Pages

Tuesday, 26 February 2013

မလက်တိုကျေးရွာတွင် လုံခြုံရေးရဲဝန်ထမ်း ၂၇ ဦးအကြမ်းဖက် တိုတ်ခိုက်ခံရ


 ဒီနိုင်ငံဟာ အကြမ်းဖက် နိုင်ငံမဟုတ်ဘူး။ ဒီနိုင်ငံမှာ လူသားတိုင်း အပြည့်အ၀ လွတ်လပ်ခွင့် ရှိတယ်။ ကလေးက အစ ခွေးအဆုံး ကြိုက်တဲ့နေရာမှာ ခွင့်ပြုချက် ရရ၊ မရရ ဆန္ဒဖော်ထုတ်ခွင့် ရှိတယ်။ ဥပဒေ အထက်မှာ ပြည်သူ မရှိဘူး။ တာဝန်ဝတ္တရားအထက်မှာ နားလည်မှု ဆိုတာ မရှိဘူး။ အပေါ်က ရိုက်ချမယ် ပြန်ဆွဲတင်မယ်။ ခါးမိ ခါးရိုက်မယ်။ ခေါင်းထိ ခေါင်းရိုက်မယ်။ ခြေထောက်ထိ ခြေထောက်ရိုက်မယ်။

 ဟိုရိုက်ပါ ဒီရိုက်ပါလို့ မှာမထားဘူး။ မိအောင် ထိအောင်ကို ရိုက်မယ်။ နိုင်ငံသားတွေ အကျင့်မကောင်းဘူး။ ရိုးရိုးဗုံး ပစ်ရင်တောင် မီးလောင်ဗုံးဖြစ်အောင် အကျင့်သိက္ခာနဲ့ပြည့်စုံသူ တွေ များနေတယ်။ လယ်ကွင်းထဲ ဗုံးပစ်လဲ ဗုံးကုန်တာပဲ ရှိတယ်။ ပုဒ်မ ၁၄၄ နေရာမှာ ခေါင်းဆောင် ရှိတဲ့ လူအုပ်ကို ပစ်ခွင့်ရှိတယ်။ လူစု မကွဲစေနဲ့။ တစ်ယောက်ချင်းစီ မထွက်စေနဲ့။ မိတဲ့နေရာကို ရိုက်။ ဥပဒေနဲ့အညီ အရေးဆိုဖို့ အကြံမပေး။ နောက်ကွယ်က တိုက်တွန်းတဲ့ အန်အယ်လ်ဒီတွေ မပါ။


ရဲတွေထိခိုက်တာကို ချန်လှပ်ပြီး ဖော်ပြတဲ့ မီဒီယာတွေ မပါ။ သောက်ဂရုစိုက်စရာ တစ်ကောင်မှ မရှိဘူး။ သတ္တိရှိရင် အဲဒီ အလုပ်မရှိတဲ့ကောင်တွေ အကုန် ရဲထဲဝင်။ လူ ၁၀၀ ရဲထဲ ၀င်ရင် မင်းတို့လို ကောင်းတယ်ထင်တဲ့ကောင် ၁၀၀ ရဲထဲမှာ ရှိမယ်။ အလုပ်မရှိ အပြစ်တင်၊ အတင်းတုပ်ဖို့လောက် စဉ်းစားမယ်ဆိုရင် နိုင်ငံတကာမှာ တစ်ရက်မှ ဆန္ဒမပြတဲ့ရက် မရှိဘူး။ တစ်ရက်မှ ပဋိပက္ခ မဖြစ်တဲ့ရက် မဖြစ်ဘူး။ ဆန္ဒပြ ဆူပူ အကြမ်းဖက်သူကို ထိုင်ကန် တော့တဲ့ ရဲမရှိဘူး။ မြန်မာနိုင်ငံမှာ လုပ်စရာအလုပ် ရှားပါးလို့ ရဲအလုပ် လုပ်တာ မဟုတ်ဘူး။ ပိုက်ဆံတွေ ရလို့ လယ်ကွင်းထဲမှာ ကင်း လာစောင့်တာ မဟုတ်ဘူး။ မီးကျိုးမောင်းပျက် သေနတ်နဲ့ ကင်းလှည့်လုံခြုံရေးပေးနေတာ ပျော်လို့ လုပ် နေတာ တစ်ခုမှ မပါဘူး။ ရဲတပ်ဖွဲ့ကို ၀င်ရိုက်တဲ့ လယ်သမား။ အကြမ်းဖက်သမား အဆင့်ထက် ကျော်သွားပြီ။ ဆူပူအကြမ်းဖက်သူကို ထိုင်ကန်တော့ချင်ရင် ရဲတပ်ဖွဲ့ထဲကို ၀င်ပါ။

အခု နောက်ကွယ်ကနေ ယုတ်မာလိုက်တာ၊ ရက်စက်လိုက်တာ ဆိုပြီး အော်တဲ့သူ အကုန် ရဲထဲဝင်ပါ။ ပြီးရင် ရဲဝတ်စုံနဲ့ သွားထိုင်ကန်တော့ပါ။ မလုပ်နိုင်ရင် လယ်သမားများကို ဥပဒေ အကြောင်း နားလည်အောင် သင်ပေးပါ။ တစ်ခုမှ မလုပ်နိုင်ရင်တော့ ပါးစပ်နဲ့လက် ကို အနားပေးထားပါ။ ထပ်ပြောလိုက်ပါမယ်။ ဘယ်နေရာလို့ မှာမထားဘူး။

 တွေ့နဲ့ နေရာကိုရိုက်… 
=========================
 ဧရာဝတီတိုင်း မအူပင် မြို့နယ် အရှေ့ဘက်ရှိ မလက်တိုကျေးရွာအုပ်စု ၊ပလောင်ကျေးရွာတွင်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ညနေ၆နာရီခန့်တွင် ပဋိပက္ခဖြစ်ပြီးနောက် အရပ်သား၁၂ ဦးဒဏ်ရာရရှိပြီးလုံခြုံရေးရဲဝန်ထမ်း ၂၇ ဦးဒဏ်ရာရရှိကြောင်း မအူပင်ဆေးရုံကသိရသည်။

 Opposite Eye

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်