Pages

Monday 4 February 2013

ဦးမင်းကိုနိုင်တို့ အနေဖြင့် စတက္ကသိုလ်ဘွဲ့ရများကို ဝေဖန်မည့်အစား မိမိကိုယ်တိုင် ဘွဲ့တစ်ခုအရင်ရအောင် ကြိုးစားပါ



အသက် ၅၀ အရွယ် ဘွဲ့မရသေးသည့် ဦးမင်းကိုနိုင်မှ စစ်တက္ကသိုလ်မှ ဘွဲ့ရများအား စိန်ခေါ်ကြောင်း စာပေဟောပြောပွဲတွင်ပြောဆိုလိုက်ပါတယ်။ ဦးမင်းကိုနိုင်၏ ပြောဆိုချက် အပြည့်အစုံမှာ
“ ပြင်ဦးလွင်စစ်တက္ကသိုလ်က ရတဲ့ ဘွဲ့ကပဲ လူလုပ်လို့ ရတာလား။ တိုင်းပြည်ကြီးကို သူတို့ပဲ ထာဝရ ထိန်းကျောင်းကိုင်တွယ်နိုင်သတဲ့လား။ အရပ်သားတက္ကသိုလ်တွေက ထွက်တဲ့ ဘွဲရတွေ က ဘယ်တော့မှ တိုင်းပြည်ကို အုပ်ချုပ်ခွင့်မရတော့ဘူးလား အရည်အချင်းမရှိဘူးလား" ဟု ပြောဆိုခဲ့သည်။


စာပေဟောပြောပွဲလာရောက်နားထောင်သူ မူလတန်းပြ ဆရာတစ်ဦးမှ ဦးမင်းကိုနိုင်၏ စိန်ခေါ်သံနှင့်ပတ်သက်၍ ၎င်း၏ အမြင်ကို ယခုလိုပြောပါတယ်

"ပြောတာကတော့ စေတနာနဲ့ပေါ့နော်.. ဒါပေမယ့် အစိုးရမကောင်းကြောင်းတွေက များနေတယ်ဗျ... အစိုးရမကောင်းပြောနေတာနဲ့ တိုင်းပြည်က တိုးတက်လာမှာမှ မဟုတ်တာ.. ပြောနေမယ့်အစား ကိုယ်တိုင်လက်တွေ့ လုပ်နိုင်သလောက်လုပ်ဖို့က အဓိကလေ... နောက်တစ်ခုက ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို ထိခိုက်ပြောတာ၊ ကျောင်းနာမည်နဲ့ တပ်ပြီး ပြောတာကျတော့ မဖြစ်သင့်ဘူးထင်တယ်လေ... " ဟု ပြောဆိုခဲ့သည်။

ဦးမင်းကိုနိုင်ရဲ့ ပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်တက္ကသိုလ်ဆင်း ရုရှားနိုင်ငံတွင် ပါရဂူ ဘွဲ့လွန် သင်တန်း တက်ရောက်နေသော ကျောင်းသားတစ်ဦးအား မေးမြန်းကြည့်ရာ ဦးမင်းကိုနိုင်တို့နှင့် ယှဉ်ပြိုင်ပြောဆိုလိုစိတ်မရှိကြောင်း၊ ကိုယ့်ကျောင်းသာတယ်၊ သူ့ကျောင်းသာတယ် ပြော ဆိုနေခြင်းက မူလတန်းကျောင်းသား အဆင့်မှာသာ ရှိသင့်ကြောင်း၊ ယခု ကမ္ဘာကချီးကျူးနေ သည့် သမ္မတကြီးဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဦးစိုးသိန်း တို့အားလုံးမှာ စစ်တက္ကသိုလ်ဘွဲ့ရ များဖြစ်ကြောင်း၊ ဦးမင်းကိုနိုင်တို့ အနေဖြင့် စတက္ကသိုလ်ဘွဲ့ရများကို ဝေဖန်မည့်အစား မိမိ ကိုယ်တိုင် ဘွဲ့တစ်ခုအရင်ရအောင် ကြိုးစားသင့်ကြောင်း ဖြေကြားခဲ့သည်။

1 comment:

  1. မင်းကိုယ်မင်းဘဲ ဘွဲ့ရအောင်အရင်လုပ်လိုက်ပါဦး ခွေးမျိုးရယ်၊ မင်းဘွဲ့ရမှပဲဆက်ပြောကြတာပေါ့ အခုတော့ အတန်းမတူတော့ ဘာမှမပြောချင်သေးဘူး

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်