Pages

Saturday 23 March 2013

မိတ္ထီလာမြို့တွင် တပ်မတော်မှ ပြည်သူလူထုနှင့် ပူးပေါင်းပြီး တည်ငြိမ် အေးချမ်းရေး အတွက် ဆောင်ရွက်နေမှု ဓါတ်ပုံ မှတ်တမ်း


တပ်မတော်မှ ၂၂-၃-၂၀၁၃ ရက်နေ့ ၁၅း၀၀ နာရီ အချိန်တွင် မိတ္ထီလာမြို့နယ် သို့ ရောက်ရှိပြီး ဒေသခံ များ၏ လုံခြုံရေးအတွက် ပြည်သူလူထုနှင့် ပူးပေါင်းပြီး တည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်လျက် ရှိပါသည်။ ယနေ့ ၂၃-၃-၂၀၁၃ ရက်နေ့ နံနက်ပိုင်းမှ စ၍ မိတ္ထီလာမြို့နယ်တွင် ပုံမှန်အတိုင်း ငြိမ်သက်လျက်ရှိပြီး တည်ငြိမ် အေးချမ်းလျက် ရှိပါသည်။

တပ်မတော်၊ ပြည်သူလူထုနှင့် စည်ပင်သာယာရေး အဖွဲ့များနှင့် မြို့အတွင်း သန့်ရှင်းရေးအား စတင် ဆောင်ရွက် လျက် ရှိသည်။ ကယ်ဆယ်ရေး လုပ်ငန်းများ အတွက် ထောက်ပံ့ရေး ပစ္စည်းများကိုလည်း ကူညီပံ့ပိုး ဆောင်ရွက် ပေးလျက် ရှိသည်။ 



သက်ဆိုင်ရာမှ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ကာ ဒုက္ခသည်များကို ဆန်၊ ဆား၊ ပဲနှင့် ထောက်ပံ့ ပစ္စည်းများ ဖြန့်ဝေ ဆောင်ရွက် ပေး လျက်ရှိသည်။ 


ကယ်ဆယ်ရေး လုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရ အဖွဲ့ တာဝန်ရှိ သူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက် ပေးလျက် ရှိသည်။ စေတနာရှင်များမှ လှူဒါန်းသည့် စားသောက်ကုန်နှင့် ကယ်ဆယ်ရေး ပစ္စည်းများကို ရန်ကုန်မြို့မှ Y-8 လေယာဉ် တစ်စင်းနှင့် ယနေ့ ပို့ဆောင်ပေးရန် စီစဉ်နေသည်။ 


ကယ်ဆယ်ရေး စခန်းများမှ နေရပ် အသီးသီးရှိ မိမိတို့နေအိမ် သို့ ပြန်လို သူများ ကိုလည်း သက်ဆိုင်ရာက လုံခြုံရေး တာဝန်ယူပြီး လိုက်ပါ ပို့ဆောင် ပေးနေကြောင်း သတင်းရရှိသည်။











No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်