Pages

Saturday, 16 March 2013

မင်းတုန်းမင်းခေတ်က ဦးဖိုးလှိုင် မိုးကုတ်စာချုပ်ဆွဲစုပ်ပစ်တဲ့ ခေတ်မဟုတ်တော့ဘူး ဦးဝင်းတင်ရေ.


"တရုတ်နဲ့ စာချုပ်ဖျက်လို့ အနောက်နိုင်ငံတွေ မယုံကြည်မှာ မပူနဲ့၊ တရုတ်နဲ့ ပျက်မှ အခြားနိုင်ငံတွေ ဝင်လို့ရမှာ။ သူတို့ မဝင်လာသေးတာက တရုတ်နဲ့ ပြဿနာဖြစ်နေလို့ ယုံကြည်စိတ်ချမှု မရှိလို့ မဟုတ်ဘူး။ ဒါနဲ့ ဘာမှမဆိုင်ဘူး။ လုပ်ကတည်းက ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာလုပ်ခဲ့ တာမဟုတ်ဘူး။ တရုတ်နဲ့ စာချုပ်ပျက်လို့ရှိရင် အနောက်နိုင်ငံတွေက မယုံကြည်မှာ စိုးတယ်ဆိုတာ လုံးဝမဟုတ်ဘူး။


မြန်မာပြည်မှာ ယုံကြည် စိတ်ချရတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ မရှိတာရယ်၊ ရင်းနှီးမြှုပ်နှံသူ တွေကို အကာအကွယ်ပြုမယ့် ဥပဒေတွေ မရှိတာ၊ ပြီးတော့ လိုအပ်နေတဲ့ လျှပ်စစ်မီး၊ ရေမြေသဘာဝနှင့် အခြား လိုအပ်ချက်တွေ မပြည့်စုံတာရယ်။ အဲဒါတွေ ကြောင့်သာ ထင်သလောက် မဝင်လာတာ ဖြစ်တယ်။ တရုတ်နဲ့ ဆက်ဆံရေးကြောင့် မဟုတ်ဘူး" ဟု ဆရာ ဦးဝင်းတင်က ပြောကြားလိုက်သည်။

မတ်လ ၁၂ ရက်နေ့ထုတ် News Watch သတင်းဂျာနယ်ပါ
“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ယုံကြည်စိတ်ချရမှု လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသော်လည်း ဦးပိုင်နှင့် တရုတ်ဝမ်ပေါင်ကိစ္စ ယုံကြည်စိတ်ချရမှုနှင့် မဆိုင်ဟု ဦးဝင်းတင် ပြောကြား” သတင်းမှ ကောက်နုတ်ချက်

Voice of the Day

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်