Saturday 2 February 2013
KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က မုံးကိုးမြို့နယ်ခွဲ မန်ဂျယ်ရွာ၌ ဒေသခံ ပြည်သူ ၂ ဦးအား အကြောင်းမဲ့ သတ်ဖြတ်
KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ အနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သတင်း ထုတ်ပြန်ရေး အဖွဲ့၏ သတင်း ထုတ်ပြန်ချက် (၃/၂၀၁၃) ထုတ်ပြန် ကြေညာပြီး နောက် စစ်ရေး နှင့် မသက် ဆိုင်သော ပစ်မှတ် များအား တိုက်ခိုက်လျက် ရှိရာ ဇန်န၀ါရီ ၃၀ ရက် နံနက်ပိုင်းက မုံးကိုး မြို့နယ်ခွဲ မန်ဂျာရွာ ၌ KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ပြောက်ကျား ယူနီဖောင်း ၀တ်ဆင် ထားသူ ၂ ဦး သည်
ဒေသခံ ပြည်သူ ၂ ဦးအား အကြောင်းမဲ့ လက်နက်ငယ် ဖြင့် ပတ်ခတ် ခြင်းကြောင့် ဦးဖောင်း ချိန်ဖောင်း ၂၄ နှစ် (ဘ) ဦးဖိန်စမ်း ၊ ဦးတီစမ်းဝေ (ခ) ချိန်းစင်းဝွေ့ ၂၃ နှစ် (ဘ) ဦးရီစမ်း တို့မှာ အခင်း ဖြစ်ပွားရာ တွင် ရရှိဒဏ်ရာ များဖြင့် သေဆုံး ခဲ့ကြောင်း နှင့် နယ်မြေခံ တပ်မတော် စစ်ကြောင်း နှင့် ကွတ်ခိုင် ပြည်သူ့စစ် အဖွဲ့တို့က လိုက်လံ ရှင်းလင်း လျက် ရှိကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်