Pages

Sunday, 23 December 2012

ပိုးသတ်ဆေး အလိုရှိသည် ( KIA ထံပေးစာ )



ပိုးသတ်ဆေး အလိုရှိသည် ( KIA ထံပေးစာ ) စပါးကို ဖျက်ဆီးတာ စပါးထဲက ပိုး ၊ ၀ါကိုဖျက်တာ ၀ါထဲက ပိုး ... တဲ့ ။ ပန်းပွင့်ကို ဖျက်ဆီး တာကလည်း ပန်းပင်ကို မှီပြီးနေတဲ့ ပိုးပဲ ဖြစ်ပါတယ်။ KIA ဆိုတဲ့ အဖျက်သမား အုပ်စု တွေကလည်း ကိုယ့်ပြည်နယ် ကိုယ့်လူမျိုး တွေကို ပြန်ပြီး ဖျက်ဆီးနေတဲ့ အဖျက်ပိုး တွေပဲ ဖြစ်တယ်။ ကချင် လူမျိုးတွေကို ဒုက္ခ ပေးနေတာ တခြား လူမျိုးတွေ မဟုတ်ပါဘူး။ ကချင် တိုင်းရင်းသား တွေထဲက KIA လို့ခေါ်တဲ့ ကချင် လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့ပဲ ဖြစ်ပါတယ်။ ရွှေလီမှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ကနေ KIA , KIO အဖွဲ့တွေကို မေတ္တာ ရပ်ခံခဲ့တဲ့ စကားလေး ရှိပါတယ်။

" ကချင် ပြည်နယ် ရဲ့ ဝေးလံ ခေါင်သီ တဲ့ ဒေသတွေမှာ ကချင်လူမျိုးတွေ သိပ်ကို ဆင်းရဲဒုက္ခ ရောက်နေ ကြတယ်။ ရိက္ခာ နဲ့ ဆေးဝါးတွေ လိုအပ်နေတယ် ၊ ဒါကြောင့် အခု ပွင့်လင်းရာသီ မှာ ပျက်စီး သွားတဲ့ လမ်း ၊ တံတား တွေကို ပြုပြင်မယ် ၊ KIA အဖွဲ့က မနှောင့်ယှက်ဘဲ ၀ိုင်းဝန်း ကူညီပေးကြပါ ..... " လို့ မေတ္တာ ရပ်ခံခဲ့တာ ကြားခဲ့ရပါတယ်။

ဒါပေမယ့် KIA အဖွဲ့က လမ်းတွေ ၊ တံတားတွေကို ဆက်ပြီးတော့ မိုင်းခွဲ ဖျက်ဆီး နေတုန်းပါပဲ။ ပိုပြီးတော့ မိုက်ဇာတ်တွေ ခင်းလာတာ တွေ့ရတယ်။ သနားစရာ ကောင်းတာက မြေဇာပင် ဒေသခံ ကချင် လူမျိုး တွေပဲ ဖြစ်ပါတယ်။ ဒေသခံ တို့ခမျာ KIA ကြောင့် နူရာဝဲစွဲ ၊ လဲရာ သူခိုးထောင်း ဘ၀ ဖြစ်နေရ ရှာတယ်။ ကလေးတွေလည်း စာမေးပွဲက နီးလာပြီး စာကို ကောင်းကောင်း မသင်ယူ နိုင်ဘဲ ကျောင်းတွေ ခဏခဏ ပိတ်ထား ကြရတယ်။ KIA က ရဲဘော်သစ် စုဆောင်းလိုက် တာမှ အကျဉ်းသား တွေကိုတောင် အလွတ် မပေးပါဘူး။ KIA က စစ်အသုံး စရိတ်အတွက် ဆက်ကြေး ကောက်နေတာ ကလည်း ကြောက်ခမန်း လိလိပါ။ လယ်မလုပ် နိုင်တဲ့ တောင်သူ တွေအပေါ် လယ်တစ်ဧက ကို စပါး တစ်တင်း။ ကားပိုင်ရှင် တွေလဲ ဆက်ကြေးပေး မလွတ်ပါဘူး။

ကားတစ်စီးကို ငွေကျပ် ၃၀၀၀၀ ၊ ကုန်ကားကြီး ဆိုရင် ငွေကျပ် ၅၀၀၀၀ သတ်မှတ် ကောက်ခံတယ်။ မိုးကောင်း ၊ ဟိုပင် တို့ဘက်မှာ KIA က အခွန်ငွေ ကျပ်သိန်း ၂၅၀ ပေးရမယ် လို့ တရားဝင်စာ ထွက်ပြီး တောင်းတယ်။ ပိုဆိုးတာက ဖားကန့် မြို့ပေါ်က လုပ်ငန်းရှင် တွေကို ဆက်ကြေး ကျပ်သိန်းပေါင်း ၆၀၀၀ ကျော် တောင်းလိုက် တာပဲ ဖြစ်ပါတယ်။ လမ်းဘေး ယာဉ်ထိန်းရဲ က စည်းကမ်းမဲ့ လိုင်းကား စပယ်ယာ ဆီကနေ ၂၀၀ ကျပ်တန် အစုတ်ကလေး ယူလိုက်တာကို မေးငေါ့ ကြသူများ KIA သောင်းကျန်းသူ တွေ ဆက်ကြေးကောက် တာကို ရေငုံနှုတ်ပိတ် နေကြတာ မထူးပေမယ့် ဆန်း တာတော့ အမှန်ပါ။ စပါးကို ဖျက်တာ စပါးထဲက .. ပိုး ၊ ၀ါးကို ဖျက်တာ ၀ါးထဲက .. ပိုး ၊ ကချင်လူမျိုး တွေကို ဖျက်ဆီးနေတာ ၊ လူညွန့်တုံး အောင် ဖျက်ဆီးနေတာ KIA ၊ KIO ဆိုတဲ့ အဖျက်သမား ပိုး တွေပဲ ဖြစ်ပါတယ်။ ဒီ အဖျက်ပိုး တွေကို ပိုးသတ်ဆေး ကောင်းကောင်းနဲ့ အားလုံးက ၀ိုင်းဝန်း နှိမ်နင်းကြပါမှ တော်ကာကြ ပါမယ်။ ပိုးသတ်ဆေး နဲ့ မလုံလောက် သေးရင် အမြစ်ကနေ မြေလှန်နုတ် ပစ်ဖို့ အချိန်တန် နေပါပြီ။ ဒီပိုးကို ဆက်မွေးထားရင် ရှိရှိသမျှ အပင် ၊ အပွင့် ၊ အသီး ၊ အရွက် တွေမကျန် ဖျက်ဆီး သွားမှာ ဖြစ်တယ်လို့ တင်ပြလိုက် ပါတယ်။

Credit : Myanmar Online News 

--- ကေအိုင်အေ သောင်းကျန်းသူထောင်သည့်မိုင်း ကုန်ရထားနင်းမိပျက်စီး နေပြည်တော် ဒီဇင်ဘာ ၂၁ ၊ ၂၀၁၂ ၂၁-၁၂-၂၀၁၂ ရက်နေ့ ၀၁၂၅ အချိန် မြို့ဟောင်းဘူတာမှ မြစ်ကြီးနားသို့ ထွက်ခွာလာသော အမှတ်(၉၃၇) အဆန် ကုန်ရထားသည် မိုးညှင်းမြို့နယ်၊ နမ္မားကျေးရွာ၊ နမ်္မားဘူတာမြောက်ဘက်(၂) မိုင်ခန့် အကွာ နမ္မားဘူတာနှင့် မြို့သစ်ကလေးဘူတာအကြား မိုင်တိုင်အမှတ်(၆၄၃-၂၂/၂၃)ကြား အရောက် ကေအိုင်အေသောင်းကျန်းသူများ ထောင်ထားသည့် မိုင်းအား နင်းမိပေါက်ကွဲခဲ့သည်။

 မိုင်းပေါက်ကွဲ မှုကြောင့် တွဲ(၁၁)တွဲအနက် စက်ခေါင်းတွဲမှန်ကွဲ၍ စက်ခေါင်းမောင်းနားနေတွဲနှင့် ကုန်တွဲ(၃)တွဲယာဘက် သို့ တွဲချော်၍ လဲကျခဲ့ပြီး ကုန်တွဲ(၁)တွဲမှ ၄၅ ဒီကရီတိမ်းစောင်းသွားခဲ့သည်။ သတင်းရလျှင်ရခြင်း နမ္မားရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှ တပ်မတော်သားများ အခင်းဖြစ်အရပ်သို့ ထွက်ခွာခဲ့ရာ ၀၃၀၀ အချိန်ရောက်ရှိခဲ့သည်။ မိုင်းပေါက်ကွဲမှုကြောင့် စက်ခေါင်းမောင်း ဦးကျော်မြင့်(၄၅)နှစ်တွင် ယာဘက်မျက်လုံး ထိမှန်ဒဏ်ရာ၊ လက်ထောက်စက်ခေါင်းမောင်း ဦးဥာဏ်ထွန်း (၂၈)နှစ်တွင် ယာဘက်မျက်လုံး မှန်စထိမှန်ဒဏ်ရာ၊ အကူစက်ခေါင်းမောင်း နေလင်းထွန်း(၃၄)နှစ်တွင် မျက်နှာ မှန်စထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် မိုးညှင်းဆေးရုံသို့ ပို့ဆောင်ဆေးကုသထားကြောင်း သတင်းရရှိသည်။

 Credit : ရဲဇာနည်


စပါးကို ဖျက်ဆီးတာ စပါးထဲက ပိုး ၊ ၀ါကိုဖျက်တာ ၀ါထဲက ပိုး ... တဲ့ ။ ပန်းပွင့်ကို ဖျက်ဆီး တာကလည်း ပန်းပင်ကို မှီပြီးနေတဲ့ ပိုးပဲ ဖြစ်ပါတယ်။
KIA ဆိုတဲ့ အဖျက်သမား အုပ်စု တွေကလည်း ကိုယ့်ပြည်နယ် ကိုယ့်လူမျိုး တွေကို ပြန်ပြီး ဖျက်ဆီးနေတဲ့ အဖျက်ပိုး တွေပဲ ဖြစ်တယ်။ကချင် လူမျိုးတွေကို ဒုက္ခ ပေးနေတာ တခြား လူမျိုးတွေ မဟုတ်ပါဘူး။ ကချင် တိုင်းရင်းသား တွေထဲက KIA လို့ခေါ်တဲ့ ကချင် လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့ပဲ ဖြစ်ပါတယ်။
ရွှေလီမှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ကနေ KIA , KIO အဖွဲ့တွေကို မေတ္တာ ရပ်ခံခဲ့တဲ့ စကားလေး ရှိပါတယ်။


" ကချင် ပြည်နယ် ရဲ့ ဝေးလံ ခေါင်သီ တဲ့ ဒေသတွေမှာ ကချင်လူမျိုးတွေ သိပ်ကို ဆင်းရဲဒုက္ခ ရောက်နေ ကြတယ်။ ရိက္ခာ နဲ့ ဆေးဝါးတွေ လိုအပ်နေတယ် ၊ ဒါကြောင့် အခု ပွင့်လင်းရာသီ မှာ ပျက်စီး သွားတဲ့ လမ်း ၊ တံတား တွေကို ပြုပြင်မယ် ၊ KIA အဖွဲ့က မနှောင့်ယှက်ဘဲ ၀ိုင်းဝန်း ကူညီပေးကြပါ ..... " လို့ မေတ္တာ ရပ်ခံခဲ့တာ ကြားခဲ့ရပါတယ်။

ဒါပေမယ့် KIA အဖွဲ့က လမ်းတွေ ၊ တံတားတွေကို ဆက်ပြီးတော့ မိုင်းခွဲ ဖျက်ဆီး နေတုန်းပါပဲ။
ပိုပြီးတော့ မိုက်ဇာတ်တွေ ခင်းလာတာ တွေ့ရတယ်။ သနားစရာ ကောင်းတာက မြေဇာပင် ဒေသခံ ကချင် လူမျိုး တွေပဲ ဖြစ်ပါတယ်။
ဒေသခံ တို့ခမျာ KIA ကြောင့် နူရာဝဲစွဲ ၊ လဲရာ သူခိုးထောင်း ဘ၀ ဖြစ်နေရ ရှာတယ်။ ကလေးတွေလည်း စာမေးပွဲက နီးလာပြီး စာကို ကောင်းကောင်း မသင်ယူ နိုင်ဘဲ ကျောင်းတွေ ခဏခဏ ပိတ်ထား ကြရတယ်။
KIA က ရဲဘော်သစ် စုဆောင်းလိုက် တာမှ အကျဉ်းသား တွေကိုတောင် အလွတ် မပေးပါဘူး။
KIA က စစ်အသုံး စရိတ်အတွက် ဆက်ကြေး ကောက်နေတာ ကလည်း ကြောက်ခမန်း လိလိပါ။
လယ်မလုပ် နိုင်တဲ့ တောင်သူ တွေအပေါ် လယ်တစ်ဧက ကို စပါး တစ်တင်း။
ကားပိုင်ရှင် တွေလဲ ဆက်ကြေးပေး မလွတ်ပါဘူး။
ကားတစ်စီးကို ငွေကျပ် ၃၀၀၀၀ ၊ ကုန်ကားကြီး ဆိုရင် ငွေကျပ် ၅၀၀၀၀ သတ်မှတ် ကောက်ခံတယ်။

မိုးကောင်း ၊ ဟိုပင် တို့ဘက်မှာ KIA က အခွန်ငွေ ကျပ်သိန်း ၂၅၀ ပေးရမယ် လို့ တရားဝင်စာ ထွက်ပြီး တောင်းတယ်။ပိုဆိုးတာက ဖားကန့် မြို့ပေါ်က လုပ်ငန်းရှင် တွေကို ဆက်ကြေး ကျပ်သိန်းပေါင်း ၆၀၀၀ ကျော် တောင်းလိုက် တာပဲ ဖြစ်ပါတယ်။

လမ်းဘေး ယာဉ်ထိန်းရဲ က စည်းကမ်းမဲ့ လိုင်းကား စပယ်ယာ ဆီကနေ ၂၀၀ ကျပ်တန် အစုတ်ကလေး ယူလိုက်တာကို မေးငေါ့ ကြသူများ KIA သောင်းကျန်းသူ တွေ ဆက်ကြေးကောက် တာကို ရေငုံနှုတ်ပိတ် နေကြတာ မထူးပေမယ့် ဆန်း တာတော့ အမှန်ပါ။

စပါးကို ဖျက်တာ စပါးထဲက .. ပိုး ၊ ၀ါးကို ဖျက်တာ ၀ါးထဲက .. ပိုး ၊ ကချင်လူမျိုး တွေကို ဖျက်ဆီးနေတာ ၊ လူညွန့်တုံး အောင် ဖျက်ဆီးနေတာ KIA ၊ KIO ဆိုတဲ့ အဖျက်သမား ပိုး တွေပဲ ဖြစ်ပါတယ်။ဒီ အဖျက်ပိုး တွေကို ပိုးသတ်ဆေး ကောင်းကောင်းနဲ့ အားလုံးက ၀ိုင်းဝန်း နှိမ်နင်းကြပါမှ တော်ကာကြ ပါမယ်။
ပိုးသတ်ဆေး နဲ့ မလုံလောက် သေးရင် အမြစ်ကနေ မြေလှန်နုတ် ပစ်ဖို့ အချိန်တန် နေပါပြီ။ဒီပိုးကို ဆက်မွေးထားရင် ရှိရှိသမျှ အပင် ၊ အပွင့် ၊ အသီး ၊ အရွက် တွေမကျန် ဖျက်ဆီး သွားမှာ ဖြစ်တယ်လို့ တင်ပြလိုက် ပါတယ်။

Credit : Myanmar Online News



ကေအိုင်အေ သောင်းကျန်းသူထောင်သည့်မိုင်း ကုန်ရထားနင်းမိပျက်စီး

နေပြည်တော် ဒီဇင်ဘာ ၂၁ ၊ ၂၀၁၂

၂၁-၁၂-၂၀၁၂ ရက်နေ့ ၀၁၂၅ အချိန် မြို့ဟောင်းဘူတာမှ မြစ်ကြီးနားသို့ ထွက်ခွာလာသော အမှတ်(၉၃၇)  အဆန် ကုန်ရထားသည် မိုးညှင်းမြို့နယ်၊ နမ္မားကျေးရွာ၊ နမ်္မားဘူတာမြောက်ဘက် (၂)မိုင်ခန့် အကွာ နမ္မားဘူတာနှင့် မြို့သစ်ကလေးဘူတာအကြား မိုင်တိုင်အမှတ် (၆၄၃-၂၂/၂၃)ကြား အရောက် ကေအိုင်အေသောင်းကျန်းသူများ ထောင်ထားသည့် မိုင်းအား နင်းမိပေါက်ကွဲခဲ့သည်။

မိုင်းပေါက်ကွဲ မှုကြောင့် တွဲ(၁၁)တွဲအနက် စက်ခေါင်းတွဲမှန်ကွဲ၍ စက်ခေါင်းမောင်းနားနေတွဲနှင့် ကုန်တွဲ(၃)တွဲယာဘက် သို့ တွဲချော်၍ လဲကျခဲ့ပြီး ကုန်တွဲ(၁)တွဲမှ ၄၅ ဒီကရီတိမ်းစောင်းသွားခဲ့သည်။

သတင်းရလျှင်ရခြင်း နမ္မားရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှ တပ်မတော်သားများ အခင်းဖြစ် အရပ်သို့ ထွက်ခွာခဲ့ရာ ၀၃၀၀ အချိန်ရောက်ရှိခဲ့သည်။

မိုင်းပေါက်ကွဲမှုကြောင့် စက်ခေါင်းမောင်း ဦးကျော်မြင့်(၄၅)နှစ်တွင် ယာဘက်မျက်လုံး ထိမှန်ဒဏ်ရာ၊ လက်ထောက်စက်ခေါင်းမောင်း ဦးဥာဏ်ထွန်း (၂၈)နှစ်တွင် ယာဘက်မျက်လုံး မှန်စထိမှန်ဒဏ်ရာ၊ အကူစက်ခေါင်းမောင်း နေလင်းထွန်း(၃၄)နှစ်တွင် မျက်နှာ မှန်စထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် မိုးညှင်းဆေးရုံသို့ ပို့ဆောင်ဆေးကုသထားကြောင်း သတင်းရရှိသည်။

Credit : ရဲဇာနည်



Credit ...news-myanmar

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်