Pages

Saturday 23 March 2013

နားလည်စေချင်




ဧည့်သည် ......
ငါတို့ မြန်မာလူမျိုးတွေရဲ့
ဓလေ့စရိုက်ကို မင်းနားလည်ရဲ့လား ...... ။

ငါတို့ဟာ ဧည့်သည်အတွက်ဆို
ကိုယ့်မှာ မရှိရင်တောင်
ဖဲ့ကျွေးတတ်တဲ့သူမျိုးပါ .......။
ငါတို့ဟာ ကိုယ့်မှာ မပြည့်စုံရင်တောင်
ဝေငှတတ်တဲ့သူမျိုးပါ .......။
ငါတို့ဟာ ကြီးသူကို ရိုသေ
ငယ်သူကို လေးစားတတ်တဲ့သူမျိုးပါ .....။

ငါတို့ဟာ ဧည့်သည်ကို
ဦးစားပေးတတ်သလို ......
ငါတို့ဟာ ဆင်းရဲသူကို
ငဲ့ညှာတတ် သလို .......
ငါတို့ဟာ အားနည်းသူကို
ဖေးမကူညီတတ် သလို ........
ငါတို့ဟာ လှူဒါန်းရတာကို
ဝါသနာပါ သလို ......
ငါတို့ဟာ ဘုရားရဲ့ အဆုံးအမ
တရားတော်တွေကို ဦးထိပ်ပန်ဆင်တတ်ပါတယ် .....။

ဒါပေမယ့် ........
ငါတို့မြေရဲ့ အေးချမ်းမှု
ငါတို့အိမ်ရဲ့ ပျော်ရွှင်မှု
ငါတို့မိသားစုရဲ့ လုံခြုံမှု
ငါတို့ ဘာသာသာသနာကို
ထိပါးစော်ကားလာမယ်ဆိုရင်တော
အသက်နဲ့လဲပြီး ကာကွယ်တတ်တယ်ဆိုတာ
မင်းနားလည်ထားပါ ..........။

Lmt Lett Mon Thu
24.3.2013

မှတ်ချက်။ ။ မည်သူကိုမှ ထိခိုက်စေဖို့ ရေးတာမဟုတ်ပါဘူး ။ ဘယ်နိုင်ငံဘယ်လူမျိုးမှာမဆို ကိုယ့်အိမ်၊ ကိုယ့်မိသားစု၊ ကိုယ့်ရဲ့ ဘာသာသာသနာကို ထိခိုက်လာရင် ကာကွယ်တတ်တယ်ဆိုတာကို ရည်ရွယ်ပြီး ရေးထားတာပါ တစ်ခါမှ မရေးဘူးလို့ အမှားပါရင်ခွင့်လွှတ်ပါနော်။
 

2 comments:

  1. ဟုတ်ပါတယ် ကျွန်တော်တို့ မြန်မာ့စိတ်ရင်း အမှန်ပါဘဲ

    ReplyDelete
  2. မမှားပါ ဘူးဗျာ ဘိုး ဘွား တွေ မျက် နှာမှ မ ထောက်ဘဲ ခွေသစ္စာ ဖေါက်တွေ
    ကြောင့် ပိုပြိး ရင်နာတယ် စားရတော့ အမဲရိုး

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်