အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရာထူးကို လေးနှစ်တာ တာဝန်ထမ်းဆောင်ခဲ့သည့် (၆၇)ဦးမြောက် နိုင်ငံခြားရေး ၀န်ကြီးဖြစ်သူ ဟီလာရီကလင်တန်သည် သူမ၏တာဝန်ကို အပြောင်မြောက်ဆုံး ထမ်းဆောင် ခဲ့သည်ဟူသော အကဲဖြတ်အမှတ်ပေးမှုများနှင့်အတူ ဖေဖော်ဝါရီ ၁ ရက်တွင် ရာထူးမှအနား ယူခဲ့ပြီဖြစ်သည်။မစ်္စစ်ကလင်တန်သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရာတွင် ၄င်း၏ နိုင်ငံရေးဂုဏ်သိက်္ခာတိုးတက်ခဲ့မှုနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာမလိုအောင် အောင်မြင်ခဲ့သူလည်းဖြစ် သည်။ သမ္မတအိုဘားမားက မစ်္စစ်ကလင်တန်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများအနက် အတော် ဆုံးနိုင်ငံခြား ရေးဝန်ကြီးတစ်ဦးဖြစ်ကြောင်းနှင့် ပြီးခဲ့သည့်လေးနှစ်တာကာလအတွင်း အကောင်းဆုံး လက်တွဲ၍ ပူးပေါင်းဆောင် ရွက်နိုင်ခဲ့ကြောင်း ချီးကျူးထောမနာပြုခဲ့သည်။
သူမ၏ နိုင်ငံခြားရေးဝန်ကြီးရာထူးနေရာကို ဒီမိုကရက်တစ်ပါတီမှ အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီက လွှဲပြောင်းတာဝန်ထမ်းဆောင်မည်ဖြစ်သည်။ မစ်္စစ်ကလင်တန်၏လက်ထက်တွင် ကမ်္ဘာတစ်ဝန်း နိုင်ငံများ စွာနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ နှင့် ပုံမှန်ဆက်ဆံရေးရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။
မစ်္စစ်ကလင်တန်သည် မြန်မာနိုင်ငံသို့ ၂၀၁၁ခုနှစ် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ လာရောက် ခဲ့စဉ် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးပြန်လည်ကောင်းမွန်စေရန်
ဆောင်ရွက်နိုင်ခဲ့ပြီး သူမ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် အမေရိကန် သမ်္မတ အိုဘားမားနှင့်အတူ မြန်မာ နိုင်ငံသို့ ထပ်မံလာရောက်ကာ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန် အဆင့်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။
(မြန်မာ့အလင်း)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်