( ကျွန်တော်တို့ ပြည်သူ၊ ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ထိပါးလာ ရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ်ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံး ကလည်း မေတ္တာကို အရင်းခံ၊ ကိုယ်ချင်းစာတရား ကို လက်ကိုင်ထားပြီး အမြင်ကျယ်ကျယ်၊ သတိကြီးကြီးနဲ့ ဝိုင်းဝန်းကူညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ ကျွန်တော် အလေးနက် တိုက်တွန်းမေတ္တာ ရပ်ခံပါတယ် ။ )
သမ္မတကြီး၏ တိကျသောပြောဆိုမှုသည် အနောဂါတ်အရေးကို မျှော်မှန်းပြီး ထောက်ပြထားခြင်းဖြစ် ရာ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများအားလုံး မမှိတ်မသုံ အစိုးရနှင့်အတူ ၀ိုင်းဝန်းကူညီ ပူးပေါင်းရန်မှာ လည်း အမျိုးသားရေးတာဝန်ဖြစ်သည် ။
မြန်မာနိုင်ငံသည် ဗုဒ္ဒဘာသာကို ကိုးကွယ်ယုံကြည်သောနိုင်ငံဖြစ်သော်လည်း အခြားသောဘာသာများကို ကိုးကွယ်ယုံကြည့်ခွင့်အား ခွင့်ပြုပေးထားသောနိုင်ငံဖြစ်သည် ။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာပင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း လွပ်လပ်စွာကိုးကွယ်မှု ။ လွပ်လပ်စွာဘာသာရေး စာအုပ်စာပေဖြန့် ချီမှု ၊ လွပ်လပ်စွာဘာသာရေးတရားဟောပြောမှုတို့ ကို ဥပဒေအရ ခံစားနိုင်ခွင့် ရှိသည်ဟု ဖွင့်ဆိုဖေါ်ပြထားသည် ။
ဤသည်မှာ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့ စည်းထားသော နိုင်ငံတော်ဖြစ်သလို လူမျိုးခြားများလည်း ရောပြွမ်းနေထိုင်လျှက်ရှိကြရာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သော မည်သည့် လူမျိုးမဆို မိမိတို့  ယုံကြည်ရာကို လွပ်လပ်စွာကိုးကွယ်ခွင့် ပေးထားသော နိုင်ငံတကာစံချိန်မှီ နိုင်ငံတော်ဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် အချို့ သောဘာသာရေးအစွဲအလမ်းကြီးမားသော နိုင်ငံများ တွင် ဘာသာရေးလွပ်လပ်ခွင့်မရှိဘဲ ဘာသာမတူ ယုံကြည်ရာကို ကိုးကွယ်သည်နှင့် ရက်ရက်စက် သတ်ဖြတ် ခံရခြင်းတို့ ကို နေ့ စဉ်မြင်တွေ့ နေကြရသည် ။
ဘာသာရေးကြောင့် သွေန်းစွန်းနေကြသည် ။ ထို့ ကြောင့်ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံမှာမူ ဘာသာပေါင်းစုံကိုးကွယ်နိုင်သော နိုင်ငံဖြစ်သည်ဟု ၀င့်ကြွးစွာ ဂုဏ်ယူပြောဆိုနိုင်သောနိုင်ငံဖြစ်နေသည် ။
ယခုလတ်တလောတွင် မြန်မာနိုင်ငံ၌ ဘာသာရေးကွဲပြားကြသူများမှာ ပဋိပက္ခများဖြစ်ပေါ်နေကြရာ ကြားရ သူမြင်တွေ့ ရသူအပေါင်း စိတ်နှလုံး မချမ်းမြေ့စွာဖြင့် ခံစားနေဖြစ်ကြရသည် ။ဤကဲ့ သို့ သာသနာဖန်တီး ကြသူများမှာလည်း ဘာသာခြားများပင် အစကနဦး ပြုလုပ်ဖန်တီးမြဲ ဖြစ်နေသည်ကို တွေ့ ရသည် ။ အဆိုးဆုံးစိတ်ခံစားရမှုမှာ ကျွန်တော်တို့ ၏ ဘုရားရှင်အား ဆဲဆိုစော်ကား ခွေးနှင့်နိုင်းကာ ပြောဆိုရေး သားနေသောသူများ ၊ ဆရာတော်ရဟန်းသင်္ဃာတော်များအား အထူးသဖြင့် အရှင်ဦးဝီရသူ အား မြန်မာ လူမျိုးများက စော်ကားမော်ကား ရေးသားနေသူများ ၊ ဗုဒ္ဒဘာသာဝင်တို့ ၏ -၉၆၉-ဆိုသော တရားတော် စာပိုဒ်အား မထီမဲ့ မြင်ရေးသား ပုတ်ခပ်နေသူများကို မြင်တွေ့ ရခြင်းကြောင့် ခံစားရဖြစ်သည် ။
ယခုလတ်တလောတွင် မြန်မာနိုင်ငံ၌ ဘာသာရေးကွဲပြားကြသူများမှာ ပဋိပက္ခများဖြစ်ပေါ်နေကြရာ ကြားရ သူမြင်တွေ့ ရသူအပေါင်း စိတ်နှလုံး မချမ်းမြေ့စွာဖြင့် ခံစားနေဖြစ်ကြရသည် ။ဤကဲ့ သို့ သာသနာဖန်တီး ကြသူများမှာလည်း ဘာသာခြားများပင် အစကနဦး ပြုလုပ်ဖန်တီးမြဲ ဖြစ်နေသည်ကို တွေ့ ရသည် ။ အဆိုးဆုံးစိတ်ခံစားရမှုမှာ ကျွန်တော်တို့ ၏ ဘုရားရှင်အား ဆဲဆိုစော်ကား ခွေးနှင့်နိုင်းကာ ပြောဆိုရေး သားနေသောသူများ ၊ ဆရာတော်ရဟန်းသင်္ဃာတော်များအား အထူးသဖြင့် အရှင်ဦးဝီရသူ အား မြန်မာ လူမျိုးများက စော်ကားမော်ကား ရေးသားနေသူများ ၊ ဗုဒ္ဒဘာသာဝင်တို့ ၏ -၉၆၉-ဆိုသော တရားတော် စာပိုဒ်အား မထီမဲ့ မြင်ရေးသား ပုတ်ခပ်နေသူများကို မြင်တွေ့ ရခြင်းကြောင့် ခံစားရဖြစ်သည် ။
ဗုဒ္ဒဘာသာဝင်များနိုင်ငံမှာ ဗုဒ္ဒ၏ တရားတော်များကို ချီးမွှမ်းစာများ ရေးသားခွင့်၊ စာရွက်စာတမ်း ကပ်ခွင့် ကိုပင် အကြမ်းဖက်ရေးသားဆောင်ရွက်နေကြသည်ဟု ပြောနေသည်ကို မြင်ရရာ လွန်စွာ ရယ်မော စရာဖြစ်သည် ။ သည်းခံခြင်းပါရမီနှင့် ပြည့်စုံသောဗုဒ္ဒဘုရားရှင်သည် ကျွန်တော်တို့ အား သင်ကြား ညွှန်ပြ ပေးသနားတော်မူပြီးထားဖြစ်၍ ကျွန်တော်တို့  ဗုဒ္ဒဘာသာဝင်များအဖို့  သည်းခံခြင်းတရားကို လက်ခံထားကြသူများဖြစ်သည် ။
ကျွန်တော်မြင်တွေ့  သိသရွေ့ ပြောရမည်ဆိုလျှင် ဘာသာတရားနှင့် ပတ်သက်၍ မခံမရပ်နိုင်ဖြစ်နေ ကြသူများမှာ မြန်မာနိုင်ငံသားဗုဒ္ဒဘာသာဝင်များ မဟုတ်ဘဲ မူဆလင်ဘာသာဝင်များနှင့် မြန်မာလူမျိုးဟု ဆိုပြီး မူဆလင်ဘာသာဝင်များဖက်မှ လိုက်လံချေပ လှုံ့ ဆော် ရေးသားနေသူများမှာ အဆိုးဆုံးဖြစ်နေ သည်ကို မြင်တွေ့ နေရခြင်းဖြစ်သည် ။၎င်းထက်ပိုမို ဆိုးရွားသည်ကား မြန်မာနိုင်ငံကို ခြိမ်းခြောက်သော ဗွီဒီိယိုရုပ်သံဖိုင်ပင်ဖြစ်သည် ။
အကြမ်းဖက်သမား တာလီဘန်ခေါင်းဆောင် အိုစမာဘီလာဒင်လို သေနတ်ကို ဘေးနားချ ကာ မြန်မာ အစိုးရ ကို ခြိမ်းခြောက်ပြောဆိုနေသော ဗွီဒီိယိုရုပ်မြင်သံကြား ထုတ်လွှင့်မှုကို မြင်တွေ့ ကြရရာ ဤအကြောင်း အရာအား မိတ္ထိလာအရေးအခင်းနှင့် ဆက်စပ်တွေးခေါ်နိုင်စရာဖြစ်လာသည် ။ ပြည်ပမှ စွက်ဖက်ပြီး မြန်မာနိုင်ငံအား ခြိမ်းခြောက်ပြောဆိုမှုကို မည်သည့်အခါမှ မြန်မာနိုင်ငံသည် လက်မခံခဲ့  ဂရုမစိုက်ခဲ့ ခြင်းကို နားမလည်ဘဲ မဆင်မခြင် ပြောဆိုလာမှုဖြစ်သည် ။
နိုင်ငံတနိုင်ငံ၏ ဂုဏ်သိက္ခာကို စော်ကားမော်ကား ပြောဆိုပြီး ခြိမ်းခြောက်ပြောဆိုမှုကို ရင်ဆိုင်လာသော အခါ အစိုးရ၏ ဂုဏ်သိက္ခာ ၊ နိုင်ငံတနိုင်ငံ၏ ဂုဏ်သိက္ခာများကို ကာကွယ်ထိမ်းသိမ်းစောင့်ရှောက် ပြသရန် အထူးလိုလာသည် ။ မလောက်လေးမလောက်စား ဗွီဒီိယိုရုပ်မြင်သံကြားမှ မျက်နှာဖုံးကာပြီး ပြောဆို လာခြင်း ကို ဂရုစိုက်စရာ မရှိသော်လည်း ဤကိစ္စအား မြန်မာအစိုးရသည် တုန့် ပြန်ရမည်ဖြစ်တော့သည် ။ အမေရိကန်နိုင်ငံအား ခြိမ်းခြောက်သော ပုံစံမျိုးဖြင့် ခြိမ်းခြောက်နေခြင်းကို မြန်မာအစိုးရသည်လည်း သိနေသလို အမေရိကန်အစိုးရကလည်း သိရှိနေပြီဖြစ်သည် ။
သည်တော့ ယနေ့ တွင် မိတ္ထိလာအရေးအခင်းနှင့် စပ်လျှဉ်းပြီး နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ပြည်သူတရပ်လုံးအား မိန့် ခွန်းပြောရာ၌ ဤသို့  ခြိမ်းခြောက်ပြောဆိုမှုများအပေါ် တုန့် ပြန်ပြော ဆိုလိုက်ခြင်းဖြစ်သည်ဟုမြင်သည် ။ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးစုတို့ ၏ ဗုဒ္ဒဘာသာ သာသနာတော်ကို ကာကွယ်စောင့်ရှောက် ထိမ်းသိမ်းရေးနှင့် ပြည်သူတရပ်လုံး၏ အန္တာရယ်ဟူသမျှ ကာကွယ်စောင့်ရှောက် မည်ဟု ဂတိပေး ပြောဆိုခြင်းကား လွန်စွာအားရစရာ ကောင်းသည် ။
မည်သို့ ပင်ဖြစ်စေ နိုင်ငံတော်၏ အန္တာရယ်ကို ကြိုတင်မြင်နေသူများကလည်း မည်သူတို့ က သွေးထိုး လှုံ့ ဆော်နေသည် ၊ မည်သူတို့ က ကောလဟာလ ဖန်တီးနေသည် ၊ စသည်တို့ ကို ယောင်ဝါးနေပြီး ထုတ်ဖေါ်ပြောဆိုနေခြင်းထက် အစိုးရနှင့် ပူးပေါင်းပြီး တိကျစွာ သတင်းအချက်အလက်များကို ဖန်တီးရ ယူရန်လိုသည် ။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကလည်း အစိုးရနှင့် ပူးပေါင်းရန် ဖိတ်ခေါ်ထားရာ မြန်မာနိုင်ငံအတွင်းမှ မည်သည့်အဖွဲ့ အစည်းမဆို မိမိတို့  သိထားသော သတင်းအချက်အလက်များ ရှိသည်ဟု ဆိုသူများအနေဖြင့် အမြန်ဆုံးပူးပေါင်းကြရန်လိုသည် ။ သို့ မှသာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ မိန့် ခွန်းအား ရာခိုင်နုံးပြည့် ထောက်ခံပွဲကျင်းပကာ မြန်မာနိုင်တ၀ှမ်း တည်ငြိမ်အေးချမ်းရေးနှင့် ဗုဒ္ဒဘာသာစည်ပင်ပြန့် ပွါးရေးအတွက် ဆောင်ရွက်နိုင် ကြမည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည် ။
ခိုင်အောင်ကျော် ( နယူးယောက် )
ခိုင်အောင်ကျော် ( နယူးယောက် )
သမ္မတကြီးကဒီလောက် ရှင်းရှင်လင်းလင်းပြောသွား တာတောင်လိုရာဆွဲပြီးရေးချင်သေးတယ်။ မြန်မာနိုင်ငံဟာ လွတ်လပ်စွာကိုးကွယ်ခွင့် အပြည့်အဝရှိတယ်။ မြန်မာနိုင်ငံသားတဦးချင်းစီရဲ့ အသတ်အိုးအိမ်စီးစိမ် ကိုကာကွယ်ပေးသွားမယ်။ပြည့်သူ့ရဲတွေကလည်း ပြတ်ပြတ်သားသာဆောင်ရွက်ဖို့ပြောသွားတယ်။ ဘယ်ကတာလီဘန်ကပါလာတာလဲ။ ခုပြောနေတာ မိထ္တလာကိစ္စပါ။ စာရေးသူပြောသလိုဆို တာလီဘန် ခြိမ်းခြောက်တဲ့ ဗီဒီယိုခွေရပြီး တနှစ်ကျော်ကြာမှ သမ္မတကြီးက ပြည်သူတွေကို ကာကွယ်ပါ့မယ်ဆိုပြီး သူခိုးပြေးမှထိုးကွင်းထသလို ဖြစ်နေပြီ။
ReplyDeleteနိုင်ငံသားလို့ပြောလိုက်တာနဲ့ ဗုဒ္ဓဘာသာဝင်တွေကိုဘဲ ပြောတာလို့ ထင်နေတာနေမှာပေါ့။ အမြင်ကျဉ်းလိုက်တာ
ReplyDeleteနော်။
ဒီဆိုက်ကို ကုလားတွေ တော်တော်အာရုံကျနေပုံ ရပါတယ်။ဗမာတွေ အမြင်ကျဉ်းတယ်ဆိုတော့ ၁ ။ အခြားဘာသာဝင်တွေ ရဲ့ ဘုရားကျောင်းကန်တွေလို ပွင့်လင်း မြင်သာမှု ရှိအောင် ဗလီတွေ ကိုအလုံပိတ်မထားနဲ့လေ ၂။အခြားဘာသာဝင်တွေရဲ့ စီးပွားရေးကို မြင်သာအောင်အားပေးကြ ပေါ့ ဥပမာ အဝေးပြေးကားတွေဆို မူစလင်ပိုင်ကားတွေ မှာကုလားတွေကြီးပါပဲ ဒါဟာမြင်နေရတာပါ ၉၆၉ ကိုအပြစ် တင်နေတာ စဉ်းစားစရာပါ
ReplyDeleteပွင့်လင်းမြင်သာမှုရှိပါ့ဗျာ။ ဗလီတွေကို ဖျက်ဖို့မဟုတ်ဘဲ ရိုးသားစွာလေ့လာချင်ရင် ကြိုက်တဲ့ဗလီမှာ ဗလီလူကြီးတွေဆီခွင့်တောင်းပြီး ဝင်လေ့လာနိုင်ပါတယ်။ လိုက်တောင်ရှင်းပြလိုက်ဦးမယ်။ ခွင့်မတောင်းဘဲဝင်မိရင် ဗလီဖျက်တဲ့လူမျိုးဆိုတော့ အထင်လွှဲခံရမှာစိုးလို့ပါ။ တလောကတောင်မန်းလေးမှာ သံဃာတွေကိုပင့်ပြီး ဗလီတွေကိုလိုက်ပြမယ်လို့ကြားတယ်။ မွတ်စလင်တွေ ပိုင်တဲ့ ကားလိုင်းတွေက ဘာနာမည်လဲဟင်။ သိတောင် မသိဘူး။ အဲဒီကားလိုင်းတွေမှာ မွတ်စလင်တွေချည်း မမြင်ချင်ရင် ဗမာတွေလည်း သွားစီးပေါ့။
ReplyDelete