Pages

Sunday 24 March 2013

“လူကုန်ကူးသူများ၏ အံ့သြ တုန်လှုပ်ခြောက်ခြားဖွယ် ရက်စက်မှုများ


ပြောပြသူ(၁)


ကိုစန်းထိုက်ဝင်း၊ အသက်၃၀နှစ်၊ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း(၆) ရပ်ကွက် (လှေတွင် ၅လနှင့်၂၄ရက်) လူကုန်ကူးသူများ ဓါးဖြင့် ၀ိုင်းခုတ်သတ်သဖြင့် လက်နှင့် လည်ပင်းတို့တွင် ရရှိခဲ့သော် ဒဏ်ရာများကြောင့် ၆လကျော်ကျော်နားနေခဲ့ရသည်။


ကိုစန်းထိုက်ဝင်း က ကြက်သားစက်ရုံသို့ လုပ်ရန်လာကြောင်း လှေသို့ မလိုက်ချင်ကြောင်း ပြောသဖြင့် ၀ိုင်းရိုက် ကြရာ နာကြင်လွန်သဖြင့် လက်ဖြင့် ကာကွယ်သည်ကို ကာကွယ်ရကောင်းလားဟု ဆိုကာဓါးဖြင့် (အစိုင်း+ ကပ္ပလီ+ အေးမြင့်+ကရင်နှင့်ဘိုဘို)ဆိုသူ တို့က ၀ိုင်းခုတ်ကြသဖြင့် ကိုစန်းထိုက်ဝင်း ၏ ညာဘက်   လက်ကောက်ဝတ် ပတ်လည် နှင့် လက်မောင်းအပြင် ဘယ်ဘက်လည်ပင်းတို့တွင် ဓါးဒဏ်ရာ များရရှိခဲ့သည်။
၂၀၁၂ နှစ်ဆန်း ပိုင်း တွင် ကိုစန်းထိုက်ဝင်း ရောက်ရှိလာခဲ့ပြီး ၂ပတ်ခန့်အကြာတွင် အသက် ၃၅ နှစ် အရွယ်ခန့်ရှိသည့် ပဲခူးတိုင်း က၀မြို့နယ်ဘက်မှ ဗမာလူမျိုးတစ်ဦး(ကိုမျိုး၏တပည့်)သည် လှေပေါ်မှ လူ၂ဦး အားသနားသဖြင့် လွတ်မြောက်အောင် အကူညီပေးခဲ့သည်။ ထိုသို့ကူညီပေးသည်ကို သိရှိသွားသဖြင့် ဂိုဏ်းခေါင်းဆောင် ကိုမျိုး က ခြေ ထောက်ဖြင့်ကန်ကျောက်လိုက်သဖြင့် ထိုသူမှောက်လျှက်လဲနေစဉ်၊ (ကရင်နှင့်နေစိုးထွန်း)ဆိုသူတို့က ထုတ်တန်းတွင်ချီထားသည့်ကြိုးဖြင့် လည်ပင်းကိုစွတ်လိုက်သည်။ ထို့နောက်နောက် အောက်မှ ခုံဖြင့် ခုထားသည်။


ခဏအကြာတွင် ခုံကို ကန်ထုတ်လိုက်သဖြင့် ကြိုးတန်းလန်းဖြင့် လျှာထွက်ကာသေဆုံးလေတော့သည်။ ထိုဖြစ်စဉ်အား ကိုစန်းထိုက်ဝင်း နှင့် အခြားအလုပ်သမား ၆ဦးခန့် ရှိသည်။ ညမှောင်သွားသည့်အခါ ပလပ်စတစ် အိပ်အနက်တွင်ထည့်လျှက် ဆိုင်ကယ်ဘေးတွဲတွင်ထည့်ကာ ဆံရှည် ဆိုသူ(ရေထဲပြစ်ချ ခံခဲ့ရသူ) သယ်ယူသွားခဲ့သည်။


နောက်တစ်ပတ်ခန့် အကြာတွင် အသက် ၁၈နှစ်အရွယ်ခန့် ပဲခူးတိုင်းက ဗမာလူငယ် တစ်ဦး(အ ဓမ္မပြု ကျင့်ခံရပြီး သတ်ဖြတ်ခံရသည့် ကရင်အမျိုးသမီးနှင့် အတူတူပါလာသည့်လူငယ်) အားလှေပေါ်သို့ ထည့် လိုက်သည်။၁၅ရက် ခန့် အလုပ်လုပ်ပြီး မလုပ်ချင်သဖြင့် ခုန်ချရာ ငါးကဲ့သည့်လှေဖြင့် ပြန်ခေါ် လာခဲ့သည်။ ထို့နောက် ဂိုဏ်းခေါင်းဆောင် ကိုမျိုး က ထိုလူငယ်ကို လမ်းစရိတ်များက ကျောက်ခဲသလဲ မဟုတ်သဖြင့် ထိုသို့လုပ်၍ မရကြောင်း၊ ထိုအခါ လူငယ်က မိဘ များထံပြန်မှာ၍ပေးမည်ဖြစ်ကြောင်း   ပြောဆိုသည်။ ကိုမျိုးက လိုချင်သည်မှာ ငွေမဟုတ်ပဲ၊ မင်းအသက်ကို ပဲယူမည်ဟု ပြောဆိုကာ ထိုလူငယ်အား   ကော်စေ့သေနတ်ဖြင့် နားထင်ကို ပစ်သတ်လိုက်ပါသည်။


များမကြာမီတွင် ထွက်ပြေးရန် ကြံစည်သည်ဟု ဆိုကာ ဗမာအလုပ်သမား ၃ ယောက်အားအခန်း ထဲသို့ခေါ် လာ ခဲ့သည်။ ထို့နောက် ၀ိုင်းထိုးကြိတ်ကြသည်။ ယခုတစ်ကြိမ် တွင်ခွင့်လွှတ်ရန်   တောင်းပန်ကြ သော် လည်း(ကိုမျိုး+ချာလီ+ကရင်+နေစိုးထွန်း+အစိုင်း) တို့က ၃ဦးစလုံး ကို တုတ်များဖြင့် မသေမချင်း ၀ိုင်းရိုက် သတ်ပစ်ခဲ့ကြသည်။


လွန်ခဲ့သည့် ၂၀၁၃ ဇူလိုင်လ က အသက်၃၈ နှစ်ခန့် ကိုမောင်ငယ် ဆိုသည့် ဗမာအလုပ်သမားတစ်ဦးကို အခန်းသို့ ခေါ်လာခဲ့ပြီးနောက် ရင်ဘတ်ကို (နေစိုးထွန်း)ကကန်ကျောက်ပြီး ကိုမျိုးက လက်သီးဖြင့် ထိုးလိုက် သဖြင့်မေ့မြောသွားခဲ့သည်။ သတိပြန်ရအောင် ခြေမကိုချိုးပြီး အခန်းဘေးတွင်ရှိသော သစ်ပင်အောက်တွင် လက်နှင့် ရင်ဘတ်၊ ခြေထောက်တို့ကို သစ်ပင်တွင်ချည်နှောင်လိုက်သည်။ ထို့နောက် နေစိုးထွန်း က ခါချဉ်ထုတ် ကို ချိုး၍ကိုမောင်ငယ် ပေါ်သို့ ပစ်ချလိုက်သည်။ မခံနိုင်၍ အော်ဟစ်ရာ ကိုမျိုး က သတင်းစာ များကို ရေဆွတ်ပြီးလုံးချေကာ ကိုမောင်ငယ် ပါးစပ်သို့ ထိုးသွင်းလိုက်သဖြင့် အော်သံထွက်မ လာတော့ပါ။


ထို့နောက် အခန်းသို့ ပြန်လာပြီးနောက်(ကိုမျိုး+နေစိုးထွန်း+ကရင်+ကိုစိုင်း) တို့ ဘီယာထိုင် သောက်ကြ ပါသည်။ ၂နာရီခန့်အကြာ ဘီယာသောက်ပြီးနောက် ညှင်းဆဲထားသည့် ကိုမောင်ငယ်အနားသို့ လူကုန်ကူး ဂိုဏ်း သား၎ဦးလုံး ပြန်သွားခဲ့ကြသည်။ ထို့နောက် ခေါင်းဆောင် ကိုမျိုးက သစ်ပင်တွင်ချီနှောင်ထားသည့် ကိုမောင်ငယ် ၏ ၀မ်းဗိုက်ကို ဓါးဖြင့်ခွဲပစ်လိုက်သည်။ ထိုနောက် သစ်ရွက်များကို မီးရှို့လျှက်   ကော်ဘောပင် အား မီးကူးစေကာ ကိုမျိုး ကိုယ်တိုင် ကော်စက်များဖြင့် ခွဲထားသည့် ဗိုက်နေရာသို့ တစက်ခြင်း ချ၍ ကိုမျိုး အပ်ဖြင့် ချုပ်ပေးခဲ့ပါသည်။ ထို့နောက် ကြိုးဖြေပေးပြီးနောက် အခန်းအတွင်းသို့သွင်း ယူလာခဲ့ရာ အခန်းထဲတွင် ညဥ့်အချိန်တွင် သေဆုံးသွား ခဲ့သည်။


ပြောပြသူ(၂)။ ။ ကိုခင်ဇေါ်ဝင်း၊ အသက် ၄၆နှစ်၊ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ၀ဲပျံကျေးရွာ၊(လှေတွင် ၅လ ၂၅ ရက်ကြာခဲ့သည်) ၂၀၁၃ မတ်လ ၁ ရက်နေ့က အလုပ်သမားများကို ပိတ်လှောင်ထား သည့် (လှေပိုင်ရှင်ငှါးရမ်းပေး ထားသည့် အလုပ်သမားများနေထိုင်သည့်အခန်း) တွင်(အလုပ်သမား၇ ယောက် အုပ်စု) က လှေဆင်းရမည်ဟု သိရ သဖြင့် ထွက်ပြေးသည့် အလုပ်သမားတစ်ဦးအား ပြန်ဖမ်းဆီးလာ ခဲ့ပြီး နောက် အလုပ်သမားများရှေ့တွင် ပွဲစားအုပ်စု များ ၀ိုင်းရိုက်သတ်သဖြင့် အသက် ၂၀ ခန့်အရွယ် ဗမာအ လုပ်သမား ငယ်တစ်ဦးသေဆုံးသွားခဲ့ရသည်။


ပြောပြသူ(၃) ဇေါ်မျိုးလွင်၊ အသက် ၄၂နှစ်၊ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ နတ်ခွန်လေးရွာ (ငါးဖမ်းလှေတွင် တစ်နှစ်တိတိကြာခဲ့သည်) ဧရာဝတီတိုင်းမှ အသက် ၁၉ နှစ်အရွယ်ခန့် ၀တုတ်(ခ)ဆံရှည် ဆိုသည့်( လူကုန် ကူးသည့်ဂိုဏ်အဖွဲ့ဝင်)တစ်ဦး ကို ၂၀၁၂နှစ်သြဂုတ်လ က (လှေပိုင်ရှင်ငှါးရမ်းပေး ထားသည့် အလုပ်သမား များနေထိုင်သည့်အခန်း) တွင် လူကုန်ကူး သည့်ဂိုဏ်းအဖွဲ့သားများ(ခေါင်းဆောင် ကိုမျိုး+အစိုင်း+ ကပ္ပလီ+ အေးမြင့်) တို့က သစ္စာဖေါက်သည်ဟုဆိုကာတုတ်ဖြင့် ၀ိုင်းရိုက်ကြသည်။


ထို့နောက် ပေါင်ဒါမှုန့်များလိမ်း ပေးခြင်း၊ ရေမွှေးများဖြန်းပေးခြင်း များပြုလုပ်ပြီး နောက် အသုံးမပြု သည့်   လှေတစ်စီးသို့ ခေါ်ဆောင် သွားသည်။ လက်ကိုနောက်ဘက်တွင်ကြိုးတုတ်၊ခြေထောက် တွင်သံကြိုးများ ၊ကျောက် ခဲများ ချည်နှောင်ချိပ် ဆွဲပြီးနောက်ပင်လယ် ထဲသို့ပစ်ချလိုက်သည်။


ဂိုဏ်းခေါင်းဆောင် ကိုမျိုးသည် (ပဲခူးတိုင်း၊ကျောက်ကြီးမြို့မှ အသက် ၃၀ ကျော်ခန့်အရွယ်ကရင်အမျိုးသမီး   တစ်ဦးကို ပြည်တန်ဆာ အလုပ်လုပ်ခိုင်းရာ မလုပ်ဟု ငြင်းဆိုသဖြင့် ၂၀၁၂ ခု စက်တင်ဘာလ က ၎င်းတို့ အုပ်စု (ခေါင်းဆောင်ကိုမျိုး+အစိုင်း+ကပ္ပလီ+ အေးမြင့်) တို့ တံတားတစ်ခုအောက်ကို ဆိုင်ကယ်ဖြင့်   ခေါ်ဆောင် သွားကြီး ၀ိုင်းဝန်း အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သည်။ထို့နောက် အလောင်းကို ရေထဲသို့ ပစ်ချခဲ့သည်။
-----------------------------
Kyaw Swar Myint shared Aung Khant's photo.

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်