Pages

Sunday 17 February 2013

ဝေဖန်ရေးလျှော့ အကြံပေးလော့


ငါ့တို့နိုင်ငံ
ဖွံ့ဖြိုးရန်ဟု
ဝေဖန်ထောက်ပြ
ပြောဆိုကြပြီး
ဘေးမှကြည့်မြင်
ပညာရှင်ရေ။

နှောင်းအတိတ်ထား
ဟာကွက်များကို
ပြောကြားဝေဖန်
ချိန်ကုန်ခံ၍
လေကန်မည့်စား
ပြည်သူများတွက်
စိတ်ထားကြင်နာ
ရှိခဲ့ပါမူ

သင့်မှာတတ်ထား
ပညာများဖြင့်
ရှေ့ကားဦးဆောင်
ပြည့်ခေါင်းဆောင်ကို
ညီနောင်စိတ်မွေး
အကြံပေးရင်း
ဆွေးနွေးပါဝင်
ဆောင်ရွက်လျှင်မူ
အသင်ချစ်တာ မှန်လိမ့်မည်။
အသွင်သစ်တာမြန်လိမ့်မည်။

မြေလတ်မောင်ချစ်ဖူး

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်