ဖြစ်သည်။]

ရာဇာဓိ ရာဇာ

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်