Pages

Friday, 29 March 2013

အင်တာဗျူး (ဦးဝီရသူနှင့်တွေ့ဆုံခြင်း)


Friday, March 29, 2013
မွတ်စလင်ဆန့်ကျင်ရေး ဟောပြောမှုများဖြင့် နာမည်ကျော်ကြားလာပြီး လတ်တလော ဗုဒ္ဓဘာသာဝင်တို့၏ သင်္ကေတအဖြစ် ၉၆၉ ကို အမှတ်တံဆိပ်ကို သတ်မှတ်ရေး ဦးဆောင်ဟောပြောနေ သည့် မန္တလေး၊ မစိုး
ရိမ်ကျောင်းတိုက်မှ သက်တော် ၄၅ နှစ် အရွယ်ရှိ ဦးဝီရသူသည် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်း များ ဖြစ်ပွားစေသော စာရွက်စာတမ်းများ ဖြန့်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ်
၂၅ နှစ် အပြစ်ပေးခံခဲ့ရသည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနား အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာပြီး မတ်လတွင် အကျဉ်းကျနိုင်ငံရေး ဘုန်းတော်ကြီးများ လွတ်မြောက်ရေး ဆန္ဒပြပွဲ ၊ အောက်တိုဘာလတွင် အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်မှုအသင်း ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဦးဆောင် ခဲ့သည်။ လက်ရှိဖြစ်ပွားနေသော ဘာသာရေးပဋိပက္ခများနှင့် စပ်လျဉ်းပြီး ဧရာဝတီအယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက် ဆက်သွယ်မေးမြန်းထားပါသည်။


မေး။ ။ မိတ္ထီလာပဋိပက္ခမှာ သေဆုံးမှုက ၄၂ ဦးထိရှိလာပြီလို့ အစိုးရက တရားဝင်သတင်းထုတ်ပြန်တယ်။ အရှင်ဘုရားကလည်း မိတ္ထီလာကို သွားရောက်ပြီး တားမြစ်ခဲ့တာတွေလုပ်ခဲ့တော့ ဘာကြောင့် ဒီလောက်
အထိ အသေအပျောက်တွေ များလာရတယ်လို့ ထင်ပါသလဲ။

ဖြေ။ ။အသေအဆုံးများတာက ဒုတိယနေ့(မတ် ၂၁) ပိတ်မိနေတဲ့ မွတ်စလင်တွေ၊အဲဒီအကြောင်းပြော ရရင်တော့ ဖြစ်ပြီးလို့ မီးတွေဘာတွေရှို့ကြတဲ့အခါမှာ ရှောင်တိမ်းနေတဲ့ မွတ်စလင်တွေ၊ အဲဒီ မွတ်စလင်တွေက ကျောင်းသားတွေများတယ်။ အာရဗီစာသင်ကျောင်းက ကျောင်းသားတွေများတယ်။

အရပ်သားတွေလည်း ပါတယ်။ သူတို့တတွေကို ရယက ဖွက်ပေးထားတယ်။ လုံခြုံရေးလည်း ချပေးထားတယ်။ နောက်တနေ့ မနက် ၄ နာရီ လုံခြုံရေးတွေ ရုပ်သွားတဲ့အခါကျတော့ ပုန်းအောင်းနေတဲ့ မွတ်စလင်တွေ သွေးကြွသွားပြီးတော့ ကြွေးကြော်သံတွေ ကြွေးအော်တယ်။

ကျန်တဲ့သူတွေက သံပြိုင်အော်ကြတယ်။ အဲဒီတော့မှ မြို့လူထုက မွတ်စလင်တွေ ဒီမှာရှိတယ်ဆိုပြီးတော့ သိသွားကြတယ်။ သိသွားတဲ့အချိန်မှာ လာဝိုင်းကြတယ်။ ၀ိုင်းတဲ့အချိန်မှာ သူတို့က ဘေးပတ်လည် လည်မှာဆိုရင် ဒီဘက်ဘေးမှာဆိုရင် ဗလီရှိတယ်။ ညာဘက်မှာဆိုရင် မီးလောင်ပြင်ရှိတယ်။

သူတို့ရဲ့ မျက်နှာချင်းဆိုင်တည့်တည့်မှာဆိုရင် ကုန်းမြင့်ကြီးရှိတယ်။သူတို့က မပြေးသာတော့ဘူး။ အဲဒီမှာ ၀ိုင်းတဲ့အချိန်မှာ မွတ်စလင်ထဲက တယောက်က လေးခွနဲ့ သံဃာတပါးကို ပစ်တယ်။ အဲဒီမှာ ဗမာလူအုပ် က သွေးကြွလာတယ်။ ဗမာလူအုပ် နီးသထက်နီးလာတဲ့အချိန်မှာ အက်ဆစ်ထုပ်တွေ ဘာတွေပစ်တယ်။ အဲဒီအချိန်အထိ တိုက်ခိုက်မရှိတာဘူး။ ဗမာလူအုပ်ကလည်း ရပ်ကြည့်နေတယ်။

သူတို့တွေကလည်း ထွက်မလာဘဲ ဟိုဟာနဲ့ ဒီဟာနဲ့ ပစ်တယ် ဒါပါပဲ။ အဲဒီနေ့ မိတ္ထီလာကို ဦးဇင်းရောက်နေ တာ။ ဦးဇင်းက ၂၀ ရက်နေ့ ညကတည်းက ရောက်နေတာ။ အဲဒီအချိန်မှာ ဦးဇင်းရော၊ ရွှေည၀ါရော၊ မင်းကိုနိုင်တို့တောင်ရောက်နေပြီ။ အဲလိုဖြစ်နေတဲ့ အချိန်မှာ အယောက် ၂၀ လောက်က ဗမာလူအုပ်ကြီးကို အသေခံပြီးထွက်တိုက်တယ်။

အဲဒီမှာ ကျဆုံးကြတယ်။ တနေရာတည်းကို ၉ လောင်း၊ ၁၀ လောင်း၊ ၁၁ လောင်းလောက်ကျတယ်။ အဲဒီလို တိုက်ခိုက်နေတဲ့အချိန်မှာ လုံခြုံရေးတွေက ကျန်တဲ့သူတွေကို ဖော်ထုတ်ကယ်တင်သွားတယ်။
အဲဒါ အကျအဆုံး အများဆုံးပဲ။ တနေရာတည်းမှာ။ ကျန်တာတွေကတော့ အပြန်အလှန်မီးရှို့ကျတယ်။ ဟိုနေရာ တယောက်ကျ၊ ဒီနေရာ တယောက်ကျ။ အစုလိုက်အပြုံလိုက်ကတော့ အဲဒီနေရာမှာပဲကျတာ။

မေး။ ။ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားနဲ့ နိုင်ငံတကာ သတင်း ဌာနတွေက မိတ္ထီလာအဓိကရုဏ်းက စနစ်တကျ စီစဉ်ထားတဲ့ ရက်စက်တဲ့ လူသတ်အကြမ်းဖက် မှုကြီးလို့ ရေးသားနေကြပါတယ်။ အဲဒီအပေါ်မှာ ဆရာတော်ရဲ့ အမြင်လေးသိချင်ပါတယ်။

ဖြေ။ ။ ပထမနေ့နဲ့ ဒုတိယနေ့မှာ ဘယ်သူမှ စနစ်တကျမရှိပါဘူးဗျာ။ တကယ်တန်းစနစ်တကျရှိတာက ပထမနေ့မှာ ကုလားရပ်ကွက်ထဲမှာရှိတဲ့ မွတ်စလင်တွေကမှ စနစ်တကျရှိတာ။ သူတို့က တုတ်တွေ၊ ဒုတ်
တွေ၊ ဓါးတွေလက်နက်တွေ အကုန်ကိုင်ဆောင်ပြီးတော့ ဗမာမှန်သမျှကို အကုန်ခုတ်တာ။ သံဃာတပါးအသတ်ခံရတယ် ကြားတဲ့အခါမှာ ဗမာလူအုပ်ကြီးက ကုလားရပ်ကွက်ထဲကို တိုးဝင်သွားတာ။

တကယ်တန်းကျတော့ သူတို့မှာ ဘာလက်နက်မှ မရှိဘူး။ ၁၀ ယောက်မှာ ၁ ယောက်ပဲ တုတ်ပါတယ်။ အဲဒီတုတ်ကလည်း အိမ်ဖျက်ဆီးထားတဲ့နေရာကနေ ပါလာတဲ့တုတ်။ အဲဒါပဲ။ ကိုယ်က တုတ်ပဲ ပါတယ်။ ဘာလက်နက်မှ မပါဘူး။ ဟိုကလူတွေက ဓားတွေနဲ့ ဆီးခုတ်တယ်ဆိုတော့ အတုန်းအရုန်း ကျတယ်ဗျ။ ၂ ယောက်သေပြီးတော့ ၁၆ ယောက်လောက် ဒဏ်ရာရတယ်။

ဓားခုတ်ဒဏ်ရာနဲ့ တကယ့်ပြင်းထန်တဲ့ဒဏ်ရာပေါ့။ အဲဒီလိုစီစဉ်ထားတာက မွတ်စလင်ရပ်ကွက်ထဲ ကဖြစ်တယ်။ ဒုတိယနေ့ကလည်း ဘယ်သူမှ မစီစဉ်ဘူး။ အသံကြောင့် ဖားသေဖြစ်သွားတာ။

မေး။ ။ အခု နိုင်ငံတကာသတင်းဌာနတွေက ၉၆၉ နဲ့ပတ်သက်လို့ ဗုဒ္ဓဘာသာ အစွန်းရောက်တွေဆို ပြီး ရေးလာကြတာတွေ ရှိနေပါတယ်။ အဲဒါ ဆရာတော်အနေနဲ့ ၉၆၉ အဓိပ္ပာယ်ကို နည်းနည်းလေး သိအောင်ရှင်းပြပေးပါလား။

ဖြေ။ ။ ရှင်းပြလို့ရပါတယ်။ ပထမအစ ဂဏန်း ၉ က ဘုရားဂုဏ်တော်ကိုးပါးရည်ရွယ်တယ်။ ဒုတိယ ဂဏန်း ၆ က တရားဂုဏ်တော် ၆ ပါးကို ပြောတာ။ တတိယ ဂဏန်း ၉ က သံဃာ့ဂုဏ်တော် ၉ ပါးကို ရည်ရွယ်တာ။

ဘုရားတရားသံဃာ ရတနာ ၃ ပါးရဲ့ ဂုဏ်တော်တွေဖြစ်ပါတယ်။ ဟိုးအရင်တုန်းက ဗုဒ္ဓံသရံဏံ၊ အရဟံတို့ ဓမ္မစကြာတို့ စသည်ဖြင့် အဲဒါတွေက ဗုဒ္ဓဘာသာဝင်တွေရဲ့သင်္ကေတဖြစ်သလို ၉၆၉ ကဗုဒ္ဓဘာသာဝင်တွေ ရဲ့ သင်္ကေတဖြစ်တယ်။ ၉၆၉ ကို မဆီမဆိုင်ဆွဲထည့်တာကတော့ တရားခံရှာမရလို့ တွေ့ရာမြင် ရာလူကို ထုထောင်းရိုက်နှက်ပြီးတော့ တရားခံလုပ်သလိုမျိုးပေါ့နော်။

ဘာဖြစ်လို့လဲ ၉၆၉ က မိတ္ထီလာမှာ တရွက်မှ မရောက်ဘူးဗျ။ ဘယ်သူမှလည်း လာမဖြန့်ဘူး။ ဦးဇင်းတရားဟောတုန်းက အဲဒီမှာ စတေကာတွေ ၂၅ လောက် ဖြန့်ခဲ့တယ်။ အဲဒီစတေကာကလည်း
Save Our Future အဲဒါလေးပါပဲ။ အဲဒါကို မဆီမဆိုင် ၉၆၉ ကိုတရားခံ လုပ်နေတာကြီးက တခြားစီပါဗျာ။ တကယ်တန်းတော့ ဘုရားတရားသံဃာ ဂုဏ်တော်တွေပါ။ တကယ်အပြစ်ကင်းပါတယ်။

မေး။ ။ပဲခူးတိုင်းဒေသကြီးမှာ မွတ်စလင်တွေရဲ့ ဗလီတွေ၊ နေအိမ်တွေနဲ့ဈေးဆိုင်တွေ အဖျက်ဆီးခံရတယ်။ ကြို့ပင်ကောက်က အဖျက်ဆီးခံရတဲ့နေအိမ်နဲ့ ကားတွေပေါ်မှာ ၉၆၉ ဆိုတဲ့ အမှတ်တံဆိပ်ကို မင်အစိမ်းနဲ့ ရေးတာတွေရှိနေပါတယ်။ ဆရာတော်အနေနဲ့ ဗလီတွေကို ဖျက်ဆီးနေတာတွေ၊ ဖျက်ဆီးထားတဲ့အပေါ်မှာ ၉၆၉ ရေးထိုးသွားတာတွေနဲ့ပတ်သက်လို့ ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

ဖြေ။ ။ဒကာကြီး ပဲခူးတိုင်းဖြစ်ပျက်နေတဲ့ နေရာတော်တော်များများမှာ ဦးဇင်းက မြို့ခံတွေနဲ့ အဆက် အသွယ် မရှိတဲ့အခါကျတော့ အဲဒီအကြောင်းအရာကို ဘာမှ မသိရဘူး။ ဦးဇင်းတို့ ဖွဲ့စည်းထား တဲ့နေရာတွေမှာတော့ ဦးဇင်းမူဝါဒ၊ လမ်းစဉ်အတိုင်း အလုပ်လုပ်ကြတဲ့အတွက်ကြောင့် ဘာပြသနာမှ မဖြစ်ဘူး။ ဦးဇင်း အခု အမှုတွေ အများကြီးကိုင်တွယ်ထားတယ်ပေါ့။

မွတ်စလင်နဲ့ ဗမာတွေနဲ့ ဖြစ်တဲ့အမှုတွေ။ မုဒိမ်းမှုတွေ၊ အရွယ်မရောက်သေးတဲ့ ၄ တန်းကျောင်းသူ၊ ၇ တန်းကျောင်းသူ၊ ကျောင်းသူတွေကို ပြုကျင့်တဲ့ အမှုတွေများတယ်။ နောက် ကာယကံအလျောက် ထိုးကြိတ်စော်ကားတဲ့ အမှုတွေများ၊ ဘာသာ သာသနာကိုစော်ကားတဲ့အမှုတွေ များတယ်။
နောက်ဆုံး ဗျာ ရဟန်းသံဃာကို ပက်ပက်စက်စက် မိုက်မိုက်ရိုင်းရိုင်း ဆဲတဲ့အမှုတောင်ပါတယ်။ တရားမ၀င် ဗလီတွေပါတယ်။

ကျူးကျော် ဗလီတွေပါတယ်။ မွတ်စလင်သချိုင်းတွေပါတယ်။ ဒီအမှုတွေအားလုံးကို ဦးဇင်းဆီမှာ ၅၀ ကျော် လက်ခံထားပြီးတော့ တယ်လီဖုန်းနဲ့ ဖြေရှင်းပြီးတော့ အကြံဥာဏ်ပေးရတာပေါင်းရင် ၁၀၀ ကျော်ရှိနေပြီ။

သိတာအကုန်လုံးကို ဦးဇင်းက ဥပဒေဘောင်ထဲကနေ ဖြေရှင်းဖို့ဆိုပြီးတော့ ဆုံးမ သြ၀ါဒပေးတဲ့အတွက် ဦးဇင်းထက် ကြီးတဲ့ သံဃာတွေရော၊ လူတွေရော ဦးဇင်းစကား နားထောင်ကြတယ်။

ဥပဒေဘောင်ထဲက ဖြေရှင်းတဲ့အတွက် ဘာပြသနာမှ မရှိဘူး။ ဦးဇင်းတို့နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းမှာ တကယ် ၉၆၉ ဆိုတာ အကြမ်းမဖက်ဘူး။

မေး။ ။နေပြည်တော် သာသနာရေးဝန်ကြီးဌာနက ၉၆၉ အမှတ်တံဆိပ်က ဗုဒ္ဓဘာသာရဲ့ တရားဝင် သင်္ကေတ အဖြစ် အသိအမှတ်ပြုထားတာမရှိပါဘူးလို့ ပြောပါတယ်။ အကြောင်းကြားပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ အမြင်လေးသိချင်ပါတယ်။

ဖြေ။ ။ဟုတ်ပါတယ်။ ဦးဇင်းတို့ သိသလောက် မှတ်သလောက် တတ်သလောက်ပဲ လိုက်လံဖြန့်ဖြူးနေ ကြတာလေ။ ဒါကြီးကို တရားဝင်မှတ်ပုံတင်ပြီးတော့ ဖြန့်ဖြူးနေတာမဟုတ်ဘူးပေါ့။ဥပမာဆိုကြပါစို့၊   ဒီဟာကို ပြင်ဆင်တဲ့သူက ပြင်ဆင်တယ်။ လှူဒါန်းတဲ့သူက လှူဒါန်းတယ်။ လိုက်ဖြန့်တဲ့သူက လိုက်ဖြန့်
တယ်။ အစိုးရဆီမှာ တရားဝင်မှတ်ပုံတင်ပြီးတော့ ဒါတွေကိုရောင်းဝယ်ဖောက်ကားတာမဟုတ်ဘူး။

မေး။ ။ဆရာတော်ရဲ့ အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့ ဆိုတဲ့ တရားဟောပြောမှုမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ မင်းကိုနိုင်က ဘာမှမလုပ်နိုင်ဘူး။ NLD က ခွပ်ဒေါင်းမဟုတ်ဘူး။ မွတ်စလင်တွေရဲ့ မွတ်ဒေါင်းလို့ ဆိုထားပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ရှင်းပြပေးပါ ဘုရား။

ဖြေ။ ။ဦးဇင်းက ဒေါ်အောင်ဆန်းစုကြည်ကို တလျှောက်လုံးထောက်ခံခဲ့တယ်။ ဒါပေမယ့် ရခိုင်အရေးဖြစ် လာတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က တကယ်တန်းကျတော့ ဘာမှ အားမကိုးလောက်ဘူး။ အဲဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဒီလိုနှုတ်ဆိတ်သွားသလဲဆိုတာကို   ဒေါ်အောင်ဆန်းစုကြည် နားရောက်နေတဲ့သူတွေကြောင့်ဖြစ်နိုင်တယ်လို့ ယူဆတယ်။

ပြီးတော့ မြို့တွေတော်တော်များများရဲ့ NLD ရုံးတွေမှာ ရုံးထိုင်တာက မွတ်စလင်တွေများတယ်။ သူတို့တတွေကြောင့် ဗမာတွေက NLD ရုံးကိုသွားပြီးတော့ လှည့်ပြန်လာရတယ်။

အချို့မြို့တွေမှာဆိုလိုရှိရင် မွတ်စလင်အိမ်ကိုငှားပြီး ရုံးဖွင့်ရတဲ့အတွက်ကြောင့် မွတ်စလင်မျက်နှာ ကိုကြည့်ပြီး အာဇာနည်နေ့လိုမျိုးတောင်မှ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် နေ့မျိုးမှာ ဆွမ်းကပ်ဖို့ အိမ်ရှင်က တားမြစ်လို့ ဆွမ်းမကပ်ရဘူး။ အဲဒါကြောင့်မို့လို့ ခွပ်ဒေါင်းက ခွပ်ဒေါင်းအသွင်မဆောင်ဘဲ မွတ်ဒေါင်းအသွင်ဆောင်လာပြီလို့ ဦးဇင်းဟောတာလေ။

မင်းကိုနိုင်တို့ ၈၈ အဖွဲ့ ကို ဦးဇင်းက ဒုတိယအင်အားအကြီးဆုံးအဖွဲ့ဆိုပြီးတော့ တအားအားကိုးတယ်။ အနာဂတ်အတွက် အများကြီးမျှော်လင့်ထားတာ။ ဒါပေမယ့်သူတို့လည်း ရခိုင်အရေး အခင်းမှာ ပြည်သူလူ
ထု ပြောပလောက်အောင် အားကိုးစရာမရှိဘူး။ အဖွဲ့အစည်းတရပ်အနေနဲ့ ပြည်သူ့ဘက် ရပ်တည် တာမျိုးမရှိဘူးပေါ့ဗျာ။ လူပုဂ္ဂိုလ်အနေနဲ့ တဦးတယောက် ထပြောတယ်။

ရခိုင်ဒုက္ခသည်တွေကူညီပြီး အပြန်မှာ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ ဒါပဲ။ ကြေညာချက်တရပ် ထုတ်ပြီးတော့ သတ်သတ်မှတ်မှတ် ရိုဟင်ဂျာက တိုင်းရင်းသားမဟုတ်ပါဘူးတို့၊ အခုလို ဘင်္ဂလီတွေက ရခိုင်တွေ အတုံးအရုံးသတ်ဖြတ်နေတာကို လုံးဝ ရှုတ်ချပါတယ်ဆိုတဲ့ ပုံစံမျိုးတွေ မတွေ့ရဘူး။ အဲဒါကြောင့် မို့ ဓမ္မနဲ့ အဓမ္မမှာ အမြဲတမ်း ဓမ္မဘက်က ရပ်တည်နေပါတယ်ဆိုတဲ့ မင်းကိုနိုင်က ပထမ ရခိုင်အရေး အခင်းမှာ တကယ်တန်းကျတော့ ဓမ္မဘက်မှာ ရပ်တည်တာ မတွေ့ရတော့ဘူး။ အဲဒါကြောင့် အဲဒါကို ထည့်ဟောတာ။

မေး။ ။ဆရာတော်ရဲ့ ဟောပြောချက်တွေမှာ အစ္စလမ်ဘာသာဝင်တွေရဲ့၇၈၆ အမှတ်တံဆိပ်ရေးထား တဲ့ ဆိုင်တွေမှာ အားမပေးရဘူးလို့ ပါနေတော့ ဘာသာရေးနဲ့ လူမျိုးရေး ခွဲခြားမှုတွေဖြစ်ပြီး လူ့အဖွဲ့အစည်း ကြားမှာ မယုံကြည်မှုတွေ၊ မုန်းတီးမှုတွေ မဖြစ်စေနိုင်ဘူးလားဘုရား။

ဖြေ။ ။အော် ဒကာကြီးရဲ့။ အဲဒါက ဗမာနည်းမဟုတ်ဘူး။ အဲဒါ မွတ်စလင်နည်းလေ။ မွတ်စလင်တွေ အဲဒီ အတိုင်း ကျင့်သုံးတာ။ ဒကာကြီး မြို့ထဲလှည့်ကြည့်လေ မွတ်စလင်တွေက ဗမာဆိုင်အားပေးတာ   ဘယ်နှယောက် ရှိသတုန်း။

သူတို့က သူတို့ဆိုင်တွေကို အားပေးရင် ဦးဇင်းတို့ကလည်း ဦးဇင်းတို့ ဆိုင်ကို အားပေးရမှာပေါ့။ ဆိုတော့ ဦးဇင်းဘာသာဝင်တွေရဲ့ ဆိုင်တွေသာ ဦးဇင်းတို့အားပေးရင် ဒီလိုစော်ကားခံရတာ တွေ မရှိနိုင်ဘူးလေ။ ကိုယ့်အချင်းချင်း ပြသနာဖြစ်တယ် ဒီလောက်တော့ မပိုဘူးပေါ့ဗျာ။

အမျိုးသားရေး ပြသနာအဆင့်မရောက်နိုင်ဘူး။ ကိုယ့်အချင်းချင်းဆိုင် မ၀ယ်ဘဲ ရွှေဆိုင် မွတ်စလင်ဆိုင်ကို သွားတော့ အစော်ကားခံရတာပေါ့။ အခုလို စော်ကားခံရတော့ အမျိုးသားရေးပြသနာ အဆင့်ရောက် သွားတာပေါ့။ အဲဒါကြောင့်မို့ ဈေးဝယ်တာနဲ့ပတ်သက်လို့ သွေးခွဲရာမရောက်ပါဘူး။ ကိုယ့်လူကာကွယ် ရာတောင် ရောက်တယ်။ ကိုယ့်လူမျိုးကို ကိုယ်ပြန်ကာကွယ်ရာရောက်တယ်။

မေး။ ။အခု ပဋိပက္ခတွေ ပျံ့နှံ့မှုကြီးလာတော့ လူ့အဖွဲ့အစည်းတွေကြားမှာ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့ မှုတွေဖြစ် လာနေပြီ။ ဒါတွေ ချုပ်ငြိမ်းအောင် ဘယ်လိုလုပ်သင့်တယ်လို့ ဆရာတော်အကြံပြုချင်ပါသလဲ။

ဖြေ။ ။ကျုပ် အမြဲတမ်းအကြံပြုနေတယ်။ ထောင်ကထွက်ကတည်းက မွတ်စလင်အသိုင်းအ၀ိုင်းကို အကြံပြုနေတယ်။ အခုလည်း အကြံပြု
နေတယ်။ မနေ့ညကလည်း အကြံပြုနေတယ်။ ဦးဇင်းတို့တွေက ပူးပေါင်းပြီးတော့ ဖြေရှင်းမှဖြစ်တော့မယ်။

မွတ်စလင်တွေကလည်း မြို့ရွာတွေမှာ ရပ်မိ၊ ရပ်ဖအသင်းဖွဲ့ပါ။ ဗမာတွေကလည်း ကိုယ့်မြို့ကိုယ့်ရွာ မှာ ရပ်မိရပ်ဖ အသင်းဖွဲ့ပါ။ အဲဒီအဖွဲ့ ၂ ဖွဲ့က ပြသနာဖြစ်လာတဲ့အခါမှာ ကိုယ့်လူကိုယ် ထိရောက်စွာ အရေးယူရမယ်။ အဲဒီလို ကိုယ့်လူကိုယ် ထိရောက်စွာ အရေးယူတဲ့အချိန်မှာ တဖက်လူက အင်အား
သုံး ဖြိုခွင်းသလိုမျိုး လုပ်ခဲ့လို့ရှိရင် ကိုယ့်လူကပဲ ဖြိုးခွင်းလို့မရအောင် ရှေ့မှာ မားမားရပ်တည် ပြီးဖြေရှင်းပါ။ အဲဒီပုံစံလိုမျိုးနဲ့သွားမယ်ဆိုရင် တကမ္ဘာလုံး ငြိမ်းချမ်းမှာပါ။

မေး။ ။ သမ္မတအနေနဲ့ မနေ့က မိတ္ထီလာပဋိပက္ခနဲ့ပတ်သက်လို့ ပြောတဲ့ မိန့်ခွန်းမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံ ကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေ ကြားမှာ အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေကို တည်ဆဲဥပဒေနဲ့ ထိထိရောက် ရောက် အရေးယူမယ်လို့ ပြောထားတယ်။ အဲဒီအပေါ်မှာ ဆရာတော်အမြင်လေးသိချင်ပါတယ်။

ဖြေ။ ။အဲဒါအရေးယူရမယ်။ ပေါ်ပေါ်တင်တင်လုပ်တဲ့သူကို အရေးယူတာထက်၊ နောက်ကွယ်ကနေ သွေးထိုး ပြီးတော့ သပ်လျှိုနေတဲ့သူတွေကို အရေးယူတာက ပိုပြီးထိရောက်တယ်။

ဥပမာအားဖြင့်- မော်လ၀ီ ဆရာတွေပေါ့။ သူတို့တွေက ကလေးလေးတွေကို စာသင်ပေးတယ်။ သူတို့တွေ က သွေးခွဲစကားတွေကို ပြောပြီးတော့ သွေးခဲတာများတယ်။ ကလေးလေးတွေက ရဟန်းသံဃာတွေကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူလိုပဲ။ ဗမာတွေကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူကြီး
တွေ လို။

အဲဒီလိုဖြစ်နေတယ်။ အဲဒီတော့ သွေးခွဲတဲ့သူတွေ၊ အထူးသဖြင့် ကလေးတွေကိုမှိုင်းတိုက် ပြီးတော့   သွေးခွဲနေ တဲ့နေတဲ့သူတွေ ကို အရေးယူနိုင်အောင်ကြိုးစားရမယ်။

ဧရာဝတီ

15 comments:

  1. ဝီရသူရယ် လူတွေဒီလောက် သေကြေပျက်စီး ဒုက္ခရောက်နေတာတောင် မျက်တောင်တချက်မခတ်ဘဲ လုပကြံပြောဆိုမှုတွေ မရပ်သေးဘူးဆိုတော့ သြချလောက်ပါတယ်။ အပြစ်မရှိတဲ့မွတ်စလင်တွေ အစုလိုက်အပြုံ လိုက်အသတ်ခံရတာကို အသတ်ခံရသူတွေကို အပြစ်ပြန်ဖို့ထားတယ်။ ဒကာတွေရဲ့ ဘုန်းကြီးတွေအပေါ်ကြည်ညိုစိတ်ကို အခွင့်ကောင်းယူပြီး ဖြစ်လိုက်တိုင်း မွတ်စလင်က ဘုန်းကြီးကို ဆော်ကားလို့ ဆိုတာကစပြောတယ်။ တိုက်တွေဖျက်တုန်းက မွတ်စလင်အားလုံး ဘာမှမဆိုင်သလိုနေခဲ့တယ်။ ဘုန်းဘုန်းတို့ကလည်း တားမရတော့ လွှတ်ပေးခဲ့တယ်။ ဖျက်တဲ့သူတွေက အဆောက်အဦးဖျက်ရတာကို အရသာတွေ့ပြီး ဗလီတွေဘက်လှည့်လာတယ်။ ဗလီဖျက်ဖို့ လာတဲ့သူတွေထဲမှာ တရားစာအုပ်ဝယ်ဖို့ လာတဲ့ ကိုယ်တော်က ဘယ်လိုပါလာတာလဲ။ ဘုရားစေတီတွေကို တခြားဘာသာက အထွတ်အမြတ် ထားသော သူတို့ကလာဖျက်ရင် မြင့်မြတ်တဲ့သူဆိုပြီး ကြည့်နေမှာလား။ သတ်တဲ့နည်းကလည်း လူတွေစိတ်မကြွ ကြွအောင် လုပ်ကြံရေးထားမှန်းသိသာလွန်းတယ်။ ဝီရသူကိုယ်တိုင် လိုက်သွားပြီး သူမျက်မြင်ပုံစံနဲ့ လှုံ့ဆော်မှုတွေ စလုပ်တယ်။

    ReplyDelete
  2. ကုလားတွေရဲ.စိတ်ဓါတ်ကိုရိုက်ချိုးထားမှဖြစ်မှာပါ......

    ReplyDelete
    Replies
    1. ရန်ကုန်ယူနီဗာစီတီ တက္ကသိုလ်မှာ ကျောင်းတက်နေသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆရာကြီးဦးရာဇာတ်တို့ မြန်မာပြည် လွတ်လပ်ရေးရဘို့ မကြာခဏ ဆွေးနွေးကြသည် ကြားဖူးရ၏။

      သူတို့နှစ်ယောက်စလုံး တူညီသော အယူအဆ ဆန္ဒကိုဖော်ပြရမည်ဆိုလျှင် -

      ၁။ ငါတို့ မြန်မာပြည်မှာ မွေးဖွားတယ်

      ၂။ ငါတို့ မြန်မာထမင်း အဟာရကို စားသုံးတယ်

      ၃။ ငါတို့ မြန်မာပြည်မှာ ကျောင်းနေတယ်

      ၄။ ငါတို့ မြန်မာပြည်မှာ နေထိုင်သူဖြစ်တယ်

      ၅။ ငါတို့ အလုပ်သည် မြန်မာပြည် လွတ်လပ်ရေးရဘို့ လုပ်ရမှာဖြစ်တယ်။ ဤသို့နှစ်ဦးလုံးစိတ်ထားခြင်း တူကြ၏။

      Delete
    2. ဆရာကြီး ဦးရာဇတ်သည် ဗိုလ်ချုပ်အောင်ဆန်းအပေါ် အလွန်ယုံကြည် အားကိုသလို ဗိုလ်ချုပ်အောင်းဆန်း ကလည်း ဆရာကြီးအပေါ် အလွန်ယုံကြည်အားကိုးသည်။ ဆရာကြီး ဦးရာဇတ်သည် အထက (၂) ရှေးယခင် နေ ရှင်နယ်အမျိုးသားကျောင်းအုပ်ကြီးဖြစ်သည်။ လွတ်လပ်ရေးလမ်းစ ပျိုးခင်းထောင်ခဲ့ပုံမှာ နေရှင်နယ်ကျောင်းကြီး၌ “ရဲညွန့်တပ်ဖွဲ့” ဖွဲ့စည်းလျှက် လွတ်လပ်ရေးတိုက်ပွဲကို လျှို့ဝှက်ဖွဲ့စည်းတည်ခင်းကြသည် နောက် အင်္ဂလိပ်အစိုးရ ရဲညွန့်တပ်ဖွဲ့ ရုပ်သိမ်းစေ၍ တားမြစ်သည်ကို လက်ခံလိုက်ရသည်။

      ဆရာကြီး ဦးရာဇတ်သည် မိတ္ထီလာဇာတိသား ဗိုလ်ချုပ်အောင်ဆန်းသည် နတ်မောက်ဇာတိသားဖြစ်၍ တစ်မြေ တည်းနေ တစ်ရေတည်းသောက် တစ်ခရီးတည်းသွားကြသော အာဇာနည်ပုဂ္ဂိုလ်ကြီး နှစ်ယောက်ဖြစ်သည်။ (သူတို့နှစ်ယောက်လုံး တပြိုင်နက် အတူကျဆုံးခဲ့ရသည်ကို ယခုထက်တိုင် အံ့သြဝမ်းနည်းနေကြရပါသည်။)

      တစ်ယောက်က မွတ်စလင် အစ္စလာမ်၊ တစ်ယောက်က ဗုဒ္ဓဘာသာဖြစ်သော်လည်း မင်းက ဘယ်ဘာသာ ငါက ဘယ်ဘာသာဟူ၍ ဘာသာနှင့်စပ်၍ မပြောခဲ့စဖူးဟု သိရ၏။ မြန်မာပြည်သားပီပီ မြန်မာပြည် လွတ်လပ်ရေး ရရေးကိုသာ တစိုက်မတ်မတ်လုပ်ခဲ့ကြသော ခေါင်းဆောင်ကြီးများဖြစ်၍ ထိုခေါင်းဆောင်ကြီး နှစ်ဦးအပါအဝင် အာဇာနည်မြောက်များ စွာတို့ အသက်ပေး ချွေး သွေးဖြင့် ဆောင်ရွက်ခဲ့သော လွတ်လပ်ရေး ပန်းတိုင်အောက်မှာ ကျွန်ုပ်တို့ ရဟန်းရှင်လူပြည်သူများစွာ ပျော်ရွှင်စွာ နေထိုင်ကြသည်မဟုတ်ပါလော။ ထိုသို့ ပျော်ရွှင်စွာနေထိုင်စဉ် “သခွပ်ပင်က မီးတကျည်ကျည် မဖြစ်ကြပါနဲ့၊ မလုပ်ကြပါနဲ့” ဟူ၍ ဘုန်းကြီးတစ်ပါးအနေဖြင့် တောင်းပန်စကားပြောကြားရင်း လွတ်လပ်ရေးမဆုံးရှုံးစေရေး ကို သတိပေးလိုက်ရပါသည်။

      Delete
  3. ကျောင်းသားလေးတွေဟာ အသတ်အကြီးဆုံးမှ ၁၅ ၁၆ အရွယ်လေးတွေပါ။ ဗမာအိမ်တအိမ်က ဖွက်ပေးထားတယ်။ ကလေးတွေဟာကြောက်လွန်းလို့ မိဘတွေဆီ ဖုန်းဆက်ကြတယ်။ အသံတွေတုန်နေတယ် အကြောက်လွန်နေတယ်။တချို့ဆိုဖုန်းဆက်မရလို့ မိဘတွေနဲ့ နောက်ဆုံးအကြိမ်တောင် စကားပြော မသွားရဘူး။ လူအုပ်ကြီးကဓားတွေတုက်တွေကိုင်ပြီးဝိုင်း ထုတ်ခိုင်းတယ်။ မီးရှို့မယ်လို့ခြိမ်းခြောက်တယ်။အိမ်ရှင်ကတောင်းပန်တယ်။ မရဘူး။ ဒီတော့မှ လူကြီး ၂၀ လောက်က ကလေးတွေကိုနောက်က ကယ်လို့ရအောင် ရှေ့ကနေထွက်တိုက်တယ်။ ရဲတွေကကယ်ထုတ်တယ်။ ကယ်လို့မပြီးခင် အိမ်ကိုမီးရှို့လိုက်တယ်။ အပူဒဏ်မခံနိုင် လို့ထွက်ပြေးလာတဲ့ ကလေးတွေကို ဓားလှံတုက် စတာတွေနဲ့ ထိုးရိုက်သတ်ပစ်ကြတယ်။ တချို့တွေ မီးလောင်ပြီးသေတယ်။ ကြောက်လွန်းလို့ ပုန်းပြီးငိုနေတဲ့ ကလေးတွေက သံပြိုင်အော်ရဲပါ့မလား။ လူကြီးတွေ ကရော ကလေးတွေကိုမငဲ့ဘဲ အသံထွက်ရဲပါ့မလား။ ကိုယ့်ကိုရန်မပြုဘဲ အလှကြည့်နေသူတွေကို အက်ဆစ်နဲ့ ပတ်ပါ့မလား။ အသတ်လုပြေးလာသူတွေမှာ အက်ဆစ် ပါပါ့မလား။ သူတို့အသတ်လုပြေးရာ လမ်းတလျှောက်လုံး အက်ဆစ်ထုပ်တွေကိုင်ပြီး ပြေးနိုင်ပါ့မလား။ လေးခွနဲ့ပစ်လိုက်တော့လည်း မှန်တဲ့သူက ဘုန်းကြီးတဲ့။ လုပ်ချလိုက်ပြန်ပြီ။ နောက်တခါဆို ရသေ့အိုတို့ မယ်သီလ တို့ ထည့်ပြောပေးပါအုန်း။ အပြောင်းအလဲလေးပေါ့။

    ReplyDelete
  4. ၉၆၉ နဲ့လုံးဝမပတ်သတ်ရင် ၉၆၉တံဆိပ်ကပ်ပြီး ဗလီသွား ဖျက်သူတွေကို ဘာကြောင့် မရှုံ့ချတာလဲ။ မဆိုင်ပါဘူး ပြောရုံနဲ့ ပြီးရောလား။ မွတ်စလင်တွေဟာ ဝက်သားမစား လို့ ဝက်သားနဲ့ရောင်းတဲ့ ခေါက်ဆွဲဆိုင် ထမင်းဆိုင်တွေ ဆိုရင်တော့ မစားပါဘူး။ သင်္ဘောသီးထောင်း လက်ဖက်သုပ် အကြော်စုံ လက်ဖက်ရည် ကော်ဖီ အအေး စတဲ့ အစားအစာများကိုတော့ ဘယ်ဆိုင်မဆို စားပါတယ်။ မွတ်စလင်တွေ ဈေးဝယ်ရင် ဆိုင်ရွေးမရွေးဆိုတာ ဈေးသည်တွေအသိဆုံးဖြစ်ပါတယ်။ ဒီစာဖတ်ပြီးဝယ်နေကြဆိုင်တွေစဉ်းစားလိုက်တာ ကြက် အမဲ ဆိတ်သား ၃မျိုးဘဲမွတ်စလင်ဆိုင်ကဝယ်တယ်။ ငါးတောင်ဗမာဆိုင်ကဝယ်တယ်။တခြားပစ္စည်းတွေလည်းဗမာဆိုင်တွေကဘဲဝယ်နေကျ။ဘာစီးပွားရေးမှမလုပ်ဘဲ အိမ်မှာထိုင်နေတဲ့ လူပျင်းတွေဘဲ ဝီရသူ ပြောသမျှယုံပါလိမ့်မယ်။

    ReplyDelete
  5. သမ္မတကြီးရဲ့မိန့်ခွန်းကိုလည်း သူ့ဟာသူ နေတဲ့ မော်လဝီဆရာတွေ ဘက်ပုံချလိုက်ပြန်ပြီ။ မွတ်စလင်ဘာသာရေးကျောင်းတွေမှာ တခြားလူမျိုးဘာသာကို မုန်းအောင်သင်ခွင့်မရှိပါ။ ကျမ်းတော်မှာကိုက တခြားလူမျိုးဘာသာကို လေးစားရမယ်လို့ အတိအလင်းပြထမ်းထားပါတယ်။ ကလေးအများစုက ဘုန်းကြီးတွေကိုမုန်းတာမဟုတ်ပါ။ကြောက်ကြတာပါ။ သူတို့သက်တမ်းတလျှောက် ဗလီတွေ မွတ်စလင်အိမ်တွေ ဖျက်ခံရရင် သင်္ကန်းဝတ်တွေ ပါတက်လို့ သူတို့ရန်ပြုခံရမှာ စိုးတာပါ။ ခုတော့ တရားတော်နဲ့အညီနေတဲ့ ဘုန်းကြီးတွေဟာ မွတ်စလင်တွေကို ရန်မပြုဘဲ ကယ်တင်ကြတယ်ဆိုတာ သူတို့လည်း နားလည်မှာပါ။ မိဘဆရာတွေကလည်းပြောပြကြမှာပါ။ ကျွန်တော်နေတာဗုဒ္ဓဘာသာအများစုရှိတဲ့ရပ်ကွက်မှာပါ။တနှစ်ကကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပါတယ်။ ရပ်ကွက်ထဲက ကလေးတွေသွားတက်ကြတယ်။ ကျွန်တော်အဖေက ကလေးတအားချစ်တက်တယ်။ အိမ်မှာကလေးမရှိပေမယ့် ချိုချဉ်တွေမုန့်တွေ အမြဲဝယ်ထားပြီး အိမ်လာသမျှကလေးတွေကိုပေးတယ်။ တရက်မှာ ချိုချဉ်ထုပ်တွေအများကြီးဝယ်လာတယ်။ ဘာလုပ်မလို့လဲမေးတော့ ဗုဒ္ဓဘာသာသင်တန်းက ကလေးတွေကိုသွားပေးမလို့တဲ့။ အဲဒီနေ့မှာဘဲ တိုက်တိုက် ဆိုင်ဆိုင် ဆရာမက ကုလားကျွေးတာမစားရဘူး။ ကုလားပေးတာမယူရဘူး ဆိုပြီး အကြောင်းပြချက်မရှိ သွန်သင်နေပါတယ်။ လော်ကြီးနဲ့အော်နေတော့ တရပ်ကွက်လုံးကြားရတာပေါ့။ ချိုချဉ်တွေလည်း အိမ်လာလည်တဲ့ကလေးတွေကိုဘဲ ပေးလိုက်တော့တယ်။ ဘယ်သူတွေက ကလေးတွေကို သွေးခွဲနေလဲသိရအောင် ကိုယ်တွေ့မို့ ပြောပြတာပါ။

    ReplyDelete
  6.ု့မြန်မာနိင်ငံတွင် တစတစ ပိုမိုဆိုးရွားစွာဖြစ်ပေါ်နေတဲ့ မွတ်စလင်မ်များအား အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်တားဆီးရေး အထူးအကြံပေး အရာရှိ အာဒမ္မာဒီယမ် ကပြော၊လက်ရှိဖြစ်ရပ်များကို တားဆီးရုံ သက်သက် မပာုတ်ဘဲ ဖြစ်ပွားရခြင်း အကြောင်း အရင်းကို (မြန်မာ အစိုးရ အနေဖြင့်) မဖဖြရှင်းပါက နိင်ငံတကာ အသိုင်း အ၀ိုင်း အနေဖြင့် ယခုဖြစ်ရပ်များ အဆုံးသတ်စေရန် ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမည်ဖြစ်ရာ အနာဂတ် အကျိုးဆက်ဆိုးရွားဖွယ် ရှိသည်ပာုလည်း သတိပေး

    ReplyDelete
  7. ဝီရသူဟာ ဗုဒ္ဓသာသနာအတွက် ကာချုပ်တယောက် အဆင့်ရှိတယ်တဲ့။ ကာချုပ်ကြီးရဲ့ တရားရေအေးအမြိုက် ဆေးကို မြန်မာနိုင်ငံတဝန်း လှည်းနေလှေအောင်း မြင်းစောင်းမကျန် နာယူလိုက်ကြတာ တရားနာ ပရိတ်သတ်ကြီးရင်ထဲမှာ မျိုးချစ်စိတ်များ သာသနာကို ကာကွယ်လိုစိတ်များ သူများအိမ်ဖျက်လိုစိတ်များ သူများသာသနာကိုဆော်ကားချင် စိတ်များ လူသတ်ချင်စိတ်များ သူများပစ္စည်းခိုးယူချင်စိတ်များ မီကွင်းပစ်ချင်စိတ်များ သူများဘာသာရေး အဆောက်အအုံဖျက်ချင်စိတ်များ ကလေးငယ် တွေကိုရက်စက်စွာ မီးရှို့သတ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာလိုက်တာ မိထ္တီလာမြို့ကြီးကိုပျက်ရော။ အဲဒီအချိန်မှာ ကာချုပ်ကြီးကတော့ သူတော်ကောင်းကြီး လုပ်ပြီး ဘာသာပေါင်းစုံဒုက္ခသည်တွေကို ဖေးမကြင်နာ နေလေရဲ့။ တရားနာပရိတ်သတ်ကြီးကတော့ ဒုက္ခသည် စခန်းတွေမှာ မျက်ရည် လည်ရွှဲနဲ့ ဟက်ကော့ကြီးကို ဖြစ်လို့။ တရားနာရကျိုးနပ်လိုက်လေချင်း။

    ReplyDelete
  8. ၉၆၉ အဖွဲ့အား တရားမ၀င် အသိအမှတ်မပြုကြောင်း သာသနာရေးဝန်ကြီးဌာန က ပြောကြား

    နေပြည်တော် သာသနာရေးဝန်ကြီးဌာနက ရုံးအဖွဲ့မှူး ဦးမြင့်ဦးက ၉၆၉ တံဆိပ်ကို ဗုဒ္ဓဘာသာရဲ့ တရားဝင် အမှတ်တံဆိပ် အဖြစ် အသိအမှတ် မပြုတဲ့အပြင် မှတ်ပုံတင်ထားတာမျိုးလည်း မရှိကြောင်း၊ ခွင့်ပြုထားတာလည်း မရှိကြောင်း ဧရာဝတီကို ပြောပါတယ်။

    ''၉၆၉ ဖြစ်စဉ်တွေကိုတော့ သိရတယ်။ သိပေမယ့် ဘယ်လိုအရေးယူရမလဲ ဆိုတာတော့ ဒေသအလိုက် ဖြစ်တဲ့ကိစ္စတွေ ကိုတော့ ဒေသအာဏာပိုင်က ရှင်းရမှာပဲ။ သူတို့ကို လုပ်ပိုင်ခွင့် အပြည့်ပေးထားပြီးသား ''ဟု ဦးမြင့်ဦးက ဆိုတယ်။

    ဦးဝီရသူက ၉၆၉ အဖွဲ့ကို မော်လမြိုင်မြို့က သံဃာ ၅ ပါးက စဖွဲ့စည်းပြီး ၁၉၉၉ ခုမှာ ကွယ်လွန်သူ သာသနာရေး ဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် နှစ်ဖက်လှ ဦးကျော်လွင်ကတဆင့် စတင်သိရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်သူတွေပါဝင်ဖွဲ့စည်းထားမှန်း မသိရပေမယ့် အခုအခါ ရန်ကုန်မြို့တော်မှာလည်း ၉၆၉ စတစ်ကာတွေနဲ့ တရားခွေ တော်တော်များများ ပျံ့နှံ့နေပြီး အခမဲ့ ဖြန့်ဝေတာဖြစ်တယ်လို့ သိရပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုကတော့ ၉၆၉ စတစ်ကာတွေကို ဆိုင်တွေ၊ ကားတွေ၊ အိမ်တွေမှာ ကပ်ထားကြပါတယ်။

    ဒါပေမယ့် ရန်ကုန်ဒေသခံအချို့တွေကတော့ ၉၆၉ ကို ဗုဒ္ဓဘာသာရဲ့ တရားဝင် အမှတ်အသားအဖြစ် အသိအမှတ် မပြုလိုကြပါဘူး။

    ReplyDelete
  9. ဗမာ အစိုးရ နှင့် ဝီရသူ ရဲ့ ၉၆၉ ပါတီ တို့ ရဲ့ ကြံစည်မှု

    ၉၆၉ ကို ပါတီ တစ်ခုအဖြစ် ထူထောင်ရန် ကြိုးပမ်းနေသော ဗမာ အစိုးရ နှင့် ဝီရသူ ကို အီရန် ရဲ့ အယာတိုလာ ခိုမေနီ လို ဘာသာရေး ဘုန်းကြီး ရဲ့ နိုင်ငံ အုပ်ချုပ် ခွင့် အာဏာ ပေးမယ်လို့  အစိုးရက ကတိပေးခဲ့ ပြီလား ……………………………………………………………………
    ရိပ်မိတဲ့ လူတွေ ရိပ်မိနေပါပြီ။ တားဖို့ ကြိုးစားမှုတွေ မြင်တွေ့ ရတာလဲ ရှိနေပါတယ်။အကြံကတော့ ထင်မထားလောက်အောင် ကြောက်စရာ ကောင်းနေပြီး မိမိအာဏာ လက်မလွတ်ရေး ကိုပဲစဉ်းစားပြီး တိုင်းပြည်အတွက် တစုံတရာ မှမစဉ်းစားတဲ့ ဗမာစစ်ခွေး။ အစိုးရ တို့ ရဲ့ ကြံစည်မှုပါ။

    ReplyDelete
  10. ဒီလိုခင်ဗျ။ ၂၀၁၅ မှာ n.l.d လုးံဝ အာဏာ မရအောင် လုပ်ချင်တာဖြစ်ပြီး တိုင်ပြည်ကို လည်း လုးံဝ ဖျက်ဆီးဖို့ ထိ ကြံစည်ထားမှုပါ။၉၆၉ အဖွဲ့ ဆိုတာ ခု အစိုးရ ကိုယ်တိုင် ပါဝင်အားပေး တည်ထောင်ခဲ့တဲ့ အဖွဲ့ စစ်စစ်ပါ။ ၉၆၉ လှုပ်ရှားမှု မှန်သမျှနောက်ကွယ်မှာ အစိုးရ ပါဝင်နေပြီး ဗုဒ္ဓဘာသာဝင် အားလုးံ ရဲ့ ထောက်ခံမှု ကို ရဖို့ ဝီရသူ ဦးဆောင်တဲ့ ဘုန်းကြီး များ ကို တာဝန်ပေးထားပါတယ်။ဝီရသူ ရဲ့ တာဝန်က မြန်မာနိုင်ငံ ထဲက ဗုဒ္ဓဘာသာတွေ အားလုးံ ၉၆၉ တွေဖြစ်လာဖို့ ပါ။ ဖြစ်လာပြီဆိုရင် ဝီရသူ ဦးဆောင်ပြီး ၉၆၉ ဗုဒ္ဓဘာသာတိုးတက်ရေး ပါတီကို တည်ထောက်ပါလိမ့်မယ်။ ပါတီကို ဘုန်းကြီးတွေချည်းပဲ ဦးဆောင်မှာ ဖြစ်ပြီး ပါတီဝင်အားလုးံ ဟာ ဗုဒ္ဓဘာသာတွေချည်းပဲ ဖြစ်လာပါလိမ့်မယ်။

    ReplyDelete
  11. ခရစ်ယာန်။မွတ်ဆလင် တွေ လုးံဝပါတီ ဝင်ဖြစ်လာမှာမဟုတ်သလို ဘယ် ခရစ် ။ဘယ် မွတ်ဆလင်ကမှလည်းဝင် မှာမဟုတ်ပါဘူး။ ဟိန္ဒူ တချို့ ကို ဟန်ပြ အနေ နဲ့ ပါဝင်ခွင့်ပြု ဖို့ ရှိပြီး အဲဒီ ဟိန္ဒူ တွေဟာ လက်တို လက်တောင်း ခိုင်းဖို့ နဲ့ ထိုးကျွေး စရာ ရှိရင်ထိုးကျွေးဖို့ ပါ။ခင်ဗျား တို့ စဉ်းစားကြည့် ။ ဗုဒ္ဓဘာသာ အားလုးံနီးပါး ဝင်ကြမှာပဲ။ အမျိုးသားရေး တာဝန် ။ သာသနာ စောင့်ရှောက်ရေး စတဲ့ စကားလုးံတွေနဲ့ on lineပေါ် မှာရော ။ နေရာအနှံ့ မှာပါ မှိုင်းတိုက်ထားတားပါ။ မှိုင်းတိုက်တဲ့နေရာမှာ ဘုန်းကြီး တွေ။ ရုရှ ကစစ်ခွေး ။ပြည်တွင်းမှာမွေးထားတဲ့ စစ်ခွေး ။ကြံ့ ဖွတ်စတဲ့ လူတွေ တာဝန် ယူထားပြီး အစ္ဖလာမ် ဘာသာကို အသုးံချပြီး မှိုင်းတိုက်ဖို့  အစီအစဉ် ချမှတ်ထားပါတယ်။ ဟုတ်ပြီ။အဲဒီလို သူတို့ အစီစဉ် အောင်မြင်လာရင် ပါတီကို ထောက်ခံ သူ အင်အား ဟာ ဒေါ်စု ရဲ့ n.l.dထက်တောင် များလာမှာ အသေအချာပဲ။ဒါဆို ရင် ၂၀၁၅ ရွေးကောက်ပွဲ မှာ ၉၆၉ ပါတီ နိုင်သွားပြီပေါ့။ ဒေါ်စု ငိုရမှာပါ။

    ReplyDelete
  12. ၉၆၉ ပါတီနိုင်သွားရင် ဝီရသူ ဟာ နိုင်ငံရဲ့  အမြင့်ဆုးံ အာဏာပိုင် ဘုန်းကြီး အဖွဲ့ မှာ မြန်မာ နိုင်ငံ ရဲ့ အယာတိုလာ ခိုမေနီ ဖြစ်လာပါလိမ့်မယ်။ နောက်ကွယ်က အစီအစဉ် ဆွဲပေး ခဲ့ တဲ့ ခင်ညွှန့် ။သိန်းစိန် ။သန်းရွှေ ။ ရွေမန်း ။ မောင်အေး နဲ့ ပူပေါင်း ပါဝင်သူ အားလုးံဟာ ဝီရသူ ကို ကြိုးကိုင်ပြီး လုပ်ချင်ရာ လုပ်ခွင့် ရသွားပါပြီ။ ပြည်သူ တွေ ကလည်း ပညာမဲ့ အသိဥာဏ် နည်းသူတွေ ဆိုတော့ မဟာ ဗုဒ္ဓဘာသာ ဘုန်းကြီး အုပ်ချုပ်သော မြန်မာ ဗုဒ္ဓဘာသာနိုင်ငံတော် ကို လိုလားနေတယ်ဆိုတာ ခင်ဗျား တို့ လည်းသိတာပဲ။ လိုလား အောင်လည်း မှိုင်းတိုက်ခဲ့တယ်လေ။ဒါဆိုရင် ဒေါ်စု လည်း စိတ်ဓာတ်ကျပြီး အိပ်ရာထဲလဲ။ n.l.dလည်း ဖရိုဖရဲ ဖြစ်ပြီး အားလုးံ ၉၆၉ဘက်ရောက်ကုန်မှာပါ။

    ReplyDelete
  13. ဒါတွေကို တားဆီး ချင်ရင် ပြည်သူတွေ ပဲ လုပ်ယူရမှာပါ။သူတို့ ဖြစ်ချင်သလို ဖြစ်လာလို့ ကတော့ ကမ္ဘာ ကပြန် ပြီ စီးပွားရေး ပိတ်ဆို့ မှုတွေ နဲ့ အတူ စစ်ပွဲတွေပါ ဆင်နွှဲ ရနိုင်ပါတယ်။ပြည်သူကလည်း မျက်ကန်း ဆိုတော့ ဘုန်းကြီး လုပ်သမျှ အမှန်လို့ အော်ကြမှာပါ။အင်း အရင် အရည်းကြီး ခေတ်ကိုတောင်ပြန်ရောက်သွားနိုင်တယ်။ ဒီအစိုးရ ကို အမြစ်က စမလှန် နိုင်ရင် ဒုက္ခ လှလှလေးတွေ ရောက်လာပါလိမ့်မယ်။အလွန်ကြောက်မက်ဖွယ် လမ်းကြောင်း တစ်ခုကို ရောက်နေပြီး ရည်ရွယ်ချက်က လူတစ်စု ကောင်းစား ရေး အတွက် တတိုင်းပြည်လုးံ ကို ဖျက်ဆီးမဲ့ အကြံပါ။ အစိုးရ နောက်ကွယ်မှာ တရုပ်အစိုးရ ယုတိက ထောက်ပံ့နေပြီး စစ်ပွဲဖြစ်လာရင်တောင် လက်နက် အပြည့် အစုံ ထောက်ပံ့ဖို့  ကတိခံထားပုံပေါ်ပါတယ်။ ဘုန်းကြီး အုပ်ချုပ်ရေး ဖြစ်လာတာနဲ့ ခရစ်ယာန် တိုင်းရင်းသား တွေနဲ့ ဗုဒ္ဓဘာသာ တိုင်းရင်းသား တွေကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာပြီး တိုင်းရင်းသားချင်း သတ်လို့ ကုန်ရင် ဗမာ စစ်တပ်က ကျန်တဲ့လူတွေကို ဝင်ထိန်းမှာပါ။ ကရင်မှာ သုးံ တဲ့ဗျူ ဟာ မျိုးပါပဲ။ ခရစ်ယာန် နဲ့ အစ္စလာမ်တွေ ကန်းသတ်မှု တွေနဲ့ နေရဖို့ ရှိပြီး ကမ္ဘာက လက်ခံအောင် အခွင့်ရေး တချို့  အစ္စလာမ် နဲ့ ခရစ် ကို ပေးဖို့ ရှိပါတယ်။ ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင် ခရစ်ယာန်တွေ နဲ့ ထောက်ခံသူတွေကို အပြတ် ရှင်းပါလိမ့်မယ်။ပြည်သူတွေ ပေးဆပ် မှသာ။ အပြင်းအထန် အစိုးရ ကို ဖြုတ်ချပြီး ပတ်သတ်သူ အားလုးံ ကို အပြတ်ရှင်းနိုင်မှ သာ ဒီအဖြစ်ဆိုးတွေ က ရှောင်လွှဲနိုင်ပါလိမ့်မယ်။

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်