“ခြုံငုံသုံးသပ်ပြောရရင် ဒီအစီရင်ခံစာမှာ ဘာပြောထားလဲ ဆိုတော့ ဘေး ထွက်ဆိုးကျိုးတွေ နည်းနိုင်သမျှနည်းအောင် ပြုပြင်ပြီးတဲ့အခါမှာ ဒီစီမံကိန်း ကို ဆက်လက် လုပ်ဆောင်သင့်တယ်ဆိုပြီး အကြံပေးထား တာလည်း တွေ့တယ်။ နောက် စီးပွားရေးနဲ့ပတ်သက်ပြီး မြန်မာ့စီးပွားရေး ဦးပိုင် လိမီတက်က ၅၁ ရာခိုင်နှုန်း၊ ၀မ်ပေါင်က ၄၉ ရာခိုင်နှုန်း၊ နိုင်ငံတော်က ရရှိမယ့် အခွန်အခတွေက ၁၆ ရာခိုင်နှုန်းဆိုပြီး ဖော်ပြထား တာ သွားတွေ့ တယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံတော်စီမံကိန်းဆိုပေမယ့် နိုင်ငံတော်ရဲ့ အကျိုးခံစားခွင့် အလွန်နည်းနေ တာ သွားတွေ့တယ်။ အဲတော့ ဘာပဲဖြစ်ဖြစ် ရွာသားတွေ သိမ်းဆည်း ခံထားရတဲ့ မြေတွေနဲ့ပတ်သက်ပြီး ကာလပေါက်ဈေး အတိုင်းရှင်းပေးဖို့ ဆိုပြီး အကြံပြုတင်ပြထား တာ တွေ့တယ် ။ အဲတော့ စစ်စစ်မှန်မှန် အကောင်အ ထည်ဖော်ဆောင် ရွက်ပေး မယ်ဆိုရင်တော့ ဒီအစီရင်ခံစာရဲ့ အကျိုးသက်ရောက် မှုက အလွန်ကောင်းတယ်လို့ မြင်ပါတယ်။ နိုင်ငံတကာရဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေအပေါ်မှာလည်း ကျနော်တို့နိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ဖို့အတွက် လေးစားမှုရှိရမယ်ဆိုတဲ့ အချက်ကိုလည်း လက်ခံပါတယ်။”
“ဘ၀င်မကျတာတခုကတော့ နဂိုက ရွာသားတွေ ဒေသခံကျေးလက်နေပြည်သူတွေ က သဘောတူညီမှုရှိခဲ့ပြီးမှ အရပ်ဘက် လူ့အဖွဲ့အစည်းတွေဝင်လာပြီး ဒီလိုပုံစံမျိုးဖြစ်လာတယ် လို့ ကောက်ချက် ဆွဲထားတာကိုတော့ ကျနော် သဘောမတူပါဘူး။ ဘာလို့လဲ ဆိုတော့ မသိနားမလည်တဲ့ ကျေးလက်နေပြည်သူတွေကို လူလည်ကျတဲ့ အဖွဲ့အစည်းတွေအတွက် အရပ်ဘက်လူ့အဖွဲ့အစည်းတွေက ၀င်ပြီး ထောက်ပြတောင်း ဆိုလို့ ဒီအခြေအနေတရပ် ဖြစ်ပေါ်လာတယ်လို့ ကျနော်မြင်တယ်။ ဒါကျနော့်ရဲ့ ယေဘုယျ သုံးသပ်ချက်အမြင်ပါ။”
ဦးမြအေး (၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်