Monday, 7 January 2013
ABSDF မြောက်ပိုင်းအဖွဲ့မှ သံဃာတော်များထံပန်ကြားချက် သံဃာများနှင့် ပြည်သူအများစုလက်မခံ
Monday, January 07, 2013
ကချင်ပြည်နယ်တွင် KIA နှင့် အတူပူးတွဲ၍ အစိုးရတပ်များကို တိုက်ခိုက်နေသော ABSDF (မြောက်ပိုင်း) အဖွဲ့ မှ သံဃာတော် အရှင်သူမြတ်များအား လျှောက်ထားပန်ကြားခြင်း ခေါင်းစဉ်ဖြင့် (၇-၁-၂၀၁၃) ကြေငြာချက် တစ်စောင်နှင့် ကြေငြာချက်အား ABSDF တပ်ဖွဲ့ဝင် ရဲမေတစ်ဦးမှ ဖတ်ပြ၍ Online မှတစ်ဆင့် ထုတ်ပြန်ခဲ့ပါသည်။
၎င်းပန်ကြားချက်တွင် ပြည်တွင်းရှိ သံဃာတော်များမှ ကချင် ပြည်နယ် အတွင်း အစိုးရမှဆင်နွှဲနေသော စစ်ပွဲကို ၀ိုင်းဝန်းဆန့်ကျင်ကန့်ကွက် ပးကြပါရန် ကျောင်းသား တပ်မတော်(မြောက်ပိုင်း)မှ လျှောက်ထား
ပါသည် ဟူ၍ပါရှိပါသည်။
၎င်းပန်ကြားချက်နှင့်ပတ်သက်၍ ပြည် တွင်းရှိသံဃာများနှင့် ပြည်သူများမှ လက်ခံမှုမရှိကြောင်း သိရှိရပါသည်။ မန္တလေး မစိုးရိမ်တိုက်သစ်တွင် သီတင်းသုံးနေသော သံဃာတော်တစ်ပါးက " ဒီကိစ္စမှာ ABSDF အနေနဲ့ ဘုန်းကြီးတွေကို သူတို့ပြဿနာထဲ ဆွဲထည့်နေတယ်လို့ ယူဆပါတယ်။ ဘုန်းကြီးတွေကို နိုင်ငံရေးမှာ အသုံးချချင်တိုင်း အသုံးချလို့ရတယ် ထင်နေကြတယ်။ ABSDF ဆိုတာကလည်း ကျောင်းသားတပ်မတော်သာ ဆိုတယ်။ ဘယ်တုန်းက ကျောင်းသား တွေလဲ မသိဘူး။ ဖတ်ပြသွားတဲ့ ဒကာမ ဆိုရင်လည်း ဗုဒ္ဒဘာသာတောင် ဟုတ်ပုံမရဘူး။ သူတို့ ခေါင်းဆောင် တောင် ပြည်တွင်းကိုရောက် လာပြီး ဆွေးနွေးနိုင်သေးတာ သူတို့က ဘာလို့ ငြိမ်းချမ်းရေး ကိုလက်မခံတာလဲ။ သံဃာတော်တွေကို သွားလုပ်ပေးပါ သွားလုပ်ပေးပါလို့ မတောင်းဆိုသင့်ပါဘူး။ လက်ပံ တောင်းတောင် ကိစ္စတုန်းကလဲ ဘယ်နိုင်ငံရေးသမားကမှ ဦးဇင်းတို့ကို တောင်းဆိုခဲ့တာမဟုတ်ဘူး။ ပြည်သူ့ အတွက်လိုအပ်တယ်ထင်လို့ ပါဝင်ခဲ့တာ။ အခုကိစ္စက စစ်ရေးစစ်ရာကိစ္စ၊ သံဃာတော်တွေနဲ့ လုံးဝ မသက်ဆိုင်ပါဘူး" ဟု မိန့်ကြား သွားသည်။
ထို့ပြင် ပြည်ပရှိ သံဃာတော်များမှလည်း ၎င်းပန်ကြားချက်နှင့်ပတ်သက်၍ သံဃာတော်များအားလုံး ဂရုစိုက်ကြရန်နှင့် ၎င်းကြေငြာချက်၏ ရည်ရွယ်ချက်မှာ သံဃာတော်များအား အသုံးချလိုခြင်းဖြစ်ကြောင်း
ပြောကြားထားသည်။ ၎င်း ABSDF (မြောက်ပိုင်း)၏ ပ န်ကြားချက်အား Online သတင်းဌာနများတွင် တင် ထားရာ ကြည့်ရှုသူအများစုမှာ ၎င်းပန်ကြားချက်အား လုံးဝလက်မခံကြောင်း မှတ်ချက်ပေးထားသည်ကို
တွေ့ရှိရပါသည်။
အမျိုးအစာ
ပြည်ပသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်