Saturday, 5 January 2013
ဆဲခံထိမှာကြောက်တော့ မုဒိန်းကျင့်ခံရတဲ့ သူကကုလားဖြစ်သွားရော. .ဟဟဟ..ဖုံးမယ်ဖိမယ် NLD ရယ်.. ရှေ့နောက်လဲမညီဘူး.. တတ်လည် တတ်နိုင်တဲ့ အမျိုးသားဘင်္ဂါလီဒီမိုခရေစီအဖွဲ့ချုပ်
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံး၏ ကနဦးစစ်ဆေးချက်များအရ ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းတွင် ပညာဒါန ကျူရှင် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးနှင့် ကျပမ်းစကားပြောပြိုင်ပွဲ အပြီး တွင် ကိုသားကြီး(ခ)ခင်မောင်ထူး(ခ)ဆိုဖီရင်း (အသက်၂၂) က အဆိုပါပညာဒါနတွင် တက်ရောက် သင်ကြားနေသော အသက်၁၅နှစ်အရွယ် ၁၀တန်း ကျောင်းသူတစ်ဦးကို ကိုကာကိုလာ အချိုရည်ထဲတွင် အိပ်ဆေးခတ် ပြီးအလိုမတူဘဲ သားမယားပြုကျင့်ခဲ့သည်ဟု ဆိုသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မိန်းကလေး၏ ဦးလေးဖြစ်သူက "အဖွဲ့အစည်းတစ်ခုလုံးကိုမဆိုလိုချင်ပါဘူး ကလေးက စာမေးပွဲဖြေတော့မှာ ၊ အဲဒီပန်းဘဲတန်းပါတီ တာဝန်ရှိသူတွေ လစ်ဟင်းလို့ ဒီလိုကိစ္စတွေဖြစ် ရတာ ဒါကိုမကြေနပ်ဘူး" ဟုပြောသည်။
ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် ဖြစ်စဉ် မှ သုံးရက်ကြာ ယနေ့ မွန်းလွဲ ၂နာရီခွဲထိ လာရောက်တွေ့ဆုံခြင်းမရှိသေးကြောင်း ကာယကံရှင်မိသားစုမှပြောသည်။ ၄င်းအပြင် စွပ်စွဲခံရသူ ကိုသားကြီး(ခ)ကိုခင်မောင်ထူးမိသားစုနှင့် လည်း တွေ့ဆုံညှိနှိုင်းခြင်းမရှိကြောင်း မိန်းကလေး၏ မိသားစုဘက်မှ ပြော သည်။
ပန်းဘဲတန်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပိတ်ရက်ဖြစ်သည့်အပြင် အဆိုပါရုံးမှတာဝန်ရှိသူ ကိုဋ္ဌေးလွင်အား YPI မှ သွားရောက်တွေ့ဆုံ ဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်ရခဲ့ခြင်းမရှိပါ။
ကျူးလွန်သည်ဟုသံသရရှိခြင်းခံရသူ ကိုသားကြီး(ခ)ခင်မောင်ထူး မိသားစုဝင်တစ်ဦးကလည်း" ရည်းစားဖြ စ်တယ်ဆိုတာလည်း ကျွန်တော်တို့ မသိပါဘူး။အခုထိ သူနဲ့တွေ့ခွင့်မရသေးတဲ့အတွက် ကျွန်တော်တို့ဘက် က ဘာမှမပြောနိုင်ဘူး"ဟု ပြောသည်။
သားမယားပြုကျင့်သူဟု စွပ်စွဲခံရသူ ကိုသားကြီ(ခ)ခင်မောင်ထူး(ခ) ဆိုဖီရင်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တစ်ဦးဖြစ်ပြီး နောက် ဆုံးနှစ် ဥပဒေဘာသာရပ်ကို ဖြေဆိုထားသူဖြစ်သည်ဟု ကိုသားကြီး ၏ မိသားစုဝင်များထံမှသိရသည်။
ယခုကိစ္စကို အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှ ယနေ့ရှင်းလင်း ပြောဆို ချက် ကို ပေါ်ပြူလာ နယူးစ် ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖေါ်ပြထားရာ ရန်ကုန်တိုင်း NLD အဖွဲ့မှ ဦးလှသိန်းက ၎င်းတို့အနေဖြင့် စစ်ဆေးနေကြောင်း ၊ ကောင်လေးနှင့် ကောင်မလေးမှာရည်ငံနေသည်ဟု သိရကြောင်း အမှုဖွင့် ထား သည့် ကိစ္စ အသေးစိတ်ကို ထပ်မံစုံစမ်းဆဲဖြစ်သည်ဟု ဖေါ်ပြထားသည်။
အမှုအားပန်းဘဲတန်းရဲစခန်းမှ ပြစ်မှုပုဒ်မအမှတ် (ပ)၈/၂၀၁၃ ၊ပြစ်မှုပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်အရေးယူ ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး ထံမှသိရသည်။
By-Yangon Press International
အမျိုးအစာ
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်