Sunday 17 February 2013
ဘာသာရေး စာသင်ကျောင်း အမည်ခံ ဗလီဆောက်လုပ်မှု ပဋိပက္ခဖြစ်
သာကေတမြို့နယ် မာန်ပြေ ၁၈ လမ်းနှင့် ၁၉ ကြား အနောက်ဘက်တွင် ဘာသာရေး စာသင်ကျောင်း အမည်ခံ ဗလီ ဆောက်လုပ်မှုနှင့် ပတ်သက် ၍ ဖေဖော်ဝါရီလ ၁၇ ရက် နေ့တွင် ဒေသခံ ၁၀၀ ကျော်နှင့် အုပ်ချုပ်သူများ အကြား အငြင်း ပွားမှုများ ပေါ်ပေါက် ခဲ့သည်။
ယင်းဆောက်လုပ်ဆဲ ဗလီသည် မွတ်စလင် လူငယ်များ၏ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း အဖြစ် ယခင်က အသုံးပြု ခဲ့ကြောင်း၊ ယခုအခါ ဗလီအဖြစ် ဆောက်လုပ်ရန် ရုပ်လုံးဖော်ဆဲ အဆင့်တွင် သာကေတ မြို့နယ် ရန်ပြေလမ်း အတွင်း ရှိ ပြည်သူ ၁၀၀ ကျော်က သိရှိကာ ပြန်လည် ဖျက်သိမ်းပေးရန် တောင်း ဆိုခြင်း ဖြစ်ကြောင်း သာကေတ ဒေသခံများက တညီတညွတ်တည်း ပြောကြားသည်။
ယင်းမွတ်စလင် လူငယ်များ၏ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း ကို လွန်ခဲ့သော တစ်နှစ်ခန့်က ဗလီအဖြစ် ဆောက်လုပ်ရန် ကြိုးပမ်းသော် လည်း ဒေသခံ ပြည်သူများ၏ ဝိုင်းဝန်း ကန့်ကွက်မှု ကြောင့် ပျက်ပြယ် သွားကြောင်း၊ ယခု ဆောက်လုပ်မှုတွင် စည်ပင်သာယာ၏ ခွင့်ပြုချက် အရ ဆောက်လုပ်ခြင်း မဟုတ်ကြောင်း သာကေတ မြို့နယ် ရန်ပြေ ၁၈ လမ်းနှင့် ၁၉ လမ်းနေ ပြည်သူများ ထံမှ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ကနဦး စုံစမ်းမှု အရ သိရသည်။
“တရားပွဲ လုပ်ရင်တောင် ခွင့်ပြုချက် တောင်းရပြီး သူတို့ ဗလီဆောက်တော့မှ ခွင့်ပြုချက်မရှိဘဲ ဆောက်နေ တာ” ဟု သာကေတနေ ပြည်သူ တစ်ဦးက ဆိုသည်။
လူအုပ်စုကြီးသည် ဆောက်လုပ်ဆဲ ဗလီအား ဖျက်သိမ်းပေး ရန် တောင်းဆို နေကြပြီး ရပ်ကွက်လူကြီး များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များ ထိန်းသိမ်းရန် ကြိုးစားလျက်ရှိရာ သုံးရက်အတွင်း ဖျက်ပေးရန် ညှိုနှိုင်း နေသည်ဟု ဒေသခံများ ထံမှ သိရသည်။
ပဋိပက္ခ ဖြစ်ပွား ရာ အဆောက်အဦးကို ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီ၏ ခွင့်ပြု ချက်ဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဗလီ မဟုတ်ကြောင်း၊ ဘာသာရေး စာသင်ကျောင်းသာ ဖြစ်ပြီး အမိုးပြင်နေခြင်း သာ ဖြစ်ကြောင်း အဆောက်အဦး ပိုင်ရှင် ဦးသန်းတင်က The Voice Weekly သို့ ပြောကြား သည်။
ယခုအချိန်တွင် သာကတ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းက အဆောက်အဦးကို ဖျက်ခိုင်းရန် ခံဝန် ထိုးခိုင်းကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်ထောက် ဌာနမှူး ဦးငွေစိုးသောင်းက ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တွင်ပင် ယင်းအဆောက်အဦး ကို အပြီး ဖျက်ခိုင်းနေကြောင်း ယင်း အဆောက်အဦး၏ ပိုင်ရှင်ဖြစ်သူ မြန်မာ-မွတ်စလင် အမျိုးသားရေး အဖွဲ့ ဥက္ကဌ ဖြစ်သူ ဦးသန်းတင်က The Voice Weekly သို့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ပြောကြားသည်။
ယင်းဗလီကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ ဆောက်လုပ်မှု ရပ်နားထားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ညွှန်ကြား ခဲ့သော်လည်း လူမမြင်အောင် အကာများ ကာ၍ ညဘက်တွင် ခိုးဆောက်နေသည်ဟု ကြားသိရကြောင်း၊ အဆောက်အဦး ဆောက်ရန် တင်ပြရာတွင် စာသင်ကျောင်း အဖြစ် တင်ပြ ခဲ့သော်လည်း စာသင်ကျောင်း အမည်ခံ ဗလီအဖြစ် အမြင့်နှင့် မြေနေရာ အကျယ်အဝန်းကို လိုသည်ထက် ပိုယူထားကြောင်း အမှတ် ၃ရပ်ကွက် အုပ်ချုပ်ရေးမှူး ၏ ပြောစကားကို ကိုးကား၍ ဆရာတော် ဦးဝီရသူက ပြောကြားသည်။
“ဟုတ်တယ်၊ ညဘက်မှာ ခိုးဆောက်နေတဲ့ ဗလီတွေ ရှိတယ်။ အထဲမှာ မြေအောက်ခန်းတွေ၊ ကျင်းတွေနဲ့ စစ်စခန်း တစ်ခုလို ဆောက်နေ တဲ့ ဗလီတွေ မြန်မာနိုင်ငံမှာ အများကြီး ရှိတယ်” ဟု ၎င်းက ဆိုသည်။
ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက် ၁၁ နာရီ ခန့်မှ စတင်ကာ ပဋိပက္ခများ စတင် ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲကား သုံးစီးနှင့် အတူ ရဲတပ်ဖွဲ့ဝင် အင်အား သုံးဆယ် ခန့်က ပဋိပက္ခ တွင် ပါဝင်သူ များကို လူစုခွဲ ရန် ကြိုးစားသော် လည်း ယခု သတင်းရေးသားချိန် မွန်းလွဲ ၄နာရီခွဲ အထိ လူစု မကွဲသေးကြောင်း အဆိုပါ နေရာသို ရောက်ရှိ နေသူ သတင်းထောက်များ ထံမှ သိရသည်။မြန်မာ့သားကောင်း
By/ Zaw Mintun Zawmintun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်