တောင်တက်လမ်းအကွေ့တစ်ခုမှာ အထက်မှဆင်းလာသည့် ကုန်တင်ကားကိုမျက်နာခြင်းဆိုင် တိုက်မိ၍
ရဟန်တစ်ပါးပျံလွန်တော်မူ သွားပြီးတဲ့နောက် ၄-၉-၂၀၁၁ ၊ ရက်စွဲဖြင့်
ပဲခူးတိုင်းဒေသကြီးသံဃနာယ ကအဖွဲမှ ရဟန်း ၊ သာမနေများ သာမန သာရုပ္ပ
မဖြစ်သည့် ကိုယ်တိုင်မော်တော်ကားမောင်း နှင်ခြင်း များ နှင့်
မာတုဂါမများမောင်း နှင်သောဆိုင်ကယ်များနောက်မှ လိုက်ပါစီနင်းခြင်းများကို
မပြုလုပ်ကြရန် ညွှန်ကြားလာသလို မြို့နယ်သံဃနာယကအဖွဲ့ကလဲ(၁၁)ရက်နေ့မှာ
ထပ်ဆင့်ညွှန်ကြားခဲ့သေးသည် ။ယခုခေတ်မှာတော့မူ စည်း ကမ်းဖောက်ရဲတာကိုပင်
တလွဲဂုဏ်ယူနေကြဘိသေးတော့ ။
ဟုဖေဖေါ်ဝါရီလထုတ်
အပ္ပမာဒဓမ္မရသ မဂ္ဂဇင်းမှာ အေးရွှေ(ကေတုမတီ) က ၀တ္ထုတို တစ်ပုဒ် အဖြစ် ဖေါ်ပြ
ပါရှိခဲ့ လေသည် ။ မိမိကိုယ်တိုင်လဲ ပုဂံဘုရားဘူးသွားစဉ် အမြင်မတော် ထင်မိ၍
တစ်ပုံတင်ပြခဲ့ ဘူးသည် သာသနာမျက်
နာထောက်ထား၍ဖယ်ရှားပေးဖို့ဝိုင်းဝန်းတောင်းပန် ကြသဖြင့် ဖြုတ်ခြပေး
ခဲ့ရဘူးသည် ။သို့သော် ယခုတစ်ခါ တောင်ကြီးခရီစဉ်တစ်ခုတွင်
ပိုမိုမြင်တွေ့ခဲရသည် ။
ရဟန်းများ ကိုယ်တိုင် (ဟဲမက်)
ဦထုပ်ဆောင်း၍ ကျောင်း၏ ဝေယာဝစ္စ ပြုလုပ်နေကြ ရသည်ကိုတွေ့မြင် ရသည် ။
မေးမြန်းလေ့လာကြည့်ရာ အခက်ခဲတခုကို ဖြေရှင်းနေရကြောင်း အခြားနည်း
မရှိသေးကြောင်း ရှမ်းပြည်နယ် က ဘုန်းကြီကျောင်း တော်တော်များများမှာ
ဆိုင်ကယ်ရှိ၍ တောင်ဆင်း တောင်တက် တောကြ တောခေါင် ဒေသက အစ
ဒီလိုပဲဖြေရှင်းနေရကြောင်း ကြားနာ နားလည်ခဲ့ရ တွေ့မြင်ခဲ့ရသည် ။ အသက်အန
္တရယ် အတွက်ဦးထုပ် ဆောင်းရကြောင်း နှင့် ဒီဃာသန သိက္ခါပုဒ်ကို
မသိလို့မဟုတ်ကြောင်း
ကိုယ်ခြင်းစာ နားလည်ခဲ့ရပေသည် ။
နောက်ထိုင်ခုံပေါ်တွင် လိုက်ပါလျှင်လဲ ခွထိုင်မှသာအန္တရယ်ကင်း နှိုင်ကြောင်း
တင်ပလွှဲထိုင်လျှင် မလွယ်ကြောင်း ၀ါကြီးဆရာတော် များကရှင်းပြခဲ့ပါသည် ။
ဖတ်မိသည်စာ
တွေ့ခဲရတဲ့အခြေအနေ လူ့အသက်အန္တရယ် ၊ ရဟန်းအသက်အန္တရယ် နှင့် သာသနာ့
အသက်အန္တရယ် ၊ ၀ိုင်းဝန်းကာကွယ်သင့်တယ်လို ထင်တာပါပဲ ၊ ဘာသာခြားတို့ရဲ့
ရက်စက်ယုတ်မာ မှု့တွေတွေ့မြင်နေရသလို ကိုယ့်ကို ကိုယ်ပြန်စစ်ဆေးရဲ တာလဲ
သူရဲကောင်းအဖြစ် မြင်စေ့ခြင် မိလို့ ထပ်မံတင်ပြလိုက်ရတာပါ ။ တပည့်တော်
တင်ပြချက် မှားတယ်ဆိုရင်လဲနုတ်ဆိတ်ပြီး ဆဲ နေတာ ထက်စာရင် စေတနာကို
ကုသိုလ်အမြင်ဖြင့် တောင်ကြီမြို့နားက မေတ္တာ ထမ်စန်းလှိုင်ဂူ ဘုရားဘူးသွား
မှတ်တမ်းဓါတ်ပုံလေးလို့ သာမှတ်ယူ ပေးတော်မူကြပါ ။
သာသနာကိုတယ်ချစ်ကြတယ်ဆိုရင်ဖြင့် အမုန်းခံ တင်ပြမိတဲ့ တပည့်တော်အား
ခွင့်လွှတ်နားလယ် သနားစေလိုပါတယ် ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ဘုရား ။
ဝိုင်းဝန်းကယ်တင် နိုင်ကြပါစေ ဘုရား ။
အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
www.buddhagonyi.blogspot.com/
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီ ။
ဖုန်း၀၉ ၇၃၇ ၉၀ ၆၉၈ ၊ ၀၉ ၅၀၇ ၄၆၄၅
Email address ; aggadhamma.bdgy@gmail.com
Skype address ; aggadhamma73790698
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်