
ကာယကံရှင်ဒေါ်အေးက အမှုရင်ဆိုင်မှု လုံးဝမပြုလိုက်ရဘဲ ဂရံတုနှင့် စတင်တိုက်ခိုက်တာကို ထုံးစံ အတိုင်း မြန်မာ့ရဲ၊ မြန်မာ့တရား သူကြီးနှင့် မြန်မာ့အာဏာပိုင်တို့က ကုလားနှင့်ပူးပေါင်းပြီး ဝိုင်းဝန်းအနိုင် ကျင့် လိုက်တာပါ။
ဖခင်ဖြစ်သူ ဦးဖိုးဆောင်သေတာက ၁၉၆၂-ခု၊ ဦးကိုလေးအိမ်ဆောက်တာက ၁၉၈၂-ခု၊ ဖခင်ဦးဖိုးဆောင် အမည်နှင့် ဂရံလုပ်တာက ၂၀၁၂-ခု၊ ဂရံအတုကိစ္စကို အာဏာပိုင်များက ဖုံးကွယ်ထားလောက်အောင် ညီဖြစ်သူဦးဖိုးစိန် (ကုလား မြေပေါ်မှာ ဗမာမထားနိုင်ဘူး ဟု ပြောဆိုသူ) ပေါက်ရောက်နေသည်မှာ ကိုယ်ပျောက်လက် အဖွဲ့တော့ ရှိနေမှာသေချာ ပါတယ်။ နေရာတကာမှာ စနစ်တကျနဲ့ ဗမာတွေကို အနိုင် ကျင့်နေတာတွေဟာ ကိုယ်ပျောက်လက် အဖွဲ့အစည်းကြီးရဲ့ ဗျူဟာမြောက် ဂျီဟဒ်အနုစားလေးလား………?
အတူနေမူဆလင်တွေကိုယ်တိုင်က ဒေါ်အေးမတရားခံရတာ ဦးဖေစိန်မတရားလုပ်တာ သက်သေပြကြပေမယ့်၊ ကိုယ်ပျောက်လက်ရဲ့ လက်ချက်နှင့် ဒေါ်လာမှိုင်းမိကုန်ကြတဲ့ တာဝန်ရှိတွေရဲ့ သစ္စာမဲ့မှုတွေပါ။
မြန်မာမြေပေါ်မှာ ကုလားတွေ လူဝါးဝလွန်းနေပြီနော်။ ကုလားယူတဲ့ အမျိုးသမီးတွေ သေတဲ့အထိ အခုလို ပညာ အပြ ခံရလိမ့်မယ်နော်…….။
ဦးပဉ္စင်း
ဝီရသူ (မစိုးရိမ်)
27.11.2012
သို့/
ဒေါ်အောင်ဆန်းစုကြည်
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ
နေပြည်တော်။
ရက်စွဲ-၂၀၁၂-ခုနှစ်၊ နိုဝင်ဘာ၂၆ ရက်
အကြောင်းအရာ။ ။ ကျွန်မပိုင်သောအိမ်ဝိုင်းအား တရားမ၀င်သော မူလအမှုတွဲပျောက် ဆုံးနေသော ဂရံဖြင့် အိမ်ဝိုင်းအတွင်းမှ နှင်ထုတ်နေသည်ကို အသနားခံတင်ပြ အကူအညီေ တာင်း ခံခြင်း။ အထက် ပါ အကြောင်း အရာပါ ကိစ္စနှင့်ပတ်သက်၍ ကျွန်မ ဒေါ်အေးအေးသည် သာစည်မြို့ အမှတ်(၄) မြို့မ ရပ်ကွက် တွင် ဦးအောင်ကျော်(ခ) ဦးကိုလေးနှင့် (၁၉၇၈)ခုနှစ်တွင် လက်ထပ်ခဲ့ပါသည်။ ထို့နောက် ဦးကိုလေးနှင့် အတူ ယခု လက်ရှိအိမ်ဝိုင်းအတွင်း နေထိုင်ခဲ့ပါသည်။ ဦးကိုလေးသည် ယခုလက်ရှိဂရံ အမှုတွဲ ပျောက် ဆုံးနေသည့် ဂရံကိုင်ဆောင်သူ ဦးဖေစိန်နှင့် ညီအစ်ကိုအရင်းဖြစ်ပြီး ဖခင်ဖြစ်သူ ဦးဘိုးဆောင် သေဆုံးသောအခါ ဂရံအမှတ်-၃၁၇/၂၀၀၀-မှာ ဦးကိုလေး နေထိုင်ပြီး ဂရံအမှတ် ၃၁၈/၂၀၀၀-မှာ ဦးဖေစိန် နေထိုင်ခဲ့ပါသည် မူလအမည်ပေါက် ဦးဘိုးဆောင် သေဆုံးသောအခါ ဦးကိုလေးမသိဘဲ ဦးဖေစိန် မှ နှစ်ဝိုင်းလုံးအား ဂရံအမည် ဖေါက်ခဲ့ပါသည်။
ကျွန်မခင်ပွန်း ဦးကိုလေးသည် ကျွန်မနှင့်လက်ထပ်ပြီး ဗုဒ္ဒဘာသာသို့ ကူးပြောင်းခဲ့ပါသည်။ ထိုနောက် ရပ်ကွက်ဘာသာရေး အဖွဲ့အစည်းများတွင် ဦးဆောင်ဦးရွက်ပြုခဲ့ပါသည်။ ထိုသို့ပြုလုပ်သည်ကို မကျေ မနပ်ဖြစ်ပြီး ၁၆-၆-၂၀၀၄-ခုနှစ်တွင် ဦးကိုလေး သေဆုံးသောအခါ ဦးဖေစိန်မှ ကျွန်မအား ကုလား ပိုင်သောမြေပေါ်တွင် ဗမာ မထားနိုင်ပါ-ဟု ပြောသောအခါ ကျွန်မကတရားဥပဒေနှင့် အညီဖြေရှင်း မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။ ထိုသို့ ပြောဆိုခဲ့ခြင်းကြောင့် ကျွန်မအား ဒေသဆိုင်ရာအာဏာပိုင်များ၊ တရားရုံးများနှင့် ပူးပေါင်းပြီး အိမ်ဝိုင်းအတွင်းမှ နှင်ထုတ်ခဲ့ပါသည်။ ထိုသို့ နှင်ထုတ်ရာတွင် တရားရုံးမှ ဂရံကို ပြန်လည်စီစစ်ပေးရန် တင်ပြသော်လည်း အာဏာပိုင်နှင့်သာ သက်ဆိုင်သည်ဟု ငြင်းဆိုခဲ့ပါသည်။
သက်ဆိုင်ရာဒေသအာဏာပိုင်များသို့ တရားဝင် အထောက်အထားများ တောင်းဆိုခဲ့ခြင်းမပြုပါ၊ ကျွန်မ သက်သေတင်သည့် ရပ်ကွက်အာဏာပိုင်များ၊ ကျွန်မအိမ်ဝိုင်း၏ ပတ်ဝန်းကျင်အိမ်များမှ ပုဂ္ဂိုလ်များ၏ သက်သေထွက်ချက်များအား မျက်ကွက်ပြုပြီး ဦးဖေစိန်အား အနိုင်ဒီဂရီ ပေးခဲ့ပါသည်။ ဂရံကိုပြန်လည် စီစစ်ပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အုပ်ချုပ် ရေးမှူးတို့အား ကျွန်မတင်ပြခဲ့သော်လည်း ဦးဖေစိန် အား ဂရံထုတ်ပေးသည့် အမှုတွဲပျောက်ဆုံးနေသည့် အတွက် အကြောင်းပြကာ ယနေ့အ ထိ ဖြေ ရှင်းပေးခြင်းမရှိပါ။
၆-၇-၂၀၁၂-(သောကြာနေ့)က တရားရုံးမှ ဒေါ်မာမာအေး ဦးဆောင်သော ၀န်ထမ်းများနှင့် ရဲမေများ၊ ရဲများနှင့်ဝိုင်း၍ ကျွန်မအား အိမ်ဝိုင်းအတွင်းမှ ဆွဲထုတ်ရန် ပြုလုပ်ခဲ့ပါသည်။ အိမ်နှင့်အိမ်ရှိပစ္စည်များအား ဘီလစ်စာရေးနှင့် ရဲများဆွဲထုတ်ရန် ပြောဆိုခဲ့ပါသည်။ ကျွန်မ၏အိမ်သည် ဗလီနှင့် ကပ်လျှက်ရှိပြီး ဗလီလာသော အစ္စလာမ်များနှင့် ဗုဒ္ဒဘာသာဝင်ရပ်ကွက်နေ ပြည်သူများ၊ ရဟန်းသံဃာများ အဓိကရုဏ်း ဖြစ်လျှင် ပို၍ရှုပ်ထွေး လာနိုင်ပါသဖြင့် ကျွန်မအား အချိန်ပေးရန်နှင့် ၎င်းအမှုတွဲ သာစည်တရားရုံး တွင်ရှိပါ သည်-ဟု ပြောဆိုခဲ့ပါသည်။ အိမ်အဖျက်မခံချင်လျှင် လူနှင့်ပစ္စည်း အပြင်မရောက်ချင်ရင် လက်မှတ်ထိုးပေး ရန် ဘီလစ်စာရေးမှ ပြောဆိုသည့်အ တွက် နေစရာမရှိ၍ ကြောက် ရွံ့ပြီး လက်မှတ်ကို ရေးထိုးပေးခဲ့ ပါသည်။
ကျွန်မအား လျှောက်လွှဲချက်တင်ရန် ရုံးချိန်းပေးခဲ့ပါသည် ဇာရီမြေအပ်ဝရမ်ကို ဆက်လက်ဆောင်ရွက်မည် မဆောင်ရွက်မည်ကိုတော့ မသိရသေးပါ။ ဂရံမှ မူလလျှောက်ထားစဉ် မြေစရင်း ပုံစံ(၁၀၅)တွင် “ရေးကူး သည့် အကြောင်းအရာ "ခေါင်းစဉ်တွင်'' ဂရံ သက်တမ်းတိုးလျှောက်ထား” ဟုဖော်ပြထားသော် လည်း သက်တမ်းတိုးခြင်း မဟုတ်ဘဲ အမည်ပြောင်းထားပါ သည်။ ခေါင်းစဉ်အောက် တွင် (ဖော်ပြပါ အကြောင်း အရာအတွက်သာ အသုံးပြုခွင့်ရှိသည်)ဟု ရေးသားထားပါသည်။ ဂရံပေါ်တွင်လည်း မူလပိုင်ရှင်အ မည် သည် “ဦးဖိုးဆောင်”ဟု ဖော်ပြထားသော်လည်း ဂရံတွင် ဦးဖေစိန်-ဟု အမည်ပြောင်းထားပါသည်။ ဦးဖိုးဆောင်သည် ၁၉၆၂-ခုနှစ်ခန့်က ကွယ်လွန်ခဲ့ပါသည်။
ကျွန်မနှင့် ကျွန်မခင်ပွန်းဦးကိုလေးတို့ ၁၉၈၂-ခုနှစ် အိမ်ဆောက်စဉ်ကလည်း စည်ပင်သာယာ အမိန့်ဖြင့် ဆောက်လုပ်ခဲ့ပါသည်။ ထိုအချိန်က သူတို့ပိုင်ဆိုင်ကြောင်း ကန့်ကွက်ခဲ့ခြင်းမရှိပါ။ ဂရံအ မည်ပြောင်း ရာတွင်လည်း ကျွန်မတို့နှစ်ဦး မသိအောင်ဆောင်ရွက်ခဲ့ပြီး ကျွန်မတို့၏ အိမ်သို့လည်းကောင်း အိမ်ပတ်ဝန်းကျင်မှ ပုဂ္ဂိုလ်များအား မေးမြန်းခြင်း စစ်ဆေးခြင်းမရှိခဲ့ပါ။ ယခုမှ ဦးဖေစိန်သည် မူလအမှု တွဲပျောက်ဆုံးနေသော ဂရံကိုင်ဆောင်ပြီး သက်ဆိုင်ရာအာဏာပိုင်များ၊ တရားရုံးများနှင့် ပူးပေါင်းပြီး ကျွန်မအား အိမ်ဝိုင်းအတွင်းမှ အတင်းနှင်ထုတ် နေခြင်းအား ကူညီဆောင်ရွက်ပေးပါရန် အသနားခံ တင်ပြအပ်ပါသည်။
ကျွန်မ ဒေါ်အေးအေးအား သက်ဆိုင်ရာ တရာရုံးအဆင့်ဆင့်မှ စစ်ဆေးခြင်း၊ မေးမြန်းခြင်းများ တစ်စုံတစ်ရာ မရှိခဲ့ပါ။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပေါက်ကျော်မှ နှစ်ဦးနှစ်ဖက်အား အမွေကြောင်းနှင့် ပတ်သက်၍ စစ်ဆေးခဲ့သည်များကိုလည်း မေးမြန်းတောင်းခံခြင်းမပြုခဲ့ပါ။ ကျွန်မလည်း သက်သေထွက် ဆိုချက်များ ကိုလည်း ဂရုမပြုခဲ့ပါ။ တရားလိုနှင့် တရားလိုသက်သေ ဒေါ်နွဲ့နွဲ့ဝင်း(တရားလိုဇနီး)တို့၏ ထွက်ဆိုချက်ဖြင့် အမိန့်ချခဲ့သော တရားသူကြီး ဒေါ်ဖြူပြာအေး(တ/၂၁၃၂)အား အရေးယူဆောင် ရွက်ပေးပါရန် တင်ပြအပ် ပါသည်။
၎-၁၂-၂၀၁၂-နေ့တွင် မြေအပ်ဝရမ်း အမိန့်ကို ရဲနှင့်ဆွဲထုတ်ရန် ချိန်းဆိုခဲ့ပါသည်။ (၁၂/၂၀၀၈)အမှုတွဲနှင့် ဆက်စပ်လျက်ရှိသော တိုင်းဒေသကြီးတရားလွှတော်၊ မန္တလေးမြို့တွင် တရားမကြီး(၂၄/၂၀၁၂)အမှုတွဲ ရှိပါလျက်နှင့် ဇာရီမြေအပ်ဝရမ်း အမိန့်ုကို သာစည်မြို့နယ်တရားသူကြီးမှ (၂၀-၁၁-၂၀၁၂)နေ့ ချမှတ် ခဲ့ခြင်းအပေါ် ကျေနပ်မှုမရှိပါ၍ များစွာနစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေပါသဖြင့် အသနားခံတင်ပြ အပ်ပါသည်။
ဒေါ်အေးအေး ၉/သစန (နိုင် ) ၀၀၄၀၉၆ အမှတ်(၄)မြို့မ ရပ်ကွက်၊
သာစည်မြို။ ဖုန်း- ၀၆၄-၆၉၁၁၉
ဆရာတော်ဦးဝီရသူ(မစိုးရိမ်)
http://www.virathu.com/ ဆိုဒ်မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူအား လိုက်လှဲစွာ ကြိုဆိုပါသည်