Saturday, 1 December 2012
ခွက်ဒေါင်းပုံပြင်
တုတ်ကြီး ရေးဖွဲ့သီကုံးသည်။
ခွပ်ဒေါင်းဆိုတာ သတ္တိပြောင်ရတယ်တဲ့
စာထဲမှာဖတ်ဖူး၊ သူများပြောသံလည်းကြားဖူးရဲ့။
ဒီလိုနဲ့ ခေါင်းမှာအနီပတ်ပြီး လမ်းလျှောက်ခဲ့၊
ဒါပေမယ့် ဗိုလ်အောင်ကျော်လိုတော့
ရဲရဲရင်ဆိုင်ဖို့မဖြစ်နိုင်ခဲ့ဘူး။
ဒေါင်းအလံလွှင့် လမ်းလျှောက်နေတုံး
မျက်ရည်ယိုဗုံးပစ်သံကြား။
ဘောင်းဘီထဲ သေးထွက်ကျ
ငါဒဏ်ရာမရလည်း
မျက်ရည်ချောင်းစီး၊ ငိုပြီးထွက်ပြေးခဲ့
လူသာသေမယ်၊ ကြောက်သေးထွက်တာ
ရပ်မယ်မထင်ဘူး။
တွေးမနေနဲ့ရဲဘော်၊ နောက်ကျတဲ့ခြေထောက်
သစ္စာဖောက်မို့
နယ်စပ်အရောက်ပြေး၊
ပထွေးအရိပ်ခိုမယ်
လမ်းမှာ မင်းမောရင် ငါ့သေးကိုသောက်
ရောဂါပျောက်မယ်။
ပထွေးဆီရောက်ရင်၊
နောင်ရေးစိတ်အေးရပြီ
အမေစုလည်း ပထွေးအားကိုးခဲ့လို့
ငါတို့လည်း ဒီလမ်းလိုက်ရမယ်။
နောက်ကျကျန်ခဲ့သူတွေ၊ သေချင်သေပါစေ
ငါတို့တော့ ပထွေးဆီပြေးပြီ။
ခွပ်ဒေါင်းနံမည်ခံ၊ အကြံအဖန်လုပ်ခဲ့ပေမယ်
အမှန်တကယ်သရုပ်က
ခွက်ဒေါင်းအကောင်စုတ်မို့
အရင်ပြေးမိတာခွင့်လွှတ်သူငယ်ချင်း
ခွက်ဒေါင်း=ခွက်လက်ဆွဲကာ
ဒေါင်းယောင်ဆောင်ပြီး တောင်းစားနေသူများ
အမျိုးအစာ
ကဗျာ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်