Pages

Saturday, 2 March 2013

နော် ခမ်း အတွက် နာပါတယ် မတရားပါဘူးလို့ အော်နေတဲ့သူတွေ မေးစမ်းပါဦးမယ်ဗျာ



၁ ။ နော်ခမ်းကို နိုင်ငံ ဘယ်နှစ်နိုင်ငံက အလိုရှိနေပါသလဲ ။
၂ ။ နော်ခမ်းဟာ နိုင်ငံ ဘယ်နှစ်နိုင်ငံမှာ နိုင်ငံသား ခံယူထားပါသလဲ ။
။ နယ်စပ် ဒေသမှာ ဘာပြစ်မူ့များ ကျူးလွန်ထားပါသလဲ ။
၎ ။ ၄ နိုင်ငံဇုံ ဒေသရဲ့ ဥပဒေကိုရော သိပါသလား ။
၎ ။ နိုင်ငံသား ရာဇ၀တ်လူကို ၁ ခြားနိုင်ငံက ဖမ်းစီးမူ့မှာ လွှဲပြောင်းခွင့်ဟာ ဘာတွေလဲ သိပါသလား။
၅ ။ တရုတ်နိုင်ငံ၏ ပြည်မကြီးတွင်းရှိ မူးယစ်ဆေး ဥပဒေကိုသိပါသလား ။


၆ ။ တရုတ်နိုင်ငံ၏ နယ်စ်ဒေသ အိမ်နီးချင်းနိုင်ငံများနှင့် သဘောတူညီ မူးယစ်ဆေး ဥပဒေသိပါသလား ။
၇ ။ နိုင်ငံတကာ မူးယစ်ဆေး ဥပဒေ နိုင်ငံတိုင်း လိုက်နာဆောင်ရွက်ရမည့် ဥပဒေသိပါလား ။

နိုင်ငံ တကာမူးယစ်ဆေး ဥပဒေမှာ မည့်သည့်နိုင်ငံသားမဆို ပြစ်မူ့ကျူးလွန်ပါ က နိုင်ငံတကာ သဘောတူညီမူ့ တည်ဆဲ ဥပဒေ အရဆောင်ရွက်ခွင့်ရှိသည် ။
နိုင်ငံ ၁ နိုင်ငံ၏ ရာဇ၀တ်သားကို လွှဲပြောင်းခြင်း စာချုပ် ချုပ်ဆိုထားလျှင်ဖြစ် မထားသည်ဖြစ်စေ နိုင်ငံ အများစု အလိုရှိသည့် ရာဇ၀တ်သားအား ထိုစာချုပ်မရှိလျှင်လည်း နိုင်ငံ ဥပဒေနှင့် အညီ ဆောင်ရွက်ခွင့်ရှိသည် ။ ထိုအပြင် နိုင်ငံတကာ သဘောတူညီမူ့ ဥပဒေသည် ။

မည်သည့်နိုင်ငံသားဖြစ်စေ မူးယစ်ဆေး ဥပဒေနှင့်အညီ ထိုရာဇ၀တ်သား နိုင်ငံအား အကြောင်းမကြားပဲ ဥပဒေ အတိုင်းဆောင်ရွက်ခွင့်ရှိသည် ။
၎င်း နော်ခမ်းသည် နိုင်ငံ ၃ နိုင်ငံတွင် နိုင်ငံသား အဖြစ် ခံယူထားသည် ။ ထိုအချင်းအရာနှင့်ပင် နိုင်ငံသား ၁ ဦးအား ပြစ်ဒါဏ်ချမှတ်သည်ဟု၍ပင် ထိုပြစ်မူ့အတွက် စီရင် ပိုင်ခွင့်ရှိသည် ။

ခင်ဗျားတို့ကိုမေးပါရစေဗျာ ။ ပြစ်မူ့ကျူးလွန်သူကို ကာကွယ်ပေးချင်တာလား ။ ဘာလုပ်ချင်တာလဲ ။
သတိရော ထားမီလား ။ တရုတ်နဲ့မြန်မာကိုတိုက်ပေးတာ ဒီသတင်းထွက်တာ ဘယ်ကထွက်ခဲ့တာလဲဆိုတာ ။ သေချာလေ့လာကြပါဦးဗျာ ။

နော်ခမ်း ၁ ဦးတည်းမဟုတ်ဘူးဆိုတာရော သိပါတယ်နော် ။ ခုလက်ရှိ ပြစ်မူ့ပေါင်းများစွာနဲ့ စွဲချက်တွေမှာ နိုင်ငံတကာ မူးယစ် ဥပဒေက အကြီးဆုံးပဲဆိုတာ မသိရိုးမှန်လား ။
မမြင်ချင်ယောင် မသိချင်ယောင်ဆောင်နေတာလား ။

ဘာလဲ နော်ခမ်း ရုပ်ထုတောင် ထုပြီး ဂုဏ်ပြုဦးမယ်ဟုတ်စ ။ တော်တော်တော် ခင်ဗျားတို့က မယောင်ရာ ဆီလူးဖို့ချောင်းနေတယ် ။
ခု ဆက်ဆံနေတာ ပြည်တွင်းမဟုတ်ဘူးနော် ။ နိုင်ငံ တကာနဲ့ ဆက်ဆံနေရတဲ့ ဥပဒေဖြစ်နေတယ်ဆိုတာ သတိလေးတော့ထားပါ ။ နွားခြေရာခွက်ထဲကနေ သမုဒ္ဒယာကြီးလို့ထင်မနေပါနဲ့ဗျာ ။ ဘေးပြောတိုင်း လိုက်ပြီး ယိမ်းမနေပါနဲ့ ။
အဖြစ်အမှန်နဲ့ တည်ဆဲ ဥပဒေ ၊ နိုင်ငံတကာ ဥပဒေများ နည်းနည်း လိုက်ပြီး ဖတ်ကြည့်ပါ ။ ခင်ဗျားတို့ဒါမျိုး ပေါက်ကရအော်နေမဲ့အစား ။

စစ်ကြီး

1 comment:

  1. မြန်မာမှာလည်း မျက်စိပိတ် နားပိတ်နဲ့ သူများပြောရင် ယုံလိုက်ကြတဲ့သူတွေ
    အတော်များတာဘဲ ထစ်ကနဲရှိ ဆန္ဒပြမယ် အစိုးရဘာလုပ်လုပ် ဆန့်ကျင်မယ်
    ဆိုတဲ့ သူတွေ များတယ် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ တွေးခေါ်မျှော်မြင်တဲ့ သူ
    အရှားသား

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်