ကွတ်ခိုင်မြို့နယ်၊ မန်နား ကျေးရွာ၊ နမ့်ပါမုံး ကျေးရွာ၊ တုံခမ်း ကျေးရွာ၊
နောင်ဖာ ကျေးရွာ၊ နမ့်ဟူး ကျေးရွာနှင့် နမ့်ဂလောင်း ကျေးရွာများမှ
ကချင်လူမျိုး အိမ်ထောင်စု ၆၉စုမှ လူဦးရေ ကျား ၁၀၆ဦး၊ မ ၉၆ဦး၊ စုစုပေါင်း
၂၀၂ဦးတို့သည် ကွတ်ခိုင်မြို့၊ အမှတ် (၂)ရက်ကွက်ရှိ နှစ်ခြင်း ခရစ်ယာန်
ဘုရားကျောင်းဝင်း အတွင်း၌ လည်းကောင်း၊
အိမ်ထောင်စု ၅၆စု၊ လူဦးရေ ကျား ၇၉ဦး၊ မ ၉၅ဦး၊ စုစုပေါင်း ၁၇၄ဦးတို့သည်
ကွတ်ခိုင်မြို့၊ ရပ်ကွက် (၃)ရှိ ကတ်သလစ် ဘုရား ကျောင်းဝင်း အတွင်း၌
လည်းကောင်း စစ်ဘေး တိမ်းရှောင်ရန် ရောက်ရှိ နေထိုင်လျက် ရှိကြောင်း သိရှိ
ရပါသည်။
အဆိုပါ ကျေးရွာများမှ ကချင် လူမျိုးများအား ကွတ်ခိုင်မြို့ အတွင်း ပြောင်းရွှေ့ လာခြင်းနှင့် ပတ်သက်၍ မြေပြင်သတင်း ရရှိချက် များအရ ကေအိုင်အေ သောင်းကျန်း သူများသည် ၎င်းကျေးရွာ များမှ ကချင်လူမျိုး များအား ကွတ် ခိုင်မြို့ ပေါ်သို့ အတင်းအဓမ္မ ပြောင်းရွှေ့ရန် စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိပါသည်။ အဆိုပါ ကျေးရွာများတွင် ကချင်လူမျိုးများ အပြင် အခြားသော လူမျိုးများ ဖြစ်သည့် ပလောင်၊ ရှမ်း၊ ဗမာများလည်း နေထိုင်ကြောင်း သိရှိ ရပါ သည်။
ကွတ်ခိုင်မြို့ ပေါ်သို့ တိမ်းရှောင်ရောက်ရှိ လာသည့် မိသားစုဝင် များအား နယ်မြေခံ တပ်မတော်မှ တာဝန်ရှိ သူများနှင့် အတူ ကချင် စာပေနှင့် ယဉ်ကျေးမှု အဖွဲ့တို့မှ အလှူခံအဖွဲ့ ဖွဲ့စည်းကာ ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင်၍ အလှူခံ လျက် ရှိပါသည်။
တိမ်းရှောင်လာသူ မိသားစုဝင် များအတွက် နယ်မြေခံ တပ်မတော်ရှိ တပ်ရင်းများမှ ငွေ ၇ သိန်းနှင့် ဆန် ၂၉အိတ်၊ ကောင်းခါး ပြည်သူ့စစ်(ဌာနေ) အဖွဲ့မှ ဆန် ၂၀အိတ်၊ ကွတ်ခိုင် ပြည်သူ့စစ် (ဌာနေ)မှ ဆန် ၁၀အိတ် လှူဒါန်းခဲ့ပြီး တိမ်းရှောင် မိသားစု များအား နယ်မြေခံ တပ်မတော်မှ တာဝန်ရှိသူများ သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

လူ မှန်လေး
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်