Pages

Sunday 27 January 2013

ဇန်န၀ါရီလ ၂၈ ရက်မှ စတင်ပြီး မြို့ကြီးများတွင် နံနက်စောစောပိုင်း အချိန်များ၌ မိနစ်၂၀ ခန့် မိုဘိုင်းဖုန်း ဆက်သွယ်မှု ယာယီဆိုင်းငံ့မည်


ဇန်န၀ါရီလ ၂၈ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် နံနက်စောစောပိုင်း အချိန်များ၌ ၂၀ မိနစ်ခန့် မိုဘိုင်း တယ်လီဖုန်းများအား ဆက်သွယ်ရေး ယာယီဆိုင်းငံ့မည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်း ထုတ် ပြန်ထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသော GSM/WCDMA မိုဘိုင်း တိုးချဲ့ စီမံကိန်းအရ IP Transmission Network များ Stability ပိုမို ကောင်းမွန်စေရန်အတွက် သက်ဆိုင်ရာ Router များကို Software Upgrade ပြုလုပ်ခြင်း လုပ်ငန်းလုပ်ဆောင်ရန် အတွက် မိုဘိုင်းဖုန်းများအား ဆက်သွယ်ရေး ယာယီဆိုင်း ငံ့ခြင်းဖြစ်ကြောင်း သိရသည်။


ဇန်န၀ါရီ ၂၈ ရက်နှင့် ၂၉ရက် နေ့များတွင် မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့များတွင် လည်းကောင်း၊ ဇန်န၀ါရီ ၂၉ ရက်နေ့တွင် မုံရွာ၊ တောင်ကြီး၊ နေပြည်တော်တို့တွင် လည်းကောင်း ဇန်န၀ါရီ ၃၁ ရက်နှင့်   ဖေဖော်ဝါရီ ၁ ရက်နေ့များတွင် ရန်ကုန်နှင့် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် မြစ်ကြီးနားစသည့် မြို့များတွင် လုပ်ငန်းဆောင်ရွက်မှု ပြုလုပ် သွားမည်ဖြစ်သည်။

ယင်းသို့ လုပ်ငန်းဆောင်ရွက်နေချိန်တွင် ရန်ကုန်၊ နေပြည်တော် မန္တလေး၊ စစ်တွေ၊ ပဲခူး၊ မြစ်ကြီးနား၊   တောင်ကြီး၊ လားရှိုး၊ မုံရွာ၊ မော်လမြိုင်၊ ထားဝယ်၊ တောင်ငူ၊ ပုသိမ်၊ ဖျာပုံနှင့် ရှမ်းပြည်နယ်ရှိ မြို့များရှိ GSM စခန်းများနှင့် Data Service များ၊ GSM/CDMA စခန်းများ၊ GSM/CDMA စသည်တို့အား ဆက်သွယ်မှု ယာယီဆိုင်းငံ့မည်ဖြစ်ကြောင်း သိရသည်။


General Knowledge

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်