Pages

Thursday, 14 February 2013

မြန်မာဟက်ကာတွေက ထိုင်းအစိုးရပိုင်း website တွေ တိုတ်ခိုက်

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်မှာ မြန်မာနိုင်ငံက ကရင်မိန်း ကလေးငယ်တဦးကို ထိုင်းအလုပ် ရှင်လင်မယားက ခွေးလှောင် အိမ်ထဲထည့်ပြီး ယောက်ျားဖြစ်သူက ရေနွေးပူ နဲ့ လောင်း ကာ နှိပ်စက်ခေါင်းနဲ့ နံရံကို ဆောင့်ပြီး နားရွက်ကို ကတ်ကြေးဖြက်ခြင်း စသည့်နှိပ်စက်ချင်း မျိုး စုံဖြင့် အနှိပ်စပ်ခံနေရသော မြန်မာနိုင်ငံသား ကရင်မိန်းခလေးဘက်မှမြန်မာမျိုးချစ် နည်းပညာ လူငယ်များ မိမိတို့မြန်မာပြည်ဖွား တိုင်းရင်းသား များအတွက် မခံမရပ်နိုင်သဖြင့် ယမန်နေ့မှ စတင်၍ မြန်မာ ဟက်ကာ လောကသားများမှ ထိုင်းအစိုးရပိုင် websiteများ အခြာသော website များကိုတိုတ်ခိုက်ပြီး

stop!!!
Abuse to Myanmar Migrant
Workers in Thailand.
ဟုစာတန်းများ တင်ခဲ့ပြီး သတိပေးခဲ့ပါသည်

ထို့သို့ တိုတ်ခိုက်မှုများနှင့် ပက်သက်ပြီး မြန်မာဟက်ကာလောက သားတစ်ဦး ကို ဆက်သွယ်မေးမြန်ရာ .........

" ကျနော်တို့..အခုလို တိုတ်ခိုက်တာ ထိုင်းနိုင်ငံမှာရောက်ရှိနေ တဲ့ မြန်မာ အလုပ်သမား ထိုင်းနိုင်ငံသား များနှင့်တန်တူ ဥပဒေအကျိုးခံစားခွင့်များ ရရှိစေခြင်း။အလုပ်သမားအခွင့်ရေး၊လူအခွင့်ရေစသည့်တို အပြည့်ဝရ ရှိစေရန်နဲ့ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံမှာ အမျိုးမျိုးနှိပ်စပ်ခံနေရချင် တို့ကို မြန်မာနိုင်ငံ အာဏာပိုင်တွေနဲ့ တကမ္ဘာလုံးမှ အလုပ်သမားအခွင့်ရေး လူအခွင့်ရေ စောင့်ကြည့်နေတဲ့ အဖွဲ့စည်းတွေပါ သိရှိစေရန်နဲ့ ထိုင်းနိုင်ငံ ရောက် ရှိနေတဲ့ ကျနော်တို့ ညီနောင်သားချင်တွေကို ကျနော် တို့ က မပစ်ထားပါ ဘူးဆိုတာတွေ သိရှိစေရန် ရည်ရွယ်ပြီးအခုလို တိုတ်ခိုက်နေ တာပါ "
ဟုဖြေကြာသွားခဲ့ပါသည်။

ထို့နောက် ကြာခံမိတ်ဆွေတစ်ဦး၏ ဆက်သွယ်ပေးမှုဖြင့် မြန်မာနိုင်ငံ တနင်္သာရီတိုင်သားတစ်ဦးဖြစ်သူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အမည်မဖော် လိုသူ မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ဦးကို အခုလို ဆက်သွယ်မေးမြန် ရာတွင်........

" အခုဖြစ်တဲ့ အမှုတွေက ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကြာမှာတော့ မဆန်းတော့ပါဘူး ဘာဖြင့်လို့လည် ဆိုတော့ဗျာ။ ထိုင်းအာဏာပိုင်တွေနဲ့ ထိုင်းလုပ်ငန်ရှင်တွေနဲ့ ထိုင်းနိုင်ငံသားတွေက ကျနော်တို့ မြန်မာ အလုပ် သမားတွေပေါ် မှာ ခေတ် အဆက်ဆက် ညှင်ပန်နှိပ်စက်ခဲ့တာတွေ အများ ကြီးပေါ့ဗျာ ..

အဲသလို ဖြစ် လို့ ရဲစခန်းသွားလည် မတိုင်းရဲပါဘူးဗျာ.. တိုင်လည် မထူး ဘူးလေး အခုဖြစ်တဲ့ ကရင်မလေ လို့ပေါ့ ဗျာ အခုလိုညှင်ပမ်းနှိပ်စပ် ခံရလို့ ထွက်ပြေး တယ် ဒါကို ထိုင်းရဲတွေက သိလည်မကူညီပေးဘဲ အဲဒီအိမ် ကို ပြန်ပို့လိုက်သလိုပေါ့ ဗျာ။

နောက်ပြီးတော့လည် မြန်မာအလုပ်သမားတွေကို ထိုင်းတွေက အုပ်စုဖွဲ့ ရမ်းကာ တိုတ်ခိုက်မှုတွေ လည် တော်တော်များပါတယ်. တချို့မြန်မာ မိန်းခလေးတွေ အလုပ်ပြန်နောက်ကျတာနဲ့ အုပ်စုဖွဲ့ မုဒိန်ကျင့် တာပြီး သက်ဖြက်လိုက်တာတွေ၊ ဒီထက်ယုတ်မာတာတွေကတော့ မြန်မာ မိန်းခလေးတွေကို မတရာ ကျင့်ပြီးတာတောင် လှေတွေမှာ သွားရောင်းစား တာတွေ အများကြီးရှိပါတယ်။

တစ်ခါကလည် တော်တော်များများ သိမှာပါ မြန်မာနိုင်ငံသား မွန်အမျိုး သမီးတစ်ယောက်ကို ထိုင်းလမ်းဓမြတွေ 6ယောက်လောက် ဖမ်းခေါ်သွားပြီး အဓမ္မကျင့်တာတွေ အဲသ လိုတွေပေါ့ နောက်ပြီး အလုပ်တွေမှာ ဆိုလည်ထို င်းလူမျိုးတွေ ကနေ တော်တော် အနိုင်ကျင့်တာတွေ အများကြီးရှိပါတယ်။ အမျိုးမျိုးနှိပ်စပ်နေတာတွေပေါ့ ဗျာ..နောက်ပြီး လူကုန်ကူးတဲ့ သူတွေက သွားရောင်းစားထား တဲ့ မြန်မာတွေလည် အများကြီးပါ။

တချို့ကောင်လေတွေ အလုပ်ပြန်တယ် ထိုင်းလမ်းသရဲတွေ ဒီကခေါ်တာ နက်ကလိန် (ဓာမြ)တွေကနေ အုပ်စုဖွဲ့ ရိုက်နှိက်သက်ဖြက်တာတွေ အများကြီး ရှိတယ်။ မြန်မာနိုင်ငံသားတွေ အဲသလိုဖြစ်တယ်ဆို ထိုင်းက ဘယ်ရဲမှ လာမကူညီဘူး သွားတိုင်းလည် ပြဿနာပြန်မရှာတာ ကံကောင်း တယ်။ ဒီမှာရှိတဲ့ မြန်မာနိုင်ငံ သားတွေ တော်တော်များများ ထိုင်းအာဏာ ပိုင်တွေထိုင်းလုပ်ငန်ရှင်တွေ၊ ထိုင်းလူမျိုးတွေ နှိပ်စပ် တာ တော်တော် များများ ခံနေရပါတယ် ကူညီပေးမယ် သူလည်မရှိပါဘူး။

ဒီမှာရှိတဲ့ NGO တွေဆိုတာလည် တကယ်လုပ်ပေးတဲ့အဖွဲ့ကနည်းတယ် အလုပ်သမားတွေကို လက်ညို ထိုးရောင်းစားနေတဲ့ အဖွဲ့တွေကများတယ်အခုတော့လည် မြန်မာသံရုံ ကပါ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ကိစ္စကိုပါ အရေးထားဆောင်ရွက်လာတာတွေ ရှိလာတယ်ဆိုတော့ အရမ်းကို ဝမ်သာပါတယ်။ဒါပေမယ့်လည် ထိုင်းအာဏာပိုင်တွေကနေ မတရာအမှု ဆင်ဖမ်းနေတာတွေ ထိုင်းလုပ်ငန် ရှင်တွေက နဲ့ ထိုင်လူမျိုးတွေ နှိပ်စပ်နေ တာတွေ ရှိနေတုန်ပါဘဲဗျာ..။ ကျနော်တို့ မြန်မာအလုပ် သမားတွေ ဘဝဟာ ထိုင်းတွေက သူတို့မွေးထားတဲ့ ခွေးတစ်ကောင်လောက်တောင် တန်းဖိုး ထားတာမဟုတ်ဘူးဗျ။ ကျနော်တို့ မြန်မာအလုပ်သမားတွေရဲ့ ခံစာနေရတဲ့ ဒုက္ခတွေကတော့ ပြောလို့တောင်ကုန် မှာမဟုတ် ပါဘူးဗျာ။"
ဟုဖြေကြာသွားခဲ့ပါသည်။

ထို့နောက် ထိုင်းအစိုးရပိုင်း website များကို မြန်မာမျိုးချစ် ဟက်ကာများမှ တိုတ်ခိုက်သည်နှင့်ပက်သက်ပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအရေးကို အကူညီပေးနေသည့် NGOအဖွဲ့တစ်ဦး ကို ဖေ့ဘုတ်မှ တဆင့်ဆက်သွယ်မေးမြန်ရာ...

" ကျနော်သိတာတော့ ဒီနေ့မနက်မှ သိတာပါ ချူလာလောင်ကွန် တက္ကသိုလ်မှာ ကျောင်းတတ်နေတဲ့ ဆရာတော်တစ်ပါးက လှမ်းပြောလို့ပါ ကရင်မိန်းခလေး ကိစ္စကို မကျေနပ်တဲ့ မြန်မာ ဟက်ကာတွေ က ဝင်တိုတ်ခိုက် ပြီး ဓာတ်ပုံတွေ စာတွေတင်ခဲ့တယ်ပေါ့ ပြော မှ သိရတာပါ အခုလို တိုတ်ခိုက်တာကောင်း ပါတယ် အားပေးပါတယ် မြန်မာ ဟက်ကာတွေ ရဲ့လုပ်ရပ်ကိုထောက်ခံပါတယ် ဘာဖြင့်လို့လည်ဆိုတော့ ထိုင်းအစိုးရပိုင်း website တွေ တိုတ်ခိုက်လာတော့ ပိုပြီးအရေးစိုက်လာကြ တာပေါ့။ အရင်က မြန်မာတွေ ဆို နှိမ်တာတော်တော်များတယ်ဗျ..ထိုင်းတွေ သိတာ မြန်မာဆို သူတို့ခိုင်နေတဲ့ ကျွန်တွေလိုပဲ သဘောထာ ကြတာလေး အခုလိုဆိုတော့ မြန်မာတွေ ဘာဆိုတာသိသွားကြတာပေါ့ဗျာ.. ကျန်တာတွေ အစ်ကိုလည် သိနေတော့ ကျနော် ဆက်ပြောမို့ မလိုတော့ဘူးပေါ့ဗျာ.."
ဟုဖြေကြာသွားခဲ့ပါသည်။

မြန်မာဟက်ကာတွေက ထိုင်းအစိုးရပိုင်း website တွေ တိုတ်ခိုက်လာတော့ ပိုပြီးအရေးစိုက်လာကြတယ်ဆိုတာ သိရှိရပါတယ်။

http://www.advancetech.co.th/
http://hack-db.com/226805.html
http://amatathailand.com/
http://www.loudspeaker.in.th/
http://hack-db.com/226680.html
http://www.mns.co.th/

အဆိုပါဆိုဒ်များအပြင် အစိုးရပိုင်းဆိုဒ်များကိုပါ Ddos တိုတ်ခြင်များပြုလုပ် လျှက်ရှိပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်ရေးများအပြည့်ဝရရှိပြီး ၊ထိုင်းဥပဒေအကာကွယ်များ အပြည့်ဝရရှိစေရန် ဆိုက်ဘာတိုတ်ပွဲကို ဆက်လက်ဆင်နွဲလျှက်ရှိနေပါတယ်။

စာဖက်ပရိသက်များလည် ကျနော်တို့ ညီနောင်သားချင်များအတွက် တစုံတရာသော် အထောက်ကူရရှိစေ ရန်နှင့် မြန်မာမျိုးချစ် ဟက်ကာ လူငယ်များကို ထောက်ခံအားပေးသောအာဖြင့် ပိုစ့်ကို လက်ဆင့်ကမ်း မျှဝေပေးကြပါဗျ.။။

5 comments:

  1. မြန်မာ ဟက်ကာတွေကို အစဉ်မြဲလေစာလျှက်ပါ ဒီထက်မက အမျိုးဘာသာ သာသနာအတွက် ဆထက်တပိုဆောင်ရွက်နိုင်ကြပါစေ

    ReplyDelete
  2. ဒါ ဒို့မြန်မာကွ

    ReplyDelete
  3. အားပေးတယ်ကွ

    ReplyDelete
  4. လူမဆန်တဲ့ကောင်တွေကိုတိုက်သင့်တယ်

    ReplyDelete
  5. အားပေးတယ်ဗျာ

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်