Pages

Saturday, 16 March 2013

ပလိပ်ရောဂါ (သို့မဟုတ်) ဒေါ်စုကပ်


ဒေါ်စုတင်ပြတဲ့လက်ပတောင်းတောင်အစီရင်ခံစာကိုပည်တွင်ပြည်ပနိုင်ငံရေးလုပ်ရှာသူတွေက ပြင်းထန်စွာ ကန့်ကွက်နေကြတာကို တွေ့ရပါတယ် ဘာကြောင့်ဆိုတော့ ကျနော်အနေနဲ့ အရှေုမှာလည် ရှင်းပြခဲ့ပါတယ်.. အခုကျနော်ကူးယူလာတဲ့ ပိုစ်ကိုအစဆုံးဖက်ကြည့်ပါ ပြီးတာနဲ့ ဒီလူတွေ မြန်မာနိုင်ငံကို ချောက်ထဲကို တွန်းချနေတယ်ဆိုတာ ပေါ်လွင်လာပါမယ် အဲဒီမှာ အတိုင်ဖောက်ညီစွာနဲ့ လက်ပတောင်းတောင် အစီရင်ခံစာကို တင်ပြတဲ့ ဒေါ်စုကို ကွန်မန့်တွေနဲ့ အပုတ်ချနေတဲ့ သူတွေက Aung Tin ဆိုတဲ့ ရိုဟင်ဂျာအကျိုးတော်ဆောင်နဲ့ Kyi Kyi Khin (DVB သတင်းဌာန) တို့ဖြစ်ပါတယ်......... ကယ်ဖက်ကြည့်ပါ


ပလိပ်ရောဂါ (သို့မဟုတ်) ဒေါ်စုကပ်

  ===========================
ဒေသခံတွေ မကျေနပ်ရင် ကျွန်မကို ဆန္ဒုပြနိုင်တယ်ဆိုတဲ့ စကားက လူထုကို စိန်ခေါ်တဲ့ စကားပဲ ။ လူထုကို ချောင်ပိတ် ရိုက်ပြီး ဘာလုပ်ချင်သလဲ မေးတဲ့မေးခွန်းပဲ ။

တဖက်က ဦးပိုင်ဆိုတဲ့သူတွေက နေ့မကူးသေးဘူး ဟတ်တတ်လဲမတတ် အစီရင်ခံစာကို ထောက်ခံတဲ့စာထုတ်ပြီးပြီ။ စာချုပ် ပြင်ဆင်ချုပ်မယ်လို့ ဆုံးဖြတ်ပြီးပြီ ။ မြေဧက ၇ထောင်ကျော်ကို စိုက်ဧကက ၅ထောင်မို့လို့ ၅ထောင်စာပဲလျှော်ကြေးပေးမယ် လို့ ဂျာနယ်မှာဖော်ပြပြီးပြီ ။ လက်ပံတောင်း ပြည်သူတွေက အစီရင်ခံစာကို လက်မခံကြောင်း ဆိုင်းဘုတ်ပဲ ရေးပြီးသေးတယ် ။ ဒါကို ကြည့်ရင် ကော်မရှင်နဲ့ ဦးပိုင်နဲ့ တကြိတ်ထဲ တဥာဏ်ထဲဆိုတာ ပြတာပဲ ။ ဆယ်တန်း စာမေးပွဲမှာ မသမာတဲ့နည်းနဲ့ မေးခွန်းကြိုရအောင် လုပ်ပြီး ဆေးတို့ စက်မှုတို့ ဝင်အောင်လုပ်တဲ့နည်းပဲ ။

ဦးပိုင်ကို ဂုဏ်ထူးပေးတဲ့နည်းပဲ။ အခု ဒေသခံတွေကို အချိန်မပေးပဲ သပိတ်စခန်း ဖြိုခွင်းတာတွေက ကော်မရှင်နဲ့ ဦးပိုင် ပူးပေါင်းကြံစည်မှုရဲ့ ထင်ရှားတဲ့ သက်သေပါပဲ ။ဒါကိုပဲ တရားမျှတပါတယ်။ ကော်မရှင်တော်ပါပေတယ် ပြောကြတဲ့သူတွေ မေးပါရစေ။ ကော်မရှင် ဘာတော်တာလဲ ။ လူ လူချင်း ကလိမ်စေ့ ငြမ်းဆင်ပြီး ဦးပိုင်အတွက် တောခြောက်ပေးတဲ့နေရာမှာ တော်တာလား ။ ဒီ စီမံကိန်းရဲ့ အခွန် သတ်မှတ်ချက် ၈.၈% ( တကယ် ဆောင်မဆောင် မသိ) ရှိတာကို နိုင်ငံတော်အတွက်လို့ လိမ်ညာပြီး ဦးပိုင်ကို နောက်ထပ် ငွေ နည်းနည်းထပ်ပေးခိုင်း တဲ့ နေရာမှာ တော်တာလား ။ နောက်ပြီး ခု ချက်ခြင်းလက်ငင်း လျှော်ကြေးပေးပြီး ဒီကိစ္စကို စစ်အစိုးရ အလိုကျ ရှင်းလင်းနေတာကရော ကော်မရှင် ဥက္ကဌ ဒေါ်စုရဲ့ အတော့် တကာ အတော်ဆုံးလား ။

လူသားချင်း စာနာစိတ်ထားပြီး ရိုးရိုးတွေးပေးဖို့လိုပါတယ် ။ ဒီ စီမံကိန်းက တိုင်းပြည်အတွက် ဆိုရင် တိုင်းသူ ပြည်သားတွေ ဘာအကျိုးခံစားမှုရှိမှာလည်း ဆိုတာ ဒီအချိန်မှာ ပွင့်ပွင့်လင်းလင်း ပြောကို ပြောရမယ် ။ အရင်လို ဦးသိန်းစိန်နဲ့ ဆွေးနွေးတုန်းကလို လုပ်လို့မရ ။ ဒီလိုမပြောပဲ တိုင်းပြည်အတွက် ဆိုပြီး စဥ့်တီတုံးပေါ် လည်စင်း ခိုင်းတဲ့ပုံစံ တော့ ဘယ်သမိုင်းမှာမှ မရှိသေးဘူး ။ ဘယ်နိုင်ငံရဲ့ အရေးကိစ္စတွေ မှာမှ မပေါ်ပေါက် သေးဘူး ။ ပြောကြည့်ပါ ဒီဒေသမှာ လုပ်တဲ့လုပ်ငန်းကြောင့် ဒေသခံတွေ ဘာတွေရရှိမလဲ ။ နောက် တိုင်းပြည်ကောင်းဖို့လို့ ဆိုတဲ့ အတွက် တိုင်းသူပြည်သားတွေ ဘာတွေရမလဲ ။ တိုင်းသူ ပြည်သားတွေက အုပ်စိုးသူတွေ ထက် သဘောထားကြီးတဲ့သူတွေပါ ။ ခေါင်းဆောင် ဆိုသူတွေထက် နှလုံးသား မြင့်မြတ်သူတွေ ဆိုတာ သမိုင်း သင်ခန်းစာတွေ အများကြီးပါ ။

အစီရင်ခံစာမှာ စီမံကိန်းဆက်လုပ်ဖို့ ဇောင်းပေးပြီး ငွေနည်းနည်း ထပ်ပေးဖို့ အနှစ်ချုပ်ထားတာကလွဲလို့ ဘာမှမပါဘူး ။ မီးလောင်ဗုံး ကိစ္စမှာလည်း အရှက်မကွဲရုံ ထည့်ထားမျိုးပဲ ဖြစ်တယ် ။ ဒါတွေကို မျက်ကွယ်ပြုပြီး မတရားခံရသူကို ဝါးကူထိုးကြတာ လူမဆန်တဲ့ လူသားတွေ ဖြစ်နေပြီ ဆိုတာ သတိပြုဖို့လိုပါတယ် ။

ဒီကိစ္စက တိုင်းပြည်နဲ့ ဆိုင်တဲ့ကိစ္စ ၊ မှီတင်းနေထိုင်တဲ့ ပြည်သူပြည်သား အပေါင်းနဲ့ ဆိုင်တဲ့ ကိစ္စ ဆိုတာ ငြင်းမရဘူး ။ ဒေသခံတွေကို မြန်မြန်လျော်ကြေးပေး မြန်မြန်ပြီး ဆိုတဲ့ လုပ်ရပ်ကို ဒေါ်စု လုပ်ဆောင်နေတာ တွေ့ရတာ အကျည်းတန်လှတယ် ။ အလားတူ ဖြစ်ရပ်မျိုးတွေ ကမ္ဘာမှာ ဖြစ်ပွားပြီး ဆိုးကျိုးရလဒ်တွေကို ဆိုင်ရာ ဆိုင်ရာဒေသတွေမှာ ခံစားနေရတာ အများကြီးပါ ။ဒီလို စီမံကိန်းတွေကနေ ကောင်းကျိုးရလဒ် ထွက်လာတယ် ဆိုတာ စာလုံး တလုံးနဲ့တောင် မှတ်တမ်းတင်ထားတာမျိုး မရှိပါဘူး ။ ဆိုးကျိုးရလဒ်တွေက သာမန်တောင် မဟုတ်ပဲ လူသားမျိုးနွယ်ကို ထိခိုက်တဲ့ ဆိုးကျိုးတွေ ဆိုတာ တွေ့နိုင်ပါတယ် ။

သဘာဝ ဘေးအန္တရာယ် ကပ်တွေ ကြုံရပါမယ် ။ ဒီ အန္တရာယ်ဟာ ချက်ခြင်းကြုံတွေ့ ရမှာမဟုတ်ပါဘူး ။ ရုရှ ချာနိုဗိုင်း၊ အိန္ဒိယ ဘိုပါး ၊ ဘီပီ ကုမ္ပဏီရဲ့ ရေနံ ယိုစိမ့်မှု တွေက လူ့သမိုင်း စာမျက်နှာတွေကနေ ပျောက်ကွယ် မသွားသေးဘူး ။ လက်ရှိ အခြေအနေမှာ သေနတ်ပစ်ခံရတဲ့ လူသေ အလောင်းလိုတော့ လက်ဆုပ် လက်ကိုင် မပြနိုင်ပေမဲ့ နောင်မှာ လူသား မျိုးနွယ် ပျောက်ကွယ်မှာတော့ သေချာပါတယ် ။ သေချာကြောင်းလဲ အမေရိကန် ဝိဇ္ဇာနဲ့သိပ္ပံ တက္ကသိုလ်က ထုတ်ဝေတဲ့ ဒီးဒလပ် စာစောင်မှာ ပညာရှင်တွေ အများအပြား ရှုဒေါင့်စုံကနေ ရေးသားထားပါတယ် ။ အခုချိန်မှာ နိုင်ငံပေါင်း ၁၀၉ နိုင်ငံက သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်ဖို့ ဥပဒေတွေ ပြဌာန်းပြီး ၊ ၁၁၈ နိုင်ငံတွေက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်တဲ့ လက်တွေ့ စီမံကိန်းတွေ လုပ်ဆောင်နေပြီလို့ ရေးပါတယ် ။

နုမ်ချောင်စကီ ကလည်း လူသား မျိုးနွယ်ကို ထိခိုက်မဲ့ အန္တရာယ်ကပ်ဟာ တဖြည်းဖြည်း နီးလာနေပြီး သူတို့ရဲ့ မြေး သက်တမ်းတောင် လွတ်ကင်းမယ် မသေချာဘူးလို့ ပြောတယ် ။ ဒီလို သဘာဝ ဘေးအန္တရာယ်ကပ်တွေ လူသားတွေကို ခြိမ်းခြောက်နေတဲ့ အချိန်မှာ အစီရင်ခံစာမှာ လက်ပံတောင်းတောင်ဒေသ ဘာမှဖြစ်တာမျိုး မတွေ့ရဘူး။ ရေ နည်းနည်းနောက်တယ် ။ လေထဲမှာ ဖုံနည်းနည်းထူတယ် ဆိုတာလောက်ပဲ ပြောပြီး စီမံကိန်းကို ဆက်လုပ်ခွင့် ပြုတာဟာ မရိုးတကာ့ မရိုးသားဆုံးမှာ ဖောက်ပြန်မှုပါတဲ့ မရိုးသားမှုပါပဲ။ လက်ပံတောင်းတောင်လား ပျောက်ကွယ်သွားမှာပေါ့ လို့ ဒေါ်စု လွယ်လွယ်နဲ့ပြောထွက်တာ နားထဲကို သံပူရည်လောင်းခံရသလိုပါပဲ ။

သူ ဘာလို့ ဒီလိုပြောထွက်တာလဲ လျော်ကြေးလဲ ရပြီးပြီ ၊ ဥပဒေ ကြောင်းအရလဲ ရင်ဆိုင်ပြီးပြီ ၊ ဒါပေမဲ့ ကနေ့ အချိန်ထိ လူစဉ်မမှီတဲ့ မျိုးဆက်တွေသာ ရလာရပြီး အကူအညီမဲ့ လူ့အဖွဲ့အစည်း ပြင်ပရောက်ရတဲ့ ဘိုပါး စက်ရုံနားကလူတွေနဲ့ တွေ့ဆုံပြီးရင် ရော ဒီလို ပြောထွက်ပါ့မလား ။ ဗမာပြည်မှာ သူ့လောက် ပညာတတ်တဲ့သူ ဘယ်သူမှမရှိဘူးလို့ ရည်ညွှန်းခံရတဲ့ နိုင်ငံရေးသမား တယောက်ရဲ့ ပညာတတ်အမြင်က ပြည်သူ ပြည်သားတွေရဲ့ ဘဝ ၊ တိုင်းပြည်ရဲ့ သဘာဝဘေးအန္တရာယ်ကို ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်နေပြီလို့ ဆိုချင်ပါတော့တယ်။

ရဟိုင်းသူ ။


ဒီကနေ ဖော်ပြတာပါ --->>

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်