Pages

Friday, 11 January 2013

စောင့်လေမျိုးနွယ်

စောင့်လေမျိုးနွယ် ဟူသည် မိမိတို့၏ မျိုးရိုးစဉ်လာတို့ကို ထိန်းသိမ်းစောင့် ရှောက်ရမည်ဟု ဆိုလိုသည်။ စောင့်လေမျိုးနွယ်းဆိုရာတွင် မိမိတို့မျိုးဆွေမျိုးသားချင်း အစဉ်အလာ၊ မျိုးရိုးဂုဏ်ထက် ဗုဒ္ဓဘာသာဝင် ဟူသောမျိုးရိုးဂုဏ်ကို စောင့်ထိန်းရပါမည်။
"လူမှာအမျိုး ကြက်မှာအရိုး" ဟူသောဆိုရိုးစကားအတိုင်း လူတိုင်းမှာ အမျိုးအနွယ်သည် အရေးကြီးလှပါသည်။ ဘာသာရေးအရဆိုလျှင် မိမိတို့၏ ဗုဒ္ဓဘာသာဝင်မျိုးရိုးကို စောင့်ထိန်းရပါမည်။
ဗုဒ္ဓဘာသာဝင် မျိုးရိုးကို ချစ်မြတ်နိုးတက်ရပါမည်။ မြန်မာအမျိုးသား၊ အမျိုးသမီးများအနေဖြင့် အိမ်ထောင်ဘက်ရွေးရာ၌ ဘာသာတူဖြစ်သော ဗုဒ္ဓဘာသာဝင်မျိုးရိုးကို ရွေးချယ်ရပါမည်။ ဤအချက်သည် အလွန်အရေးကြီးပါသည်။ တချို့လူငယ်တို့သည် အချစ်သည်သာပဓာနဟူသော စကားကို အားကျအဟုတ်ထင်ပြီး အိမ်ထောင်ဖက် ရွေးချယ်မှားကြလေသည်။ အိမ်ထောင် ဖက်ရွေးချယ်မှားရာတွင် ယောက်ျားလေးထက် မိန်းကလေးက ပို၍အရေးကြီးသည်။

ဘာသာခြားနှင့် အိမ်ထောင်ပြုမိပါလျှင် သားစဉ်မြေးဆက် ရင်သွေးတို့ပါ ဘာသာခြား ဖြစ်သွားတက်ပါ သည်။ စောင့်လေမျိုး နွယ်တာဝန် ကြီး ပျက်သွားပါသည်။ အချို့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေး ခံယူချက်နှင့် လူမျိုးရေးစိတ်ဓာတ် ပျော့ညံ့မှု တို့ကြောင့် အချို့သော ဗုဒ္ဓဘာသာဝင် အမျိုးသမီး တို့သည် ဘာသာခြား တို့နှင့် အိမ်ထောင်ပြုကြသဖြင့် ဘာသာရောလူမျိုးပါ ဆုံးရှုံးနစ်နာရလေသည်။ မိမိတို့အမျိုးဂုဏ်ကို မိမိကိုယ်တိုင် ထိန်းသိမ်းမှရမည်ဟူသော လူမျိုးရေး၊ ဘာသာရေး အသိရှိကြရပါမည်။

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်