သမိုင်းလိမ်တွေချပြပြီး မွတ်ဆလင်နိုင်ငံတွေရဲ့ထောက်ခံမှုတွေရနိုင်ပေမယ့်
မြန်မာနိုင်ငံတော်ထဲမှာတော့ ရှမ်း၊ ရခိုင်၊ ဗမာ၊ မွန်
စတဲ့တိုင်းရင်းသားတွေလို ရိုဟင်ဂျာဆိုတဲ့ နာမည်နဲ့ တိုင်းရင်းသားဖြစ်လာမှာ
မဟုတ်ဘူးဆိုတာ ရဲရဲကြီးအာမခံရဲတယ်။ ကိုယ့်တိုင်းရင်းသားတွေထဲက
သစ္စာဖောက်မှုတွေရှိလာရင်လည်း သစ္စာဖောက်တဲ့လူတွေဟာ
ဘယ်သူဘဲဖြစ်ဖြစ် သမိုင်းတရားခံအဖြစ်နဲ့ သမိုင်းအမှိုက်တောင်း ထဲ
ရောက် သွား ပါလိမ့်မယ်။ ရိုဟင်ဂျာအမည်နဲ့ မြန်မာတိုင်းရင်းသားဖြစ်သွားမယ့်နေ့ဟာ ကျနော်တို့အားလုံး မိုက်မဲ မှုတွေကို လက်ခံလိုက်တဲ့နေ့ဘဲလို့ ပြောချင်တယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းငါးထောင်ကေဒီနေရာမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုတဲ့ မွတ်ဆလင်တွေနဲ့ မြန်မာတိုင်းရင်းသားအဖြစ် လိုချင်နေ တဲ့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေကို ကွဲပြားစွာ မြင်လိုပေမယ့် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေ ရဲ့ မြန်မာတို င်းရင်းသား ဖြစ်ရေး အိပ်မက်ရှည်ကို မွတ်ဆလင်တွေအများစုက မျှော်လင့် ချက်ထက် ကျော်လွန်လာ ခဲ့တယ်လို့ မြင်တယ်။ ဆိုလိုတာက မျှော်လင့်ချက်ကို ရင်ထဲက ထုတ်ပြီး နည်းမျိုးစုံနဲ့ လက်တွေ့ပူးပေါင်း ပါဝင်လာပြီလို့
ရခိုင်ပြည်ကို ချန်လှပ်ထားပြီး အခြားပြည်နယ်နဲ့ တိုင်းတွေမှာ မွတ်ဆလင်တွေဟာ နိုင်ငံသားဆို တဲ့ဘောင်ထဲမှာ ရှိနေပါတယ်။ နိုင်ငံသားဖြစ်နေခြင်းက ကျော်လွန်ပြီး သမိုင်းလိမ်တွေချပြကာ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသားတွေလို တိုင်းရင်းသားတွေပါလို့ မပြောဘူး။ ရခိုင်ပြည်နယ်ထဲမှာတော့ နိုင်ငံသားဘောင်ထဲမှာ တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ နိုင်ငံသားစတဲ့ မှတ်ပုံတင်တွေကို ကိုင်ထားတာတွေရှိသလို ဘင်္ဂလားဒေ့(ရှ်)က ရည်ရွယ်ချက်မျိုးစုံနဲ့ ခိုးဝင်လာတဲ့ ဘင်္ဂလီတွေလည်း ထုနဲ့ထည်နဲ့ ရှိနေပါတယ်။
ဘင်္ဂလားဒေ့(ရှ်)ဟာ နိုင်ငံရဲ့ ဧရိယာအကျယ်အ၀န်းနဲ့ လူထုဟာ ဘယ်လိုမှ သဟဇာတဖြစ်တဲ့အနေအထား မှာ ရှိနေတာမဟုတ်သလို ပညာရှင် တွေရဲ့သုံးသပ်ချက်ဖြစ်တဲ့ ပင်လယ်ရေမျက်နှာအောက် မှာ ပျောက်ဆုံး သွားမယ့် မြေဧရိယာဟာလည်း ဘင်္ဂလားဒေ့(ရှ်)လူထုကို မြန်မာနိုင်ငံအပါ အ၀င် နိုင်ငံတကာ သို့ ဖြန့်ထွက်သွားအောင် လျှို့ဝှက်ချက် မဟာဗျူဟာတွေအဖြစ် ပုံဖော်တာတွေလည်း ဖြစ်နိုင်ပါတယ်။ တဘက်မှာလည်း ဘာသာရေးနယ်ချဲ့ချင်တဲ့ မဟာဗျူဟာတွေလည်း ကျွဲကူးရေပါဆိုသလို ပါဝင်ပါလိမ့်မယ်။ ဒါကြောင့် မြန်မာနိုင်ငံလွတ် လပ်ရေးမရမီကပင် အစ္စလာမ်မစ်နိုင်ငံထူထောင်ရေးအိပ
နိုင်ငံသားဖြစ်ရေးတောင်မှ ရိုဟင်ဂျာလူမျိုးအဖြစ်ဖော်ပြလို
ဆိုတော့ ရခိုင်ပြည်ရဲ့ အခြားတဘက်မှာ ရှိနေတဲ့ မွတ်ဆလင်တွေဟာ နိုင်ငံသားဘောင်ထဲမှာ ရှိနေပေမယ့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့လှုံ့ဆော်မှုတွေကြောင
ရန်ကုန်စတဲ့မြို့ကြီးတွေက မွတ်ဆလင်တွေဟာ နိုင်ငံတော်ဘက်က မရပ်တည်ဘဲ ခိုးဝင်ဘင်္ဂလီတွေ ရဲ့ နိုင်ငံတော်ကို ဖဲ့ထုတ်ရန် ကြိုးပမ်းမှုဘက်က ရပ်တည်ခြင်း၊ သမိုင်းလိမ်တွေနဲ့ မြန်မာ တိုင်းရင်းသားတွေ ရဲ့ ဒေါသကို ဆွပေးခြင်း၊ ရခိုင်ပြည်အရေးအခင်း၊ မွတ်ဆလင်နိုင်ငံတွေက ၄င်းတို့ဘက်က ရပ်တည်လာခြင်း စတဲ့ ဖြစ်ရပ်တိုင်း၊ ဖြစ်ရပ်တိုင်းဟာ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီစတဲ့ မြန်မာ တိုင်းရင်းသားတွေကို တပ်လှန့်သလိုဖြစ်စေခဲ့တယ်။
အကျိုးဆက်အနေနဲ့ (၉၆၉) စတဲ့ စတေကာတွေ လုပ်ပြီး လူထုက လှုံ့ဆော်လာတယ်။ ကရင်ပြည်နယ်က ခြံမြေ မရောင်းရစတဲ့ လှုပ်ရှားမှုတွေအထိ ဖြစ်ပေါ်စေခဲ့တယ်။ ဒါတွေဟာ သက်ရောက်မှုရဲ့ “ အား” လို့မြင်တယ်။ ဒါကြောင့် ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ရေးမ
ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ နိုင်ငံသားဖြစ်ရေးကို ကျော်လွန်ပြီး တိုင်းရင်းသားဖြစ်ရေးကို တစိုက် မတ်မတ်လုပ်လာခြင်းတွေက သူတို့ရဲ့ပန်းတိုင် မဟုတ်ဘူး။ သူတို့ရဲ့ပန်းတိုင်းဟာ တိုင်းပြည်ဖဲ့ထုတ်ရေး သာဖြစ်တယ်။
ဆိုတော့ နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီအရေအတွက်ဟာ
အထူးသဖြင့် ရခိုင်ပြည်ထဲက ဘင်္ဂလီတွေနဲ့ ဘင်္ဂလားဒေ့(ရှ်) က ဘင်္ဂလီတွေဟာ ထိုင်း၊ မလေးစတဲ့ ဒုတိယနိုင်ငံတွေမှာ အလုပ်ထွက်လုပ်ကြရင်း တဖက်မှာလည်း အဲဒီက တဆင့် တတိယနိုင်ငံတွေမှာ အခြေချနေထိုင်နိုင်တယ်ဆိုတဲ့ မက်လုံးတွေပေးပြီး လှုပ်ရှားနေတဲ့ ကွန်ယက်တွေရှိပါတယ်။ ဒီကွန်ယက်တွေထဲကို ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီလှုပ်ရှားသူတွေက ချိတ်ဆက်ထားပါတယ်။ အဲဒီနည်းလမ်းတွေနဲ့ နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ ဘင်္ဂလား ဒေ့(ရှ်)နိုင်ငံသား ဘင်္ဂလီတွေရဲ့ အရေအတွက်ဟာ ဘယ်လောက်ရှိတယ်ဆိုတာ ခန့်မှန်းရခက်ပါတယ်။
မြန်မာ ပယ်လယ်ကမ်းရိုးတန်း၊ ထိုင်းပင်လယ်တွေထဲမှာ မကြာခဏဖမ်းမိတဲ့ ဘင်္ဂလီတွေဟာ ရခိုင်ပြည်ထဲက ဘင်္ဂလီနည်းနည်းနဲ့ ဘင်္ဂလား ဒေ့(ရှ်)က ဘင်္ဂလီတွေ များများဖြစ်နေခြင်းတွေဟာ ဘင်္ဂလားဒေ့(ရှ်)အစိုးရရဲ့ အဆမတန်တိုးပွားနေတဲ့ လူဦးရေကို လျော့ချရေး လျှို့ဝှက် စီမံကိန်းတခု ဖြစ်နေမယ်ဆိုတာ ထင်ရှားပါတယ်။ တဖက်မှာလည်း နိုင်ငံတကာရောက်ရင် အလိုအလျောက်ရိုဟင်ဂျာဖြစ်သွားတတ
လှေစီးပြီး နိုင်ငံတကာကို ဖြန့်ကျက်ထွက်နေတဲ့ ဘင်္ဂလီတွေဟာ သြစရေးလျားအထိရောက်ပါ တယ်။ လှေစီး ပြီး မသွားခင် သင်တန်းလို ပုံစံမျိုးတွေရှိနိုင်ပါတယ်။ တကယ်လို့ နိုင်ငံတခုခုက မိရင် မြန်မာအစိုးရ က ဘာသာရေးဖိနှိပ်လို့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေပါလို့ ပြောရန် စတဲ့သင်တန်းမျိုးပါ။ ဒါကြောင့် နည်းမျိုးစုံနဲ့ ရခိုင်ပြည်ထဲမှာ နေထိုင်ခဲ့ဖူးတဲ့ ဘင်္ဂလီတွေရော၊ ဘင်္ဂလားဒေ့(ရှ်)က ဘင်္ဂလီတွေဟာ ဒုတိယနိုင်ငံ၊ တတိယနိုင်ငံတွေမှာ ရိုဟင်ဂျာတွေဖြစ်သွားတတ်ပြီး နိုင်ငံတကာမှာ ခန့်မှန်းလို့မ ရနိုင်လောက်အောင်
ဆိုတော့ မြန်မာနိုင်ငံရဲ့ ဥပဒေကြောင်းအရ ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသားအဖြစ် တကယ်လို့ အသိအမှတ်ပြုပေးခဲ့မယ်ဆိုရင် . . . .
(က) ရခိုင်ပြည်ထဲမှာ လက်ရှိနေထိုင်နေတဲ့ ဘင်္ဂလီအင်အားစု
(ခ) မြန်မာတနိုင်ငံလုံးမှာ ရှိနေတဲ့ မွတ်ဆလင်တွေဟာ ရိုဟင်ဂျာအမည်ခံပြီး အင်အားစုအဖြစ်ပူးပေါင်းလာမယ်
(ဂ) နိုင်ငံတကာမှာ ထုနဲ့ထည်နဲ့ရောက်ရှိနေတဲ့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေပြိုဆင်
(ဃ) ဘင်္ဂလားဒေ့(ရှ်)နိုင်ငံထဲက နောက်ထပ် အသစ်အသစ်တွေ ထပ်ဝင်လာမယ်
အဲဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိမ်းထားလို့ ရနိုင်တော့မှာ မဟုတ်ဘူးဆိုတာ နိုင်ငံတကာအခင်းအကျင်းတွေအရ ပြောနိုင်တယ်။
ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ နှစ်ငါးဆယ် နှစ်တရာကို မျှော်ကြည့်ခြင်းမဟုတ်ဘူးဆိုတာ နိုင်ငံတော်အနေနဲ့ရော မြန်မာတိုင်းရင်းသားထုတရပ်လုံးပ
မြန်မာနိုင်ငံတော်အနေနဲ့လည်း လာမယ့်အနှစ်တရာကို မျှော်ကြည့်ဖို့ထက် အနည်းဆုံး နှစ်တထောင်လောက်ကို မျှော်ကြည့်ဖို့ လိုလိမ့်မယ်။ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဟာ လျှို့ဝှက်ထားတဲ့ ဘင်္ဂလားဒေ့(ရှ်)အဖွဲ့အစည်းတွေနဲ့
နိုင်ငံတော်အနေဖြင့် ကိုင်တွယ်ဖြေရှင်းနေတာက နိုင်ငံသားဖြစ်မှု မဖြစ်မှုနဲ့ နိုင်ငံတွင်းသို့ ခိုးဝင်မှုကိစ္စဖြစ်တယ်။ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဘက်ကတော့ နိုင်ငံသားဖြစ်မှုထက် ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသားဖြစ်တယ်ဆိုတ
ထို့အတူ သင်္ဘောပျက်ပုံပြင် စတဲ့ သမိုင်းလိမ်တွေနဲ့ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဖြစ်တယ်ဆိုတဲ့ ရပ်တည်ချက်တွေကို ရန်ကုန်၊ မန္တလေးစတဲ့ဒေသတွေက မွတ်ဆလင်တွေကပါ နည်းမျိုးစုံ၊ အသွင်မျိုးစုံနဲ့ ပူးပေါင်းပါဝင်လှုပ်ရှားမှုတွေန
ခိုင်လင်း
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်