Saturday, 9 March 2013
လူဖျင်းကြီးတစ်ယောက်လို.
အခုတလော လူငယ်တွေ ကြားမှာတွေ့နေရတာ ဖုန်းဟမ်းဆက် အခွံတွေ ပဲဖြစ်တယ်။ ဘာသဘောလဲ
မသိဘူး။ ခါးမှာချိတ်တယ် လက်ဖက်ရည်ဆိုင်ရောက်ရင် wifi freeသုံးတယ် ဖုန်းတခါမှ လာသည်ကို မတွေ့ပေ။ မီးပျက်လို့ wifi မရရင် သူများတွေက MPT မှ အင်တာနက်လိုင်း ဖွင့်သုံးကြသည်။ ၄င်း လူငယ်များမှာ မော့လျှက် သာ ဖုန်းကို ပြန်သိမ်းထားကြလေသည်။
လူငယ်တွေ အလုပ် မလုပ်ကြတော့ပေ။လူငယ်တွေ အညွှန့်ကို အင်တာနက် ဆိုသော ပုဂ္ဂိုလ်က သတ်လေပြီ ။လူငယ်တွေ ပျင်းလို့ အွန်လိုင်းသုံးသည်။ ပျင်းရင်းက လူငယ်တွေ ဖျင်းကုန်ပြီ။
မလုပ်မရှိလို့ သုံးသည်။ ရှိလျက်နဲ့သုံးသည်။
သုံးနေရင်း အလုပ်ပျက်သည်။
အွန်လိုင်းသုံးရင်း အလုပ်မရှိကြတော့ပေ။
အချိန်အနည်းငယ်သုံးသူများကို မဆိုလို ဖုန်းဟမ်းဆက်အခွံဖြင့် သုံးသော ကျနော့ ပတ်ဝန်းကျင်မှ လူငယ်များကို ပြောလိုခြင်း ဖြစ်သည်။
တန်ဖိုးနည်းဖုန်း ထွက်လျှင် ဒိထက် ပိုဆိုးမည်။ လူငယ်တွေ တန်ဖိုးနည်းတော့ ဝယ်ကိုင်ကြမည်။ တန်ဖိုးနည်းသော ဖုန်းများကြောင့် လူငယ်တွေ ဘဝတွေ အချိန်တွေ တန်ဖိုးကြီးစွာ ပေးဆပ် ရတော့ မည် ဖြစ်သည်။မည်သို့မျှမတတ်နိုင်ပေ။မြန်မာတွေသည် တန်ဖိုးမရှိသည့် အသုံးဆောင် ပစ္စည်းနဲ့ မထိုက် တန်ပေ။တန်ဖိုးမရှိသော ပစ္စည်း ကို တန်ဖိုးမရှိ သလို သုံးတော့မည့် လူငယ်တွေ အတွက် သူကြီးနွား အလကား ကျောင်းမိသော ကျနော် နေဝင်း စိတ်မကောင်းပေ။ တောင်းဆိုသူတွေ ပြန်ပေးဆပ်လိုက်ရတာ တန်ဖိုး မနည်းသည်မှာ အမှန်ဖြစ်သည်။
ဒီမိုကရေစီ ဆိုတာ ကိုယ်ဖြစ် ကိုယ်ခံလား ?
ကိုယ့်ဖြစ်သမျှအကြောင်း အစိုးရခံမလား ? မသိတော့ပြီ။
လစာ ပေးနိုင်သည် မပေးနိုင်သည် ကအစိုးရ ကိစ္စသာဖြစ်သည်။အရွယ်ရောက်သူများ စစ်မှုမထမ်းမနေရ
ဥပဒေကိုသာ မျှော်နေမိသည်။
နေဝင်း
အမျိုးအစာ
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်