Pages

Tuesday, 19 March 2013

ဖျံတကာဖျံ


ဟိုရှေ့ရှေ့တုန်က ရန်ကုန်မြို့တော်ကြီးမှာ လုပ်စားရတာ အဆင်မပြေ လို့ဆိုပြီး လူရမ်းကာ   မောင်ဟန်ဝင်းအောင် ဆိုတဲ့ ကောင်လေးဟာ ဆားလင်းကြီးမြို့နယ် ထဲက ဆည်တည်းကျေးရွာလို့ နာမည်ရတဲ့  ရွာတစ်ရွာမှာ သူဘဝနောက်ကြောင်းကို ဇာတ်မြှပ်ပြီး နေနေတာပေါ့ကွယ်

ဒါပေမယ့်လည် ခွေးမြီးကောက်ကျည်းထောက်စွပ်သလို စွပ်တဲ့ တချက် ပဲဖြောင့်ပြီး ကောက်မြဲကောက်နေ တယ် ဆိုသလို  အရင်း ကလို ဆိုးသွမ်းရမ်းကားမိုက်မဲနေမြဲပေါ့ကွယ်။ အဲဒီတော့ သူရဲ့ အကျင့် စရိုက်တွေ ကို လူတွေက မကြိုက်ကြလို့ ဘယ်သူမှ သူနဲ့အပေါင်းအသင်း မလုပ်ကြဘူး။

ဒါကြောင့် တယောက်တည်း အထီးကျန် ဖြစ်နေတယ်။ သူ့ကို ဘယ်သူမှ အပေါင်းအသင်းမလုပ်တဲ့အတွက် အဲဒီလူက ရွာဦးကျောင်းက ဘုရားဆင်းတုတော်ကြီးကို သွားလျောက်တယ်။

.. အရှင်ဘုရားပေါ့ ... အရှင်ဘုရားလည်း အမြဲတမ်း ဒီကျောင်းမှာချည်းနေနေရတယ် မပျင်းဘူးလားပေါ့ ...
တပည့်တော် နဲ့ ရွာထဲလိုက်လည်ပါလား.. တပည့်တော်ပင့်သွားပါ့မယ်ဘုရားဆိုပြီး ....အဲဒီ ဆင်းတုတော်ကြီး ကို ပင့်လာတယ်တဲ့။

ရွာထဲကလူတွေက ..ဒီလိုလူဆိုးလူမိုက်က ဘုရားဆင်းတုတော်ကြီး ပင့်လာတယ်ဆိုတော့ ထင်ကြေး အမျိုးမျိုး ပေးကြတာပေါ့..။

နောင်တရသွားလို့ ဖြစ်မယ်။
သြော် ဟန်ဝင်းအောင် ခမျာ မိုက်တော့မိုက်တယ် ဘုရားတရားတော့ သိတတ်သားပဲလို့ ထင်တဲ့လူလည်း ထင်ကြတယ်ပေါ့။


ဗမာလူမျိုးက သိတဲ့အတိုင်းပဲ .... ဘယ်လောက်ပဲ နာကျည်းစရာရှိရှိ ဘယ်လောက်ပဲ မုန်းတီးစရာ ရှိရှိ ကောင်းတာလေး တခုခု လုပ်တာတွေ့ လိုက်ရင် အလွယ်တကူ ခွင့်လွှတ်တတ်ကြတယ်ဆိုတော့ ...
အဲဒီလူကို ခွင့်လွှတ်လိုက်ကြပြီး လှူကြတန်းကြတယ်တဲ့။

အလှူငွေ စုစုပေါင်း ၁၀၀ ရတယ်ဆိုပဲ။ အဲဒါနဲ့ ... အဲဒီလူက အလှူငွေတွေရလည်းပြီးရော ရွာပြင်ကို ထွက်သွားရောတဲ့။

ရွာပြင်ရောက်တော့ ဘုရားဆင်းတုတော်ကြီးကို မြေကြီးပေါ်ချ၊ သူလည်း မောမောနဲ့ ဘေးမှာထိုင်ပေါ့။ ပြီးတော့ ဘုရားဆင်းတု တော်ကြီးကို ဘာပြောသလဲဆိုတော့ ..
ကဲအရှင်ဘုရား .... အရှင်ဘုရားနဲ့ တပည့်တော်နဲ့ နှစ်ယောက်ပေါင်းလိုက်တာ အခု ငွေ ၁၀၀ ရလာပြီ။
ဒီတော့ တယောက်တ၀က်ပေါ့ဘုရား။ အရှင်ဘုရားက ၅၀ ယူ။ တပည့်တော်က ၅၀ ယူမယ်ဘုရာ့။
ရတဲ့ ငွေကို တ၀က်စီ ခွဲဝေလိုက်တယ်။ ပြီးတော့ ... သြော် ခုမှ သတိရတယ်။
အရှင်ဘုရားက ကျောင်းမှာနေတုန်းက ညစ်ပတ် ပေရေနေတယ်ဘုရာ့....
အဲဒါ တပည့်တော်က ရေချိုးသန့်စင်ပေးလိုက်လို့ အရှင်ဘုရား အခုလိုတောက်တောက် ပြောင်ပြောင် ဖြစ်လာတာဆိုတော့ ရေချိုးသပ္ပါယ် ခလေးတော့ တပည့်တော်ကို မစပါဘုရာ့လို့ပြောပြီး ၂ ကျပ်ခွဲ ပြန်တောင်း သတဲ့။

တခါ... သြော် ခုမှ သတိရတယ်... အခု အရှင်ဘုရား ကျောင်းကို ပြန်ကြွဖို့က ဘယ်လိုပြန်ကြွမလည်းဘုရာ့။

တပည့်တော့်ပဲ ပင့်လာတာ ဆိုတော့ တပည့်တော် ပြန်ပို့ပေးရမှာပေါ့ဘုရား ... ပင့်ခ ပို့ခ အသွားအပြန် ၅၀ ကျတယ်ဘုရာ့..။
ဒါကြောင့် အရှင်ဘုရားရဲ့ဝေစု ၅၀ ကို တပည့်တော် ပြန်ယူမယ်ဘုရာ့လို့ ပြောပြီး ၅၀ ပြန်ယူလိုက်သတဲ့။

ပြီးတော့ ပြောလိုက်သေးတယ် ....
ရေသပ္ပါယ်ခ ၂ ကျပ် ခွဲ ကိုတော့ အခု အရှင်ဘုရားမှာ ပေးစရာ မကျန်တော့ ဘူးဆိုတော့ နောက်တခါမှ ပေါင်းယူ တော့မယ် ဘုရာ့ဆိုပြီး ပြောလိုက်သတဲ့..။

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်