Pages

Sunday, 23 December 2012

တော်တော်တော့ ရင်နာစရာကောင်း ပါတယ်


ကုန်းဘောင်မင်းဆက်ရဲ့နောက်ဆုံးဘုရင် သီပေါဘုရင်ရဲ့မျိုးဆက်တွေကို နိုင်ငံတော်သမ္မတဦးသိန်းစိန်က တွေ့ဆုံတာကို တီဗီမှာကြည့်လိုက်ရတယ်... တွေ့လိုက်ရတာက ဘုရင့်ဆွေတော်မျိုးတော်ဆိုတဲ့လူတွေက ကုလားတွေဖြစ်နေတယ်... သီပေါရဲ့(ကုလားပြည်မှာနောက်ဆုံးကျန်ခဲ့တဲ့) သမီးတော်တစ်ပါး ဟာ ရတနာဂီရိအိမ်တော်စောင့်ဒရ၀မ်ကုလားနဲ့ ညားခဲ့တာကိုးး... တော်တော်တော့ ရင်နာစရာကောင်း ပါတယ်...
ထို့အတူဒေါ်အောင်ဆန်းစုကြည်ဆိုရင်လည်း မိမိနဲ့အမျိုးမတူခဲ့တဲ့ နိုင်ငံခြားသားကုလားဖြူကိုလင်တော် ခဲ့ပါတယ်... ရလာတဲ့ရလဒ်ကတော့ မြန်မာစကားမတတ်တဲ့ မြန်မာစကားနားမလည်တဲ့ အနောက် တိုင်း သားလေးနှစ်ဦးကိုမွေးဖွားခဲ့ပါတယ်... ဗိုလ်မင်းရောင်ကိုယ်တိုင်လည်း အင်္ဂလိပ်ရဲ့ခေါင်းဖြတ်သတ်ခြင်းကို ခံခဲ့ရတယ်...ဗိုလ်ချုပ်အောင်ဆန်းဆိုရင်လည်း အင်္ဂလိပ်လက်ပါးစေဂဠုန်ဦးစောရဲ့ သတ်ဖြတ်ခြင်း ကို ခံခဲ့ရတယ်...

 သူ့မျိုးဆက်တွေကို အင်္ဂလိပ်သွေးတွေအပြည့်ရောခံခဲ့ရတယ်... စိတ်ပျက်စရာပါ... အနာဂတ်မြန်မာနိုင်ငံ သမ္မတလုပ်ချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ သားသမီး၊ သူမရဲ့ခင်ပွန်းတို့ဟာ မြန်မာနိုင်ငံသား မဟုတ်ဘူးဆိုတဲ့တစ်ချက်နဲ့တင် သမ္မတရာထူးကို မမျှော်မှန်းသင့်တော့ပါဘူး... အခြေခံဥပဒေက ပုဒ်မ၅၉လို ဥပဒေမျိုးဟာ ဒီမိုကရေစီနိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့အမေရိကန်မှာတောင် မရှိဘူးလို့ မပြောပါ နဲ့...

 မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံမတူပါဘူး... တကယ်လို့ပုဒ်မ၅၉လိုဥပဒေမရှိတာကို ကြိုက်ရင် အမေရိကန်မှာ သမ္မတသွားလုပ်ပါ... အမေရိကန်မှာ မဲသွားပေးပါ... သေချာတာကတော့ ဒီနိုင်ငံရဲ့ ထင်ရှား တဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျိုးဆက်တွေမှာ မြန်မာဆိုတဲ့အခန်းကဏ္ဍလုံးဝပြီးဆုံး သွားပြီလို့ ဆိုရပါမယ်...

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်