Pages

Saturday 8 December 2012

“ ကြေးနီစီမံကိန်းက ရွာသူရွာသားတွေ အတွက် အကျိုးရှိသလား ဆိုတာ ရေရှည်အတွက် စုံစမ်းရဦးမှာပါ ”


[ ယနေ့ နေ့လည် ၁၂နာရီ၌ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က သတင်းမီဒီယာများအား ပြောဆိုချက် များမှ ကောက်နုတ် ဖော်ပြ အပ်ပါသည် ] လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ကျွန်မတို့ ကော်မရှင် အဖွဲ့တွေ မုံရွာကနေ ကြေးနီစီမံကိန်း ရှိတဲ့ နေရာတွေ မှာရှိတဲ့ ရွာသူရွာသား တွေန
ဲ့ တွေ့ ခဲ့ပါ တယ်။ သူတို့ဆီမှာ အခြေ အနေတွေ စုံစမ်းနေပါတယ်။ကော်မရှင်ရဲ့လုပ်ငန်း တွေကတော့ အားလုံး သိတဲ့အတိုင်းပဲ မလေ့လာလို့ မရပါဘူး။ ရွာသူရွာသား တွေရဲ့အခြေအနေ ကြေးနီစီမံကိန်း မှာရှိတဲ့ ရွာသူ ရွာသား တွေရဲ့လူမှုဘဝ အခြေအနေ၊ ပတ်ဝန်းကျင် အခြေအနေတွေ၊ သဘောထားတွေ။ ကြေးနီစီမံကိန်းက ရွာသူရွာသားတွေ အတွက် အကျိုးရှိသလား ဆိုတာ ရေရှည်အတွက် စုံစမ်း ရဦးမှာပါ။ ဒီစီမံကိန်းနဲ့ ဆက်စပ်နေတာ တွေကို စုံစမ်းနေပါတယ်။ သပိတ်စခန်း တွေမှာ လုပ်ခဲ့တာတွေ အတွက်ပေါ့။ လက်ရှိ အနေအထားကို ရှင်းပြချင်ပါ တယ်။


ပထမဦးဆုံး ကြေးနီ စီမံကိန်းနဲ့ ပတ်သက်တယ် ဆိုတာတော့ အားလုံး သိပြီးသား ဖြစ်မှာပါ။ ချက်ခြင်းတော့ အဖြေပေါ်မှာ မဟုတ်ပါဘူး။ကျွန်မတို့ အဖွဲ့တွေ ကွင်းဆင်းပြီးတော့ ရွာသားတွေရဲ့အခြေအနေ ကျန်းမာရေး ကိစ္စရော ပတ်ဝန်းကျင် ကိစ္စရော အားလုံး လေ့လာမယ်။ ကြေးနီစီမံကိန်း အလုပ်ကိစ္စ တွေရော ဘယ်လို လုပ်နေသလဲ ဆိုတာ လေ့လာနေတယ်။ နည်းပညာတွေရဲ့ အသုံးပြုမှု တွေက ပတ်ဝန်းကျင် အခြေအနေနဲ့ ကိုက်ညီရဲ့လား ဆို တာလည်း လေ့လာ နေတယ်။ကျွန်မတို့ ကော်မရှင်က အသိ ပညာရှင်တွေ အတတ် ပညာရှင်တွေကို ဆင့်ခေါ်ပြီး အကြံဉာဏ် တောင်းပါမယ်။ သူတို့တွေ ပါဝင်နိုင်အောင်လည်း စီစဉ်ထား ပါတယ်။

သပိတ်စခန်းကို ဖြိုခွဲတဲ့ ကိစ္စနဲ့ပတ် သက်လို့ကတော့ အားလုံး သိတဲ့အတိုင်းပဲ သံဃာတော်တွေ အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်။ သပိတ်စခန်းက ကိုယ်တော်တွေ မီးလောင် ဒဏ်ရာတွေ ရခဲ့ကြတယ်။ ကျမ ကိုယ်တိုင်လည်း သွားတွေ့ခဲ့ပါတယ်။ သံဃာ မဟုတ်တဲ့ လူတွေလည်း တွေ့ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရဲအရာရှိ တွေနဲ့ တွေ့ခဲ့ပါတယ်။ ဆွေးနွေးခဲ့တယ်။ ကျမတို့ နားလည် သလောက်တော့ သူတို့ကလဲ ဒီအတိုင်းပဲ ပြောပါတယ်။

သပိတ်စခန်းကို ပထမဦးဆုံး မီးသတ် ပိုက်နဲ့ ရေဖြန်း ပါတယ်တဲ့။ ရေဖြန်းပြီးတော့ သပိတ် စခန်းက ထွက်ခွာကြဖို့ ပြောခဲ့ပါတယ်တဲ့။ ဒီမှာ ထွက်ခွာမှု မရှိတဲ့ အတွက် မျက်ရည်ယို ဗုံးတွေ သုံးခဲ့ပါတယ်တဲ့။ မျက်ရည်ယို ဗုံးတွေ သုံးတဲ့အခါမှာ သပိတ်စခန်းက ကိုယ်တော် တွေနဲ့ လူတွေကတော့ မီးဗုံးနဲ့ ပေါက်တယ် ပြောကြပါတယ်။ ရဲတွေကို မေးတော့ ဒါတွေက မျက်ရည်ယိုဗုံး ပါပဲတဲ့။ ဒါကို အတတ်ပညာရှင် တွေနဲ့ အတည်ပြုတဲ့ အခါမှာ မျက်ရည်ယို ဗုံးနဲ့ ရေတွေ တွေ့တဲ့အခါ ဒါမျိုး ဖြစ်တတ်တယ် ဆိုတာ တွေ့ရပါတယ်။

ဒီကိစ္စကို စုံစမ်း စစ်ဆေးဆဲ မို့လို့ ကျွန်မတို့ အဖြေ မပေးသေးပါဘူး။ကျွန်မတို့ စုံစမ်း စစ်ဆေးရေး မှာ တရားဥပဒေ အတိုင်း လုပ်ပါမယ်။ ဥပဒေ စိုးမိုးရေးရဲ့ အခြေခံမူက ဘာလဲဆိုတော့ မျက်မြင် ထင်ရှားတဲ့ သက်သေ၊ ခိုင်လုံတဲ့ အထောက်အထား တွေ လိုပါတယ်။ ခိုင်ခိုင်မာမာ လုံလုံလောက်လောက် ထင်ရှားတဲ့ သက်သေရမှ ဘယ်သူမှာ အပြစ်ရှိတယ် ဆိုတာ အမြန်ဆုံး ထုတ်ပြန် သွားမှာပါ။

လူတိုင်းဟာ သံသယတွေကို ခံစားပိုင်ခွင့် ရှိရ မယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်သူမှာ အပြစ်ရှိတယ် လို့ မသတ်မှတ် သေးပါဘူး။စုံစမ်းစစ်ဆေးပြီး အဖြေပေါ်မှ ဘယ်သူမှာ ဘယ်လို အပြစ်ရှိတယ် ဆိုတာ ကျွန်မတို့ ကော်မရှင်က ထုတ်ပြန်မှာ ဖြစ်ပါတယ်။ဒီအတိုင်းပဲ ရွာသူရွာ သားတွေ တင်ပြတာနဲ့ ပတ်သက်လို့လဲ စုံစမ်းဦးမှာပါ။ ဒါ ကော်မရှင်ရဲ့ အလုပ်ပါ။ ပြဿနာတွေက ဘယ်လို ဖြစ်ခဲ့တာ လဲ ဆိုတာ သေသေချာချာ စစ်ဆေးသွားမှာပါ။ ဒီမှာ သာသနာရေး ဆိုင်ရာတွေ ပါလာတယ် ဆိုတာ အားလုံး သိပြီး ဖြစ်မှာပါ။လယ်တီ ဆရာတော် ဘုရားကြီးနဲ့ လက်ပန်တောင်းတောင်ရဲ့ ပတ်သက်မှုတွေ ကို လေ့လာ နေပါတယ်။ ကျွန်မတို့ ကတော့ လူရိုသေ ရှင်ရိုသေ သာသနာရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ တွေ့ရဦးမှာပါ။ ပညာရှင်ကြီး တွေရဲ့ အကူ အညီနဲ့ စုံစမ်း ဖေါ်ထုတ်သွားမှာ ဖြစ်ပါတယ်။

လက်ရှိ ခံစားနေတဲ့အချိန်မှာ ကျွန်မတို့ စုံစမ်းမှုတွေ တလွဲမဖြစ် အောင်လို့ ကျွန်မတို့ စုံစမ်းရေး ကော်မတီဝင်တွေက သတင်းထောက် တွေနဲ့ တွေဆုံဆွေးနွေးပြီး တွေ့ရှိချက်တွေ အပေါ်မှာ သတင်း ထုတ်ပြန်ခြင်း မလုပ်ရပါဘူး ဆိုတာ ကျွန်မတို့ ကော်မတီက ချမှတ်ထားပါတယ်။ အချိန်တိုင်း လိုအပ်သလို သတင်း ထုတ်ပြန်ချက်တွေ လုပ်ပါမယ်။ သတင်းစာ ရှင်းလင်းပွဲ တွေလုပ်ပါမယ်။ ကော်မရှင် အဖွဲ့ဝင်တွေ အနေနဲ့ တစ်ဦးချင်း သတင်းစာ ရှင်းပွဲတွေ မလုပ်ရပါဘူး။သတင်း ထုတ်ပြန်ချက် တွေက လိုအပ်သလို ထုတ်ပြန်သွားမှာပါ။ သတင်းစာ ရှင်းပွဲတွေလဲ လိုအပ်သလို လုပ်မှာပါ။

မနေ့က မန္တလေးကို ရောက်ခဲ့ပါတယ်၊ ရွာသူ ရွာသားတွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ဒီနေလည်း ကံကုန်းရွာကို ရောက်နေပါတယ်။ ပတ်ဝန်းကျင် အခြေအနေ တွေကို လေ့ လာနေပါတယ်။ဒီလို စုံစမ်းတဲ့အခါမှာ နိုင်ငံတော်က တာဝန်ရှိတယ် ဆိုတဲ့ အမြင်နဲ့ စုံစမ်းပါတယ်။ ပြည်သူလူထု ပါမှ ရမယ်ဆိုတာ ကျွန်မ လက်ခံပါတယ်။ ဒါ့ကြောင့် တတ်နိုင်သလောက် ပြည်သူလူထုနဲ့ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။

မနက်ဖြန်မှာ ကျမတို့ရဲ့ အတွင်းရေးမှုး ဦးကျော်တင်ဆွေ ကိုယ်တိုင် မန္တလေးကို သွားပါမယ်။ အဲဒီမှာ ဒဏ် ရာရတဲ့ သူတွေ ရောက်နေတာ ဆိုတော့ ဘယ်လို အခြေအနေ ရှိလဲ စုံစမ်းပါမယ်။ ဒီနေ့သတင်းစာ ရှင်းပွဲ ကတော့ မေး မြန်းချက်တွေ အပေါ်မှာ သိသင့် သလောက်ကို ကျွန်မ ပြောပါမယ်။ တချို့ကိစ္စတွေက စုံစမ်းဆဲဆိုတော့ မပြီးခင်မှာ ဖေါ်ထုတ်လို့ မရတာတွေ ရှိနေတဲ့ အတွက်ပါ။

Credit : The Voice Weekly

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်

လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်