ကချင်အရေးနဲ့ပတ်သက်ပြီး မြန်မာမီဒီယာတွေရဲ့ရပ်တည်ချက်ဟာ မျှမျှတတမရှိဘူးဖြစ်နေ တယ် ၊စစ်တပ်ကပဲ သူ့ဟာသူနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်လေးတွေ
အရေးအသားတွေက ဘယ်လိုဖြစ်နေလဲဆိုရင် KIA က တံတားလေး ၁၀၀ ကျော်လောက် နဲ့ ရထားနည်းနည်းပါးပါးကို ဗုံးလေးနဲ့ ခွဲတာမိတာ စစ်တပ်က လေယာဉ်ကြီးနဲ့ ပစ်နေတယ်ဆို တာမျိုးဖြစ်နေ တယ် ။မီဒီယာတွေဟာ အရင် စစ်အစိုးရကိုမုန်းတီးတဲ့စိတ်အြေ
ဥပမာတစ်ခုပြောပြမယ် KIA ကနေ စစ်တပ်က ရိက္ခာပို့ယာဉ်တန်းကို
ခြုံခိုတိုက်လိုက်တာ တစ်နေရာတည်းမှာ အရာရှိ ၆ ဦးနဲ့ အခြားအဆင့်စစ်သည် ၄၂ ဦး ကျဆုံးသွားခဲ့တယ် ၊ အဲဒီတပ်နောက်တန်းမှာ ကျန်ခဲ့တဲ့ ကျန်ရစ်သူမိသားစုတွေ သူတို့နဲ့ ပတ်သက်နေတဲ့ မိဘဆွေမျိုးတွေ ရဲ့ ငိုကြွေးသံတွေဟာ ဘ၀ဂ်ညံသွားခဲ့တယ် ၊ အဲဒီ ငိုကြွေးသံတွေဟာ စစ်သားစိတ် ရှိတဲ့သူတိုင်းရဲ့နားတွေ ထဲကို သံရည်ပူတွေလောင်းထည့်သလို ခံစားလိုက်ရတယ် ၊ မောင်ရင်တို့ မီဒီယာတွေရဲ့ တစ်ဘက် ပိတ်နားတွေကတော့ ကြားနိုင်မှာမဟုတ်သလို ငရမန်ကန်းတွေမို့ မြင်နိုင်ကြမယ် လည်းမဟုတ်ပါဘူး.....။
သူတို့ရဲ့ဖခင်ကြီး ဂွမ်းရှောင် သတင်း ကိုကျတော့ အိပ်သာထဲ သေပေါက်တာကအစ တင်တယ် ဘယ် ဂျာနယ်လဲ ဆိုတာ လည်းသိလောက်ကြမှာပါ......(V)
သူတို့တွေရဲ့နားရေးကို တစ်ယောက်စီမလုပ်နိုင်တော့လို့ ခမ်းမကြီးထဲမှာ ပေါင်းလုပ်လိုက်ရတဲ့ အဖြစ်ရောက်သွားတယ် ၊ရေစက်ချတဲ့အချိန်က ရဲမေတွေရဲ့အမျှဝေသံ ၊ သာဓုခေါ်သံတွေကြောင့်
တရားဟောစင်ပေါ်က ဆရာတော်ကိုယ်တိုင် မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရတဲ့အထ
ဒီ့အတွက် ဘယ်သူမှမနာကြဘူး ၊ ဘယ်သူကမှအရေးတယူလုပ်ပြီး KIA ကိုမကန့်ကွက်ကြဘူး ၊ ဘယ်သကောင့်သားကမှ ဆူးလေဘုရားနားမှာ ဆန္ဒမဖေါ်ထုတ်ပေးကြဘူး ၊ ဘယ်မျိုးဆက်ကမှ ကြေငြာချက်မထုတ်ကြဘူး ၊ ဒီမျက်ရည်တွေအတွက် ဘယ်သူမှမခံစားပေးခဲ့ကြဘူး... ဒါပေမယ့် ကျဆုံးသွားတဲ့စစ်သည်တွေရဲ့ သွေးတွေဟာ ကျန်ရစ်တဲ့ တပ်မတော်သားတွေရဲ့ နှလုံးသားတွေ ဆီကိုစီးဆင်းသွားတယ
တပ်မတော်သားတွေရဲ့ သစ္စာအဓိဌာန်ထဲမှာ ကျဆုံး လေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်ဆိုတာ ပါတယ် ခု KIA ကိုပြန်တိုက်တယ် ... ဒါ ကချင်တွေမို့လို့ တိုက်နေ တာမဟုတ်ဘူး ၊ တိုင်းရင်းသားတွေမို့ တိုက်နေတာမဟုတ်ဘူး ဗမာဗမာချင်းဆိုရင်လဲ တိုက်မှာပဲ၊ဒါဟာ ကျဆုံးသွားကြတဲ့ စစ်သည်တွေရဲ့ သစ္စာကို စောင့်သိနေတာပါဘဲ...... ဆက်ပြီးတော့လဲ စောင့်သိနေ ဦးမှာပါပဲ.....
ရဲဘော်တို့ ကောင်းရာသုဂတိလားပါစေ..........
ဒေါက်တာဆိတ်ဖွား
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်