Pages

Friday 25 January 2013

ဖိလစ်ပိုင်တစ်ခေါက်နဲ့ ဆရာကြီးပုံစံပေါက်လာတဲ့ သောက်ရူးများသို့






ဒီကနေ့ အမေရိကန်သံရုံးက ထုတ်ပြန်ချက်ထုတ်ပါတယ်။ အပြင်းအထန်တိုက်တွန်းထားတာ က နှစ်ဖက် စလုံးပါ။အားလုံးသိသင့်တဲ့အချက်က လဂျားယန်စခန်းဟာ လိုင်ဇာဌာနချုပ် မွေးဖွားလာခြင်း မရှိသေးတဲ့ ဟိုးရှေးရှေးကတည်းက တပ်မတော်စခန်းအဖြစ် ရှိခဲ့တာပါ။လိုင်ဇာဌာနချုပ်စခန်း ဆိုတာ ၁၉၉၆ ခုနှစ် မှ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဒီတော့ ဂွမ်မော် ပြောနေတဲ့ သူ့နယ်မြေ ကိုယ့်နယ်မြေဆိုတာ ဘာကို ဆိုလိုတာလဲ မေးချင်ပါတယ်။
ဒီနေ့ ဧရာဝတီမှာ ရှစ်ပူးကိုကိုကြီးက ငြိမ်းချမ်းရေးဆရာကြီး လေသံနဲ့ လက်ချာတစ်ခု ရိုက်လာတယ်။ ဖိလစ်ပိုင်သွား ဟိုက ရှင်းပြလိုက်တာလေးနဲ့ ဟုတ်လှပြီ ဆိုပြီး ငြိမ်းချမ်းရေးဆရာကြီး လုပ်နေတာ အမြင်ကက်လွန်းလို့ ဒီစတေးတပ်ကို ရေးပါတယ်။

အဲဒီ ဖိလစ်ပိုင်မှာ လူမျိုးဘယ်လောက်ရှိသလဲ၊ သူပုန်ဘယ်နှစ်ဖွဲ့ ရှိသလဲ၊ အဲဒီသူပုန်ရဲ့ နောက်ခံသမိုင်းက ဘာလဲ၊ သေသေချာချာလေ့လာပြီးမှ ပြောပါ။ ငြိမ်းချမ်းရေူးဆိုတာ ဖိလစ်ပိုင်မှာ ဒီလိုအဆင်ပြေတယ် ဒို့ဆီမှာလည်း ဒီလိုလုပ်မယ် ဆိုပြီး ပုံတူး ကူးချလို့ မရပါဘူး။

နောက်တစ်ချက်က တပ်မတော်ကို ငြိမ်းချမ်းရေးတပ်မတော် ဆိုပြီး ဖိလစ်ပိုင်ကို သောက်အထင်ကြီးပြီး
 သောက်တစ် လွဲစကား လာပြောနေတာ တွေ့ရတယ်။ KIA သမိုင်းကြောင်း ဘယ်လို ပေါ်ပေါက် လာတယ်ဆိုတာကိုရော သိပါသလား။

နိုင်ငံခြားသွား ငြိမ်းချမ်းရေးတစ်ခုလောက်လေလ့လာပြီးတာနဲ့ မြန်မာနိုင်ငံမှာ ဆရာကြီး လာလုပ်လို့ ရပြီ လို့ ထင်ပါသလား။ အဲဒီလိုနဲ့ ဖိလစ်ပိုင်ကနေ ဖဲ့ပြီး ပေးရတော့မယ် ဆိုတာကိုရော သိပါသလား။ တီမော ဒီလိုပဲ ကွဲထွက်လာတာ သိပါသလား။

စစ်တပ်ကို ဆန့်ကျင်ဘက် ကြည့်ရင် ဆန့်ကျင်ဘက်ပဲ မြင်ပါလိမ့်မယ်။
စစ်တပ်ကို အပြုသဘော ကြည့်ရင် အပြုသဘော မြင်ပါလိမ့်မယ်။

စစ်တပ်ကို နိုင်ငံရေးက ဖယ်ထုတ်ချင်ကြတဲ့ နိုင်ငံရေးသမားများ၊ အရင်ဆုံး ငြိမ်းချမ်းအောင်၊ အပစ်အခတ် ရပ်စဲအောင် လုပ်ပါ။ တစ်ပြည်လုံး ငြိမ်းချမ်းသွားရင် နိုင်ငံရေးမှာ စစ်တပ် ပါစရာ အကြောင်း မရှိဘူး။

ပြီးတော့ အပစ်အခတ် ရပ်စဲရေးဆိုတာ တစ်ဖက်တည်းက ရပ်လို့ မရဘူး။
ကြိုးဝိုင်းထဲမှာ ပြိုင်ဘက်ကို မထိုးဘဲ တောက်လျှောက် ရှောင်နေနိုင်တဲ့ လက်ဝှေ့သမား မရှိသလို-ကြိုးဝိုင်းထဲမှာ မထိုးဖို့ စကား ပြောမယ် ဆိုရင် တစ်ဘက်လက်သီးချက် အတွဲလိုက် ခံရဖို့ဘဲ ရှိတယ်။

အခု လိုနေတာက နှစ်ဖက်လုံး ပစ်ခတ်မှု အမြန်ဆုံး ရပ်ဖို့ပဲ။
ရှစ်ပူးတွေ ခရိုနီပါတီဖြစ်တဲ့ NLD တွေ၊ တိုင်းရင်းသားပါတီတွေက ကင်းစောင့်ပေးကြ။ KIA ဘက်က စဖောက်ပြီး ပစ်ရင် KIA က စတယ် ပြော-စစ်တပ်က စပြီး ပစ်ရင် စစ်တပ်က စ ဖောက်ဖျက်တယ်ပြော။
လုပ်လိုက်လေ ကြာသလားလို့။

KIA စစ်ရူးတွေကို တစ်ခွန်းမှ မပြောဘဲ စစ်တပ်ကို လာပြီး ဖိအား မပေးနဲ့။ သောက်ရူးတွေရဲ့။

မင်းတို့က ပလက်ဖောင်း ရှာတာ။ ဒီမှာက သေကြ ကြေကြ၊ ဒဏ်ရာ ရကြ ဖြစ်ရတာ။

From :ပလေတို ဒီမို

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်