Saturday, 29 December 2012
မင်းတို့ မမေ့နဲ့ KIA
ကျဆုံးသမျှ စစ်သား အလောင်းတွေနားမှာရပ်ပြီး ဓါတ်ပုံရိုက် ဖေ့စ်ဘွတ်မှာတင်ပြီးအောင်ပွဲခံခဲ့ကြပြီးပြီပဲ ။ မင်းတို့ တရားပါတယ် ။ ဒီစစ်သည် စစ်သားတွေရဲ့ ကျန်ရစ်သူတွေဖြေသိမ့်စရာ မရှိအောင် မင်းတို့ တရားခဲ့တယ် ။ မင်းတို့ မမေ့နဲ့ ။မင်းတို့ ရဲဘော်တွေ ကျလို့ မင်းတို့ နာကျည်းခွင့် ရှိတယ် ။ငါတို့ ရဲဘော်တွေ ကျရင်လည်း ငါတို့ ငါတို့ နာကျည်းတတ်တယ် ။ အွန်လိုင်းမှာ မင်းတို့ အောင်ပွဲမခံနဲ့ ။ မင်းတို့တိုက်ရည် ခိုက်ရည်...မင်းတို့ ခံစစ် ဘယ်အဆင့်အတန်းလည်းဆိုတာ....မင်းတို့ ရှေ့ပြေးစခန်းတွေ အကုန်ကုန်ပြီ ။ မင်းတို့ ဌာနချုပ်နဲ့၇ မိုင်အကွာမှာ အမြောက်စခန်းဖွင့်ပြီး ပစ်မှတ်အားလုံးကို ပစ်မှတ်မှတ်ပုံတင်ပြီးပြီ ။
လဂျာယန်း ကျရင် မင်းတို့ ဘယ်သွားမလဲ ။ တရုတ်ဘက်ပြေးမယ် မစဉ်းစားနဲ့ ။ တရုတ်က သူတို့ရဲ့ ပထဝီနိင်ငံရေး အကျိုးစီးပွားထက် မင်းတို့ကို ပိုမချစ်ဘူး ။ မင်းတို့ကိုဗုံးကြဲဖို့ လေပိုင်နက်အသုံးပြုခွင့် ပေးထား တာကိုပဲ လေ့လာကြည့်....မင်းတို့ကို လူနဲ့ မတိုက်ဘူး ။ ပစ်အားနဲ့ တိုက်မယ် ။
၁၀ပေ အမြင့် ၁၀ ထု ရှိတဲ့ ဝါခသစ်(ကော့မူးရာ) စခန်းက ဘန်ကာတွေထက် မင်းတို့ ခံစစ်မာနိင်အုံးမလား ။စောင့်ကြည့် ကြတာပေါ့ ။ မြန်မာ့တပ်မတော် အမြောက်တွေရဲ့ သမိုင်းကြောင်းကိုတော့ မင်းတို့ ရှာဖတ် လိုက်အုံး ။ ဘယ်တော့မှ မကျနိင်ဘူးဆိုတဲ့ ဝါခသစ်ရဲ့ ဘန်ကာ (၃) လုံးကို ဖြိုဖို့သွယ်ဝိုက်ပစ်အမြောက် အားလုံးကိုတောင်စောင်းပေါ်တင်ပြီး တိုက်ရိုက်ပစ် ခဲ့တဲ့ ရာဇဝင်ကို KNU က ဂျော်နီတို့ ဆီမှာ မင်းသွားမေးကြည့် ။
မင်းတို့ နောက်ဆုံး ခံစစ် လဂျာယန်းရဲ့ ပတ်ဝန်းကျင်မှာ စစ်သား ၃၀၀၀ ကျော်ရောက်နေပြီ ။
ဒီစစ်သားတွေ သူတို့ရဲဘော်တွေ အတွက် နာကျည်းတဲ့စိတ်က မင်းတို့ထက် မလျော့ဘူး ကိုယ့်လူတို့ ။
မင်းတို့ကို ခေါင်းမဖော်အောင်ပစ်နေတဲ့ ခန်းကိုင် အမြောက်စခန်းမှာ ကကဒုံး လက်အောက်ခံ အမြောက် တပ်ရင်း တရင်းပဲ သုံးထားတယ် ။ မင်းတို့ သိပ်သွေးပျက်မနေနဲ့ ။လဂျာယန်း ခံစစ်ကျိုးရင် နောက်ထပ် ပင်မအမြောက်တပ်ရင်း နှစ်ခု Standby နဲ့စောင့်နေတာကိုလည်း သတင်းကောင်းပါးလိုက်မယ် ။မင်းတို့ ဌာနချုပ်ကို ချက်ချင်းကြီး ဝင်မသိမ်းတာ ဘာလို့လည်းဆိုပြီး သိမ်ငယ်မနေနဲ့အုံး ။
ကာကွယ်ရေးဦးစီးချုပ်အသစ်ရဲ့ လက်ထက်မှာ ကာကွယ် ပစ္စည်း ထုတ်လုပ်ရေး စက်ရုံ ၂၄ ရုံက ထုတ်ခဲ့တဲ့ လက်နက်တွေက သုံးစရာမရှိခဲ့ဘူး ။မြန်မာ့တပ်မတော်ရဲ့ သမိုင်းသစ်ကို ရေးဖို့ တိုက်စွမ်းအား အားလုံးကို စမ်းသပ် အသုံးပြုနေတာ မင်းတို့ ဂုဏ်ယူစရာပဲ ။
မင်းတို့ ဓါတုလက်နက်ဆိုပြီး အိပ်ရေးပျက်ခဲ့တဲ့ ၈၁မမ အမြောက်ရဲ့ ဗုံးသီးရော အမြောက် ကိုယ်ထည်ရော ကမြန်မာနိင်ငံတွင် လုပ်သည် ဆိုတော့ မင်းတို့အတွက် ပေါပေါလောလော ရှိနေတာပေါ့ကွာ ။ မြန်မာ့ တပ်မတော်မှာ စစ်သည် ၅သိန်းရှိတယ် ။ မင်းတို့အတွက် အင်အား ၃ထောင် သုံးထားတယ် ။ မင်းတို့ စိတ်ချ ပါ ။ ကာချုပ်က စခန်းသိမ်း တိုက်နည်းစနစ် အားလုံးကိုစမ်းသပ်နေတဲ့ ကာလဆိုတော့ ငါတို့ သည်းခံနေ ရတယ် ။ပဝေသဏီတည်းက အမောင်းသင် ခဲ့တဲ့လေယာဉ်တွေနဲ့ ဗုံးကြဲတယ်ဆိုတော့ မင်းတို့တွေ တကယ့်ဟာသပဲ
စခန်းကုန်းခံစစ်တွေကို ရဟတ်ယာဉ်နဲ့ ထိုးစစ်ဆင်လေ့မရှိဘူး ။ ထိခိုက်ပျက်စီးမှုရှိနိင်တဲ့အတွက် တိုက်လေယာဉ်ကိုပဲအဓိက ထားသုံးတယ် ။ မင်းတို့ ခံစစ်ကို ရဟတ်ယာဉ်နဲ့စစ်ဆင်လို့ရတယ်ဆို ကတည်း က မင်းတို့ ဘုရားတကြတော့ ။ အဆင့်အတန်းမရှိတဲ့ မင်းတို့ ခံစစ်အတွက် အချိန်သိပ်မလိုဘူး ကိုယ့်လူတို့...
အွန်လိုင်းပေါ်မှာ အထိအခိုက်မရှိဘူး အမြဲလည်းအော်မနေနဲ့ ။ ဌာနချုပ်နဲ့ ၇ မိုင်အကွာရောက်နေ တဲ့အထိလဂျာယန်း စခန်းကို အမြောက်နဲ့ နေ့ချင်းညချင်း ပစ်ချင်တိုင်းပစ်ခွင့် ရနေတဲ့ အထိ သဘော ထားကြီးဖို့ မကောင်းဘူး.... KIA
တနေ့ကို အလုံး ၁၅၀ နီးပါး ပစ်နေတော့ မှန်စရာမလိုဘူး ။နားကွဲပြီး သေကြတဲ့ မင်းတို့လူတွေ အကြောင်း မင်းတို့ အသိဆုံး ။လက်နက်ကြီးဆိုတာ အသံနဲ့သတ်တဲ့ အလုပ်လည်း လုပ်တော့ မင်းတို့ အကြောင်းကံ ဘယ်လှပါ့မလဲ ။
မာနယ်ပလောနဲ့ ဝါခသစ် ကျပြီးတည်းက စခန်းသိမ်းတိုက်ပွဲမကြုံသေး တဲ့မြန်မာ့ တပ်မတော်အတွက် မင်းတို့ KIA ကအကောင်းဆုံး အတွေ့အကြုံပဲ ။ငါတို့ မတရားဘူး မပြောနဲ့ .......မင်းတို့ မတရားဘူး ငါတို့ မပြောဘူး .....ငါတို့ စစ်တိုက်နေကြတယ်... မင်းတို့ရဲဘော်တွေအတွက် မင်းတို့ နာကျည်းသလို အွန်လိုင်းပေါ်ထိ လူလုံးမလှခဲ့တဲ့ ငါတို့ရဲ့ဘော်တွေ အတွက်လည်း ငါတို့ နာကျည်းခွင့်ရှိတယ် ။
မင်းတို့ ကျန်ရင် ငါတို့သေမယ် ။ ငါတို့ ကျန်ရင်လည်း မင်းတို့ ရှင်ဖို့ မစဉ်းစားနဲ့ KIA !!!!!
by သီဟ သစ်
အမျိုးအစာ
ပေးစာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်