မြန်မာနိုင်ငံမှာ အင်တာနက်တွေ စပီး ပွင့်ပွင့်လင်းလင်း သုံးလာရချိန်မှာ လူအများစု စိတ်ဝင်တစား အသုံးပြုလာတာ ဖေ့ဘွတ်ပါပဲ....... ဖေ့ဘွတ်ရဲ့ အပြန်အလှန် ဆက်သွယ်ရေး နည်းစနစ် ကောင်းမွန်တာကြောင့် လူတွေ အသုံးများလာကြရင်း သတင်းတွေ ပြန့်နှံ့စီးဆင်းလာကြရင်းကေ
အဲ့ဒိအကောင့်တွေရဲ့ အဓိက လှုပ်ရှားလေ့ရှိတာဟာ ဆူဆူပူပူ ဖြစ်နိုင်တဲ့အခြေအနေ၊ တစ်နေရာရာမှာ ဆန္ဒပြမှု ကြီးမားလာမယ့် ပုံသဏ္ဍန်ရှိတာနဲ့ စတင် တာထွက်လာတာပဲ ဖြစ်ပါတယ်....... ထုံးစံအတိုင်း လူများစု အကြိုက် အစိုးရကို ပုတ်ခတ်ရင်း၊ ဆန္ဒပြပွဲ အရှိန်မြင့်အောင် မီးလောင်ရာ လေပင့်ရင်း မီးစာကို တင်လေ့ရှိကြပါတယ်...... အခြေအနေ မကောင်းရင် ပြန်လည် ငုတ်ရှိုးသွားကြသလို၊ သူတို့လိုချင်သလို အခြေအနေ မဟုတ်ပဲ ထွက်လာတဲ့ အဖြေဟာ တစ်မျိုးဖြစ်သွားရင် အများအတိုင်း ဖော်လိုလိုက်ရင်း ပြန်လည် ငုတ်ရှိုးသလို၊ ထွက်လာတဲ့ အဖြေကနေ နောက်ထပ် ဆန္ဒပြမှုတွေ ဖြစ်လာမယ့်အခြေအနေမျိုးကို ဦးတည်မယ်လို့ အရိပ်အယောင် မြင်လာရင် အများအတိုင်း ဖော်လိုလိုက်ရင်းကနေ လိုချင်တဲ့ လမ်းကြောင်းဘက်ကို Diversion လုပ်သွားလေ့ ရှိကြပါတယ်......
ဥပမာအားဖြင့် အခုလက်ရှိ ဒေါ်စုလုပ်ရပ် မှန်တယ်၊ ဒေါ်စု အစီရင်ခံစာဟာ ပြီးပြည့်စုံပါတယ် စသည်ဖြင့် အများအကြိုက်ဖော်လို လိုက်ရင်း၊ ဒေါ်စုဘက်က နာသလိုလိုနဲ့ မသိမသာ ကိုယ်လိုချင်တာကို ဇောင်းပေး မောင်းသွင်းနေတဲ့ လူတွေဟာ လက်ပံတောင်းမှာ ဆန္ဒပြမှု အရှိန်ပြင်းလာခဲ့စဉ်က ဘာတွေ ပြောခဲ့၊ ဆိုခဲ့တယ်ဆိုတာ သတိထားမိသူတွေ သိမှီကြပါလိမ့်မယ်...... တချိန်က ဟန်ဝင်းအောင် ဖယောင်းတိုင် ထွန်းတာမှသည် ဆန္ဒပြခဲ့တာမှန်သမျှ အားလုံးကို ထောက်ခံခဲ့တဲ့ ထိုလူတွေဟာ အခုတော့ ၁၈၀ ဒီဂရီကို လှည့်သွားပြန်ပါပီ.......
သူတို့နဲ့အတူ ဆန္ဒပြပွဲကို မထောက်ခံရင်၊ တရုတ်ကို မဆန့်ကျင်ရင်ပဲ အစိုးရဘက်တော်သားလို့ကို ဖော်ထုတ် စွတ်စွဲခဲ့ကြတဲ့ လူတွေပါပဲ.... ဆန္ဒပြပွဲတွေကို ထောက်ခံရေးခဲ့သလို ဒေါ်စုစကားတွေကိုတောင် ထီမထင်သလိုလို ရေးလာတာတွေ သိမှီခဲ့ကြသူတွေ မှတ်မိကြမှာပါ....... အခုတော့လည်း တစ်ချိန်က ပြောခဲ့တာ သူတို့မဟုတ်သလို အရေးအသားကို အထင်အရှားတွေ့လာရပါတယ်....
ဝမ်းနည်းစရာ ကောင်းတာက ပြည်တွင်းက စတ္တုတ္ထမဏ္ဍိုင်ထဲမှာ သတင်းကို သတင်းပီပီသသ ရေးနိုင်မယ့် မီဒီယာတွေ မတွေ့ရတာပါပဲ..... တစ်ခါတစ်လေမှာ မီဒီယာတွေကိုယ်တိုင် ဆိုက်ဝါးအတွက် အဓိက ဖွင့်ထားတဲ့ အကောင့်တွေရဲ့ မောင်းနှင်မှုကို ခံနေရတာ မြင်ရတာလည်း သံဝေဂ ရမိတယ်...... တစ်ချို့ ဆိုက်ဝါးအကောင့်တွေဟာ လူသိနည်းတဲ့ အကြောင်းအရာတွေကို အချက်အလက်တွေ စုံစုံလင်လင်နဲ့ တင်ပြပီး (သို့မဟုတ်) သတင်းကြိုတင်နိုင်ပီး သိပ်မကြာခင် သူတို့ တင်ပြချက်တွေကို နာမည်ကြီး မီဒီယာတစ်ခုမှာ ပါလာနိုင်အောင် စွမ်းဆောင်နိုင်စွမ်း ရှိနေတာလည်း သတိထားမိပါတယ်......
အွန်လိုင်းက လူအများစုရဲ့ အဓိက အားနည်းချက်ဟာ ဖြစ်လာတဲ့ ဖြစ်ရပ်တွေပေါ်မှာ ခံစားချက်ကို ရှေ့တန်းတင်လွန်းကြတဲ့အတွက်
ဒါကို ပိုပီးသိုက်ဝန်းစေဖို့က ဆိုက်ဝါးတွေက သူ့လူကိုယ့်ဘက်သားလိုလိုနဲ့
အဲဒိ ဆိုက်ဝါးတွေဟာ ထစ်ခနဲရှိ ကိစ္စရပ်တွေကို အစိုးရကို လွှဲချလေ့ရှိကြသလို၊ ဒေါ်စုအပါအ၀င် အတိုက်အခံတွေဟာ အစိုးရရဲ့ လှည့်ကွက်၊ လုပ်ရပ်ကြောင့် ဒီလိုပြဿနာမျိုး ဖြစ်ပါတယ်ဆိုပီး အမြဲလိုလို ဆိုက်ဝါးလုပ်လေ့ ရှိပါတယ်...... အဓိက ရည်ရွယ်ချက်ဟာ ထစ်ခနဲရှိ အစိုးရကို လွှဲချနေခြင်းမှသည် ဒေါ်စုအပါအ၀င် အတိုက်အခံတွေဟာ အစိုးရရဲ့ လှည့်သမျှ၊ လုပ်သမျှ ခံရတယ်ဆိုတဲ့ စိတ်ကို မသိမသာ ရိုက်သွင်းသွားစေတာပဲ ဖြစ်ပါတယ်.... ရလာဘ်ကတော့ အချိန်ကြာလာတာနဲ့အမျှ အတိုက်အခံတွေအပေါ် မြင်နေတဲ့ လူတွေရဲ့အမြင် ပြောင်းလဲလာသလို၊ အားကိုးမှု၊ ယုံကြည်မှုတွေကိုလည်း နှဲ့ယူတိုက်စားနိုင်အောင် စွမ်းလှပါတယ်....
ဆိုက်ဝါးကို ပေါ့ပေါ့သေးသေး မှတ်ယူလို့ မရပါဘူး.... ဆိုက်ဝါးတွေရဲ့ ဦးဆောင်မှုတွေကြောင့် လက်ပံတောင်းမှာ ဒေါ်စုကို ဘယ်လောက် အန္တရယ်ပေးခဲ့သလဲ လက်ရှိ ဖြစ်ရပ်တွေက သက်သေတွေပါပဲ...... အခုလက်ရှိ အွန်လိုင်းက ဆိုက်ဝါး၊ မြေပြင်က ဆိုက်ဝါးတွေဟာ ဆူပူမှု မဖြစ်ဖြစ်အောင် တိုက်တွန်းလှုံ့ဆော်နေရခြင်း
အဆိုပါ ဆိုက်ဝါးတွေကို ကာကွယ်နိုင်ဖို့က ခံစားချက်ကို ရှေ့တန်းမတင်ဖို့၊ ချင့်ချိန်ယုံကြည်ဖို့ အတွက် စာများများ ဖတ်ကြပါ၊ ဘယ်လိုလူတွေဟာ ဘယ်လိုတွေ ပြောလေ့ရှိပြီး ဘယ်အချိန်မှာ ဘယ်လိုပြောင်းလဲတတ်ကြသလဲ ဆိုတာတွေကို လေ့လာပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်......
Credit : James Mint
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်